အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ရွှေ့ပြောင်းအလုပ်သမားအရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ရွေးကောက်ပွဲအား ထောက်ခံပေးခြင်းနှင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှု၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများအား တိုက်ဖျက်ရေးတို့ကို မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့သည်။ ယင်းအပြင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တည်နေရာ အတိအကျ၊ အသေးစိတ်အချက်အလက်များနှင့် အရေအတွက်များကို ရယူလိုကြောင်း မင်းအောင်လှိုင်က ဆက်လက် တောင်းဆိုခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့မှာ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပနေသည့် မဲခေါင်ထိပ်သီးအစည်းအဝေးသို့ ရောက်ရှိနေကြပြီး သီးခြားတွေ့ဆုံခဲ့ကြကြောင်း သိရသည်။ မင်းအောင်လှိုင်က မြန်မာနိုင်ငံသားများ၏ အချက်အလက်အသေးစိတ်များအား ရရှိရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးများနှင့် […]
လာမည့် ၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်အတွင်း လူဦးရေ ၂သန်းကျော်လောက်မှာ အငတ်ဘေးနှင့် ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က နိုဝင်ဘာလ ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်အတွင်း တိုက်ပွဲများပြင်းထန်နေခြင်းနှင့်အတူ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုအပါအဝင် ပြည်အတွင်း နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်ခြင်း၊ ဝင်ငွေမရှိခြင်း ငွေကြေးဖောင်းပွခြင်းတို့ကြောင့် လာမည်နှစ်အတွင်း ဆိုးဆိုးရွားရွားကြုံရနိုင်ကြောင်း ဆိုသည်။ ထို့အပြင် ရခိုင် ပြည်တွင်းထုတ်ကုန် သိသိသာသာကျဆင်းမှု အပါအဝင် ဝန်ဆောင်မှုများ၊ လူမှုဖူလုံရေးကွန်ရက်များ မရှိသောကြောင့် ပိုပြီးအကျိုးဆက်များ ခံစားရနိုင်ကြောင်း UNDP ၏ အစီရင်ခံစာက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ တစ်ကျော့ပြန် စတင်ဖြစ်ပွားခဲ့သည့် အာရက္ခတပ်တော် AAနှင့် စစ်ကောင်စီတပ်တို့သည့် […]
စစ်ကောင်စီ လေကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ တောင်ကုတ်မြို့ခံ သက်ကြီးပိုင် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၁ဦး လက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်တွင် တောင်ကုတ်မြို့ နတ်မော်ကျေးရွာကြားနှင့် ကိုင်းရှည်ကျေးရွာဖက်များကို စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ဗုံးကြဲမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ တောင်ကုတ်ဒေသခံအမျိုးသားတစ်ဦးက “တစ်ယောက်က ဗုံးစထိမှန်ပြီးတော့ ဆေးရုံမှာ လက်ကို ဖြတ်လိုက်ရပါတယ်။ တစ်ယောက်တော့ သေဆုံးပါတယ်။ ဗုံးနဲ့ ပစ်တယ်။ ဗုံးကြဲတဲ့အသံကြောင့် အိမ်ပေါ်မှာ ထိုင်နေတာကနေ အိမ်အောက်ပြေးဆင်းတာပါ။ အဲ့ဒီမှာ လှေကားမှပြုတ်ကျသွားတာပါ။ အဲ့ဒီနေရာမှာပဲ တစ်ခါတည်း သေဆုံးပါတယ် “ဟုပြောသည်။ အဆိုပါဗုံးသည် နတ်မော်ကျေးရွာအနားစပ်တွင် ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး ယင်းပေါက်ကွဲမှုကြောင့် ဦးမောင်သန့်စိန်၊ […]
PHOTO NEWS
ကမ္ဘာ့သမိုင်းတစ်လျှောက် အဖိနှိပ်ခံလူတန်းစားများမှာ ၎င်းတို့၏အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် တော်လှန်ရေး တစ်ရပ်ကိုအမြဲဆင်နွှဲကြရလေ့ရှိတတ်သည်။ မျက်မှောက်ခေတ်တွင်လည်း ထိုကဲ့သို့ပုံစံတူ တော်လှန်ရေးများ ဆက်လက်ပေါ်ပေါက်လျှက်ရှိနေကြဆဲပင်။ ရခိုင်ပြည်၌ လက်ရှိကြုံနေရသည့် တိုက်ပွဲများမှာလည်း အဖိနှိပ်ခံရမှုများမှ ပေါ်ပေါက်လာခဲ့သည့်
(သံတွဲလေဆိပ်နဲ့ ခမရ ၅၆၆ တပ်ရင်းကို AA က သိမ်းပိုက်လိုက်တာ တကယ်ဟုတ်သလား) ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ခိုက်မှု
It seems we can't find what you're looking for.
No spam, notifications only about new products, updates