Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ငလျင်ဘေးသင့် ပြည်သူများအတွက် ဖြန့်ဝေပေးထားသော ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ၏ အဟာရဖြည့် ဘီစကစ်များကို ရောင်းချနေသည်ကို တွေ့ရှိခဲ့ပါက အရေးယူဆောင်ရွက်သွားမည် ဟု ကုလသမဂ္ဂက ကြေညာသည်။

မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံမှာ အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်မှုအပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ရာမှာ WFP၏ အဟာရဖြည့် ဘီစကစ်များလည်း ပါဝင်သည်။

နေပြည်တော်မှာ WFP အာဟာရဖြည့်ဘီစကစ်များ ရောင်းချနေသည်ဟု ဆိုရှယ်မီဒီယာမှာ ရေးနေကြသည်ကို WFP က သိရှိထားပြီး ထိုရေးသားချက်မှာ သက်သေတစ်စုံတရာ မတွေ့ရဟု ကုလ က ဆိုသည်။

နေပြည်တော်မှာ အာဟာရဖြည့်ဘီစကစ်များ ကို ဧပြီလ ၁ ရက်နေ့က နောက်ဆုံးဖြန့် ဝေခဲ့ခြင်း ဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီများသည် ရောင်းရန်မဟုတ်သည့် အတွက် ရောင်းချဖို့ မသင့်ကြောင်း ကုလသမဂ္ဂက ဆိုသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်- WFP က ငလျင်လှုပ်ခတ်ပြီး ၄၈ နာရီအတွင်းမှာ ငလျင်ဘေးသင့် ပြည်သူများအတွက် အာဟာရဖြည့်ဘီစကစ်များ စတင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

WFP ကဖြန့်ဝေပေးသည့် ဘီစကစ်များသည် သာမာန် ဘီစကွတ်များမဟုတ်ဘဲ စွမ်းအင်မြင့် အဟာရဖြည့် ဘီစကစ်များဖြစ်ပြီး စွမ်းအင်၊ ပရိုတင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သည်။

ပါဝင်ပစ္စည်းများမှာ ဂျုံမှုန့်၊ ပဲပိစပ်မှုန့်၊ သကြား၊ အဆီထုတ်ထားသော နို့မှုန့်၊ ဗီတာမင်နှင့် သတ္တုဓာတ်များဖြစ်သော ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အိုင်အိုဒင်း၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် B1၊ B2၊ B6၊ B12 နဲ့ တခြားဓာတ်များ များစွာ ပါဝင်ကြောင်း ကုလသမဂ္ဂက ဆိုသည်။

အဆိုပါ ဘီစကစ်များ ကို ငလျင်ကဲ့သို့ အရေးပေါ် အခြေအနေမျိုးများမှာ ချက်ချင်း စားသုံးနိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်ပြီး အရေးကြီးသည့် လူသားချင်းစာနာမှုအကူအညီ တစ်မျိုးဖြစ်ကြောင်း ဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ