မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ တွေ့ဆုံ
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ရွှေ့ပြောင်းအလုပ်သမားအရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ရွေးကောက်ပွဲအား ထောက်ခံပေးခြင်းနှင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှု၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများအား တိုက်ဖျက်ရေးတို့ကို မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့သည်။ ယင်းအပြင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တည်နေရာ အတိအကျ၊ အသေးစိတ်အချက်အလက်များနှင့် အရေအတွက်များကို ရယူလိုကြောင်း မင်းအောင်လှိုင်က ဆက်လက် တောင်းဆိုခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့မှာ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပနေသည့် မဲခေါင်ထိပ်သီးအစည်းအဝေးသို့ ရောက်ရှိနေကြပြီး သီးခြားတွေ့ဆုံခဲ့ကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်တွင် လူဦးရေ ၂သန်းကျော် အငတ်ဘေး ကြုံရနိုင်
လာမည့် ၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်အတွင်း လူဦးရေ ၂သန်းကျော်လောက်မှာ အငတ်ဘေးနှင့် ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က နိုဝင်ဘာလ ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်အတွင်း တိုက်ပွဲများပြင်းထန်နေခြင်းနှင့်အတူ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုအပါအဝင် ပြည်အတွင်း နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်ခြင်း၊ ဝင်ငွေမရှိခြင်း ငွေကြေးဖောင်းပွခြင်းတို့ကြောင့် လာမည်နှစ်အတွင်း ဆိုးဆိုးရွားရွားကြုံရနိုင်ကြောင်း ဆိုသည်။ ထို့အပြင် ရခိုင် ပြည်တွင်းထုတ်ကုန် သိသိသာသာကျဆင်းမှု အပါအဝင် ဝန်ဆောင်မှုများ၊ လူမှုဖူလုံရေးကွန်ရက်များ မရှိသောကြောင့် ပိုပြီးအကျိုးဆက်များ ခံစားရနိုင်ကြောင်း UNDP ၏ အစီရင်ခံစာက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့
စစ်ကောင်စီ ဗုံးကြောင့် တောင်ကုတ်တွင် အရပ်သား ၁ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာ ပြင်းထန်
စစ်ကောင်စီ လေကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ တောင်ကုတ်မြို့ခံ သက်ကြီးပိုင် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၁ဦး လက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်တွင် တောင်ကုတ်မြို့ နတ်မော်ကျေးရွာကြားနှင့် ကိုင်းရှည်ကျေးရွာဖက်များကို စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ဗုံးကြဲမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ တောင်ကုတ်ဒေသခံအမျိုးသားတစ်ဦးက “တစ်ယောက်က ဗုံးစထိမှန်ပြီးတော့ ဆေးရုံမှာ လက်ကို ဖြတ်လိုက်ရပါတယ်။ တစ်ယောက်တော့ သေဆုံးပါတယ်။ ဗုံးနဲ့ ပစ်တယ်။ ဗုံးကြဲတဲ့အသံကြောင့် အိမ်ပေါ်မှာ ထိုင်နေတာကနေ အိမ်အောက်ပြေးဆင်းတာပါ။ အဲ့ဒီမှာ လှေကားမှပြုတ်ကျသွားတာပါ။ အဲ့ဒီနေရာမှာပဲ တစ်ခါတည်း သေဆုံးပါတယ် “ဟုပြောသည်။
အမေရိကန်သမ္မတသစ်ကို မြန်မာသမ္မတက ဂုဏ်ပြု
(ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရ မြန်မာ့အရေး လျစ်လျူရှုမည်ကို စိုးရိမ်) နောက်ထပ်တစ်ကြိမ် ရွေးကောက်ခံရသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားသည်။ သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ယခု ၂၀၂၄ ခုနှစ်တွင် အမေရိကန်သမ္မတအဖြစ် ထပ်မံရွေးကောက်ခံရပြီး အမေရိကန်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့် ရရှိသွားသည်။ NUG ယာယီသမ္မတက ရွေးကောက်ပွဲအနိုင်ရ ထရမ့်ကို ဂုဏ်ပြုရင်း အမေရိကန်နှင့် ခိုင်မာသော ဆက်ဆံရေး ဆက်လက်ထူထောင်ရန် မျှော်လင့်ကြောင်း ပြောသည်။ “အမေရိကန်သမ္မတအဖြစ် ပြန်လည် ရွေးကောက် အနိုင်ရရှိမှု အပေါ်ဂုဏ်ယူကြောင်း၊ သမ္မတ ဒေါ်နယ်ထရမ့်၏ ခေါင်းဆောင်မှုအောက်တွင် အရေးကြီးပြီး ခိုင်မာသော ဆက်ဆံရေး ဆက်လက် ထူထောင်သွားရန် မျှော်လင့်ကြောင်း”
အမ်းနှင့်ဂွမြို့နယ်က စစ်ကောင်စီတပ်စခန်း ၄ ခုကို AA ထပ်မံသိမ်းပိုက်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည် အမ်းမြို့က တပ်ရင်းနှစ်ခုနှင့် ဂွမြို့နယ်က တပ်စခန်းနှစ်ခုကို အာရက္ခတပ်တော် AA က နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းသိသူများက ပြောသည်။ ဂွမြို့နယ်က တိုင်ကျိုးတပ်စခန်းနှင့် ယင်းရွာအနီးရှိ ပုဂံတောင်တပ်စခန်းကို နိုဝင်ဘာလ ၅ ရက်နေ့တွင် စတင်တိုက်ခိုက်ပြီး နိုဝင်ဘာ ၆ ရက် နေ့လယ်ပိုင်းတွင် AA က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ “တိုင်ကျိုးနဲ့ ပုဂံတောင်ကို သိမ်းလိုက်ပါပြီ။ မကြာခင် ကမ်းသာယာကို သိမ်းပြီးတော့ ဂွမြို့ထဲ ရောက်လာနိုင်ပါတယ်။ AA ရဲ့ ထိုးစစ်က ဂွမြို့နဲ့ အလွန်နီးကပ်လာပါပြီ။ ဂွဒေသမှာ စစ်ကောင်စီ ကင်းစင်တော့မှာပါ” ဟု ပြောသည်။
ရခိုင်တွင် မိုင်းအန္တရာယ်ကြောင့် တောတောင်အမှီပြု အသက်မွေးသူများ အကျပ်အတည်းကြုံ
နှစ်ဖက်တိုက်ပွဲများဖြစ်ပွားမှုရှိနေသည့် ရခိုင်တွင် မိုင်းအန္တရာယ်ကြောင့် တောတောင်ကို အမှီပြု၍ အသက်မွေးဝမ်းကျောင်းပြုနေရသူများမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။ ထင်းခွေ၊ ဟင်းရှာ၊ သစ်ခုတ်၊ ဝါးခုတ်၊ တောင်ယာလုပ်ငန်းနှင့် အခြား တောတောင်အမှီပြုအလုပ်များဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသူများမှာ မိုင်းအန္တရာယ်ကြောင့် အလုပ်အကိုင်များကို ထိခိုက်မှုများရှိလာသည်ဟု တောတောင်အမှီပြု လုပ်ကိုင်စားသောက်နေသူများက ပြောဆိုကြသည်။ တောင်ယာလုပ်ငန်းဖြင့် စားဝတ်နေရေးဖြေရှင်းနေသူ မြောက်ဦးမြို့နယ် နဒင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက “တိုက်ပွဲဖြစ်ပြီးတော့ မိုင်းကြောင့် သွားလို့မရတဲ့ နေရာတွေ ပိုများသွားတယ်။ ရွာအနီးနားက တောင်တွေကိုတောင် သွားလို့မရတော့ဘူး။ တိုက်ပွဲက အဲ့နေရာတွေမှာဖြစ်ခဲ့တာလေ။ အခုအဝေးကြီးကို သွားရတယ်။ ပင်ပန်းတယ်။ ရှာရဖွယ်ရတာလည်း မလွယ်ဘူး။ မသွားရတဲ့ နေရာတွေများတော့ အရင်လို များများစားစားမရှာနိုင်တော့ဘူး။ စားဝတ်နေရေးက အရင်ကထက် ပိုကျပ်တည်းတာပေါ့”
အမည်ပျက်စာရင်းရှိသူများကို ပြည်ပထွက်ခွင့် စစ်ကောင်စီတင်းကျပ်
အမည်ပျက်စာရင်းရှိသူ Black List များကို ပြည်ပထွက်ခွင့်မပေးဘဲ တင်းတင်းကျပ်ကျပ် စိစစ်တားဆီးရန် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက လေဆိပ်တာဝန်ရှိသူများကို ညွှန်ကြားနေသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်က ရန်ကုန်လေဆိပ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများနှင့် အခြားသော လေဆိပ်တာဝန်ရှိသူများကို နိုဝင်ဘာ ၄ ရက်က ညွှန်ကြားခဲ့သည်။ အမည်ပျက်စာရင်း သွင်းထားသူများကို ပြည်ပထွက်ခွာခွင့်မပေးခြင်းမှာ ယခင်ကတည်းကဖြစ်ပြီး Black List (အမည်ပျက်စာရင်း) သွင်းထားသူများကို ပြည်ပထွက်ခွာခွင့် မပြုစေရေး စနစ်တကျ စိစစ်တားဆီးရေးနှင့် Black List (အမည်ပျက်စာရင်း) မပါသူများကို မှားယွင်းတားဆီးမှုမရှိရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စာရွက်စာတမ်း ပြည့်စုံသော်လည်း ပြည်ပထွက်ခွာခွင့်
တောင်ကုတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက် ကိုယ်စီဖြင့် ထွက်ပြေး၊ ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်နေ
တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး လက်နက်ကိုယ်စီဖြင့် ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့က ညက ထွက်ပြေး သွားကြောင်း ဒေသခံစစ်ရေး သတင်းရင်းမြစ်များက ပြောသည်။ တောင်ကုတ်မြို့အဝင် အထွက်တစ်ခု ဖြစ်သော ကိုင်းရှည် စစ်ကောင်စီစစ်ဆေးရေးဂိတ် တံတားတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သား ၃ဦးသည် လက်နက်ကိုယ်စီဖြင့် ထွက်ပြေးသွား ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံစစ်ရေး သတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။ “မနေ့က သုံးယောက် ထွက်ပြေးလာကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ။ လက်နက်ကိုယ်စီနဲ့ ထွက်ပြေးလာကြတာပါ။ သူတို့ ကိုင်းရှည်တံတားနား ကင်းမှာ လုံခြုံရေး ယူနေတာပါ။ စစ်သားတွေပါ။ ထွက်ပြေးချင်နေတာ ကြာပြီလို့
အမ်း-ပဒါန်းလမ်းက စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်
(စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး ဒဏ်ရာရရှိသူများကို ဆိုင်ကယ်နှင့်ကယ်ထုတ်) ရခိုင်ပြည်နှင့် မကွေးတိုင်းဆက်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းတွင် လုံခြုံရေးယူထားသော စစ်ကောင်စီ၏ ကင်းစခန်းနှစ်ခုကို တော်လှန်ရေး ၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဂုတ်ကြီးရွာထိပ် ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် ၁၁ ရှိ စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို နိုဝင်ဘာ ၅ ရက်တွင် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF) နှင့် မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ နံနက် ၁၁ နာရီကျော်မှာ စတင်တိုက်ခိုက်ပြီး မိနစ် ၃၀ ကြာတိုက်ခိုက်ပြီးနောက် စစ်ကောင်စီဖက်က စစ်ကူများဖြင့် နှစ်ဖက်ညှပ်ပစ်ခတ်ခြင်း၊ နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်းက ဟောင်ဝစ်ဇာများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် တော်လှန်ရေးတပ် ၃ ဖွဲ့မှာ တပ်ပြန်ဆုတ်ခဲ့ရကြောင်း
ညီနောင်သုံးဖော် ငြိမ်းချမ်းရေးဖောက်ဖျက်ကြောင်း မင်းအောင်လှိုင်က တရုတ်ကိုတိုင်ကြား
တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ရှမ်းပြည် မြောက်ပိုင်းဒေသက ငြိမ်းချမ်းရေးသဘောတူညီချက်များကို ညီနောင်သုံးဖော် MNDAA, TNLA, AA တို့က ဦးစွာဖောက်ဖျက်ကြောင်း မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်ကို တိုင်ကြားသည်။ ညီနောင်သုံးဖော်မှာ ၂၀၂၂ ဧပြီလက ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး တပ်စခန်းများနှင့် ချင်းရွှေဟော်မြို့ကို ၂၀၂၃ အောက်တိုဘာ ၂၇ ရက်တွင် အင်အားအလုံးအရင်းဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း နိုဝင်ဘာ ၆ ရက်တွင် မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ် Mr. Li Qiang ကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့သော်လည်း ညီနောင်သုံးဖော်မှာ သဘောတူညီချက်ကိုချိုးဖောက်ပြီး မြို့ရွာများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့သည်ဟု မင်းအောင်လှိုင်က ဆိုသည်။ ညီနောင်သုံးဖော် MNDAA, TNLA,