Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ တွေ့ဆုံ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ရွှေ့ပြောင်းအလုပ်သမားအရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ရွေးကောက်ပွဲအား ထောက်ခံပေးခြင်းနှင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှု၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများအား တိုက်ဖျက်ရေးတို့ကို မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့သည်။ ယင်းအပြင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တည်နေရာ အတိအကျ၊ အသေးစိတ်အချက်အလက်များနှင့် အရေအတွက်များကို ရယူလိုကြောင်း မင်းအောင်လှိုင်က ဆက်လက် တောင်းဆိုခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်တို့မှာ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပနေသည့် မဲခေါင်ထိပ်သီးအစည်းအဝေးသို့ ရောက်ရှိနေကြပြီး သီးခြားတွေ့ဆုံခဲ့ကြကြောင်း သိရသည်။ မင်းအောင်လှိုင်က မြန်မာနိုင်ငံသားများ၏ အချက်အလက်အသေးစိတ်များအား ရရှိရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးများနှင့် […]

နိုဝင်ဘာ ၈ - ၂၀၂၄

၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်တွင် လူဦးရေ ၂သန်းကျော် အငတ်ဘေး ကြုံရနိုင်

လာမည့် ၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်အတွင်း လူဦးရေ ၂သန်းကျော်လောက်မှာ အငတ်ဘေးနှင့် ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က နိုဝင်ဘာလ ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်အတွင်း တိုက်ပွဲများပြင်းထန်နေခြင်းနှင့်အတူ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုအပါအဝင် ပြည်အတွင်း နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်ခြင်း၊ ဝင်ငွေမရှိခြင်း ငွေကြေးဖောင်းပွခြင်းတို့ကြောင့် လာမည်နှစ်အတွင်း ဆိုးဆိုးရွားရွားကြုံရနိုင်ကြောင်း ဆိုသည်။ ထို့အပြင် ရခိုင် ပြည်တွင်းထုတ်ကုန် သိသိသာသာကျဆင်းမှု အပါအဝင် ဝန်ဆောင်မှုများ၊ လူမှုဖူလုံရေးကွန်ရက်များ မရှိသောကြောင့် ပိုပြီးအကျိုးဆက်များ ခံစားရနိုင်ကြောင်း UNDP ၏ အစီရင်ခံစာက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ တစ်ကျော့ပြန် စတင်ဖြစ်ပွားခဲ့သည့် အာရက္ခတပ်တော် AAနှင့် စစ်ကောင်စီတပ်တို့သည့် […]

နိုဝင်ဘာ ၈ - ၂၀၂၄

စစ်ကောင်စီ ဗုံးကြောင့် တောင်ကုတ်တွင် အရပ်သား ၁ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာ ပြင်းထန်

စစ်ကောင်စီ လေကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ တောင်ကုတ်မြို့ခံ သက်ကြီးပိုင် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၁ဦး လက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်တွင် တောင်ကုတ်မြို့ နတ်မော်ကျေးရွာကြားနှင့် ကိုင်းရှည်ကျေးရွာဖက်များကို စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ဗုံးကြဲမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ တောင်ကုတ်ဒေသခံအမျိုးသားတစ်ဦးက “တစ်ယောက်က ဗုံးစထိမှန်ပြီးတော့ ဆေးရုံမှာ လက်ကို ဖြတ်လိုက်ရပါတယ်။ တစ်ယောက်တော့ သေဆုံးပါတယ်။ ဗုံးနဲ့ ပစ်တယ်။ ဗုံးကြဲတဲ့အသံကြောင့် အိမ်ပေါ်မှာ ထိုင်နေတာကနေ အိမ်အောက်ပြေးဆင်းတာပါ။ အဲ့ဒီမှာ လှေကားမှပြုတ်ကျသွားတာပါ။ အဲ့ဒီနေရာမှာပဲ တစ်ခါတည်း သေဆုံးပါတယ် “ဟုပြောသည်။ အဆိုပါဗုံးသည် နတ်မော်ကျေးရွာအနားစပ်တွင် ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး ယင်းပေါက်ကွဲမှုကြောင့် ဦးမောင်သန့်စိန်၊ […]

နိုဝင်ဘာ ၇ - ၂၀၂၄
တောင်ကုတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက် ကိုယ်စီဖြင့် ထွက်ပြေး၊ ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်နေ
တောင်ကုတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက် ကိုယ်စီဖြင့် ထွက်ပြေး၊ ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်နေ
တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး လက်နက်ကိုယ်စီဖြင့် ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့က ညက ထွက်ပြေး သွားကြောင်း ဒေသခံစစ်ရေး သတင်းရင်းမြစ်များက ပြောသည်။ တောင်ကုတ်မြို့အဝင် အထွက်တစ်ခု ဖြစ်သော ကိုင်းရှည် စစ်ကောင်စီစစ်ဆေးရေးဂိတ် တံတားတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သား ၃ဦးသည် လက်နက်ကိုယ်စီဖြင့် ထွက်ပြေးသွား ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံစစ်ရေး သတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။ “မနေ့က သုံးယောက် ထွက်ပြေးလာကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ။...
Read More
အမ်း-ပဒါန်းလမ်းက စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်
အမ်း-ပဒါန်းလမ်းက စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်
(စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး ဒဏ်ရာရရှိသူများကို ဆိုင်ကယ်နှင့်ကယ်ထုတ်) ရခိုင်ပြည်နှင့် မကွေးတိုင်းဆက်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းတွင် လုံခြုံရေးယူထားသော စစ်ကောင်စီ၏ ကင်းစခန်းနှစ်ခုကို တော်လှန်ရေး ၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဂုတ်ကြီးရွာထိပ် ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် ၁၁ ရှိ စစ်ကောင်စီ ကင်းစခန်းနှစ်ခုကို နိုဝင်ဘာ ၅ ရက်တွင် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF) နှင့် မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ နံနက်...
Read More
ညီနောင်သုံးဖော် ငြိမ်းချမ်းရေးဖောက်ဖျက်ကြောင်း မင်းအောင်လှိုင်က တရုတ်ကိုတိုင်ကြား
ညီနောင်သုံးဖော် ငြိမ်းချမ်းရေးဖောက်ဖျက်ကြောင်း မင်းအောင်လှိုင်က တရုတ်ကိုတိုင်ကြား
တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ရှမ်းပြည် မြောက်ပိုင်းဒေသက ငြိမ်းချမ်းရေးသဘောတူညီချက်များကို ညီနောင်သုံးဖော် MNDAA, TNLA, AA တို့က ဦးစွာဖောက်ဖျက်ကြောင်း မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်ကို တိုင်ကြားသည်။ ညီနောင်သုံးဖော်မှာ ၂၀၂၂ ဧပြီလက ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး တပ်စခန်းများနှင့် ချင်းရွှေဟော်မြို့ကို ၂၀၂၃ အောက်တိုဘာ ၂၇ ရက်တွင် အင်အားအလုံးအရင်းဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း နိုဝင်ဘာ ၆ ရက်တွင် မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ် Mr. Li Qiang ကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။ တရုတ်အစိုးရ၏...
Read More
တောင်ကုတ်တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက ဗုံးအလုံးရာနှင့်ချီ အသုံးပြုတိုက်ခိုက်
တောင်ကုတ်တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက ဗုံးအလုံးရာနှင့်ချီ အသုံးပြုတိုက်ခိုက်
ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်အနီး၊ ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က ဗုံးအလုံးရာနှင့်ချီ ကြဲချတိုက်ခိုက်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့က ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက စကခ ၅ တပ်မကို လေကြောင်းပစ်ကူပေး တိုက်ခိုက်နေသည်။ ” တိုက်ပွဲအပြင်းထန်ဆုံးကတော့ အခု ပန်းမြောက်တောင်ပါ။ ပန်းမြောက်တောင်အနီးမှာ ဖြစ်နေတဲ့...
Read More
တရုတ်ရောက် မင်းအောင်လှိုင် တော်လှန်ရေးအဖွဲ့များကို အပြစ်ဖို့
တရုတ်ရောက် မင်းအောင်လှိုင် တော်လှန်ရေးအဖွဲ့များကို အပြစ်ဖို့
တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ဒီမိုကရေစီအရေး ရုပ်ပြ၍ စစ်ဘုရင်ဝါဒကို အသက်သွင်းနေသူများဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ် ထုတ်ဖော်ပြောသည်။ မူးယစ်ဆေးဝါး၊ မှောင်ခိုနှင့် တရားမဝင်လုပ်ငန်းများကိုလည်း လုပ်ဆောင်ကြ၍ “ကျားသေကို အသက်ပြန်မသွင်းမိကြစေဖို့” လိုအပ်ဟု မင်းအောင်လှိုင်က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။ တရုတ်-မြန်မာနယ်စပ်တွင် လက်နက်ကိုင်များက ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...
Read More
ထိုင်းတွင် ကလေးငယ်များ အပါအဝင် မြန်မာ ၉ ဦးကို ပွဲစားက တောထဲ စွန့်ပစ်ထား
ထိုင်းတွင် ကလေးငယ်များ အပါအဝင် မြန်မာ ၉ ဦးကို ပွဲစားက တောထဲ စွန့်ပစ်ထား
မလေးရှားနိုင်ငံသို့ တရားမဝင် ပို့ဆောင်မည် ကလေးငယ်များ အပါအဝင် မြန်မာနိုင်ငံသား ၉ဦးကို ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်တွင် ပွဲစားများက စွန့်ပစ်ခဲ့ကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းမှာ ဖော်ပြသည်။ မြန်မာနိုင်ငံသား ၉ဦးမှာ ရနောင်းခရိုင်၊ ကပွေးမြို့နယ်၊ ဘန့်နားအုပ်စု ဘန့်ထောင်းလန်ကျေးရွာအနီး၊ တောင်ခြေတောထဲမှာ နိုဝင်ဘာ ၅ ရက်က လုံခြုံရေးအခြေအနေများကြောင့် ရှေ့ဆက်မသွားနိုင်ဘဲ ပွဲစားများက စွန့်ပစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ကျေးရွာသားများ၏ သတင်းပေးလာမှုကြောင့် သက်ဆိုင်ရာ နယ်မြေခံရဲ၊...
Read More
တအောင်းမှာ မြန်မာပြည်က သွင်းကုန်များကို အခွန်ကင်းလွတ်ခွင့်ပေးမည်
တအောင်းမှာ မြန်မာပြည်က သွင်းကုန်များကို အခွန်ကင်းလွတ်ခွင့်ပေးမည်
ရှမ်းမြောက် တအောင်းဒေသမှာ မြန်မာပြည် မန္တလေးက တင်သွင်းလာသော သွင်းကုန်ပစ္စည်းများကို အခွန်ကောက်ခံမည်မဟုတ်ဘဲ ကင်းလွတ်ခွင့်ပေးမည်ဟု တအောင်းတပ် TNLA က နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။ TNLA ၏ အကောက်ခွန်ဌာနမှ တအောင်ပြည်အတွင်း ဒေသခံပြည်သူလူထုများ၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ သွင်းကုန်/ပို့ကုန်အပေါ် အခွန်ကင်းလွတ်ခွင့်နှင့်ပတ်သက်၍ အောက်တိုဘာလ ၂၅ ရက်နေ့က အသိပေးထုတ်ပြန်မှုတစ်ခုရှိခဲ့သည်။ အဆိုပါ အခွန်ကင်းလွတ်ခွင့်တွင် တအာင်းပြည်အတွင်းသို့ တင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊...
Read More
ရခိုင်မှာ မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး လေပြင်းတိုက်ခတ်နိုင်
ရခိုင်မှာ မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး လေပြင်းတိုက်ခတ်နိုင်
ရခိုင်ပြည် အပါအဝင် တနင်္သာရီနှင့် ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျှက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်နိုင်၍ ကြိုတင်သတိပြုကြရန် စစ်ကောင်စီ မိုး/ဇလက ထုတ်ပြန်ထားသည်။ ယင်းအပြင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များလည်း ဖြစ်ပေါ်နိုင်ကြောင်း ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက် ၇ နာရီက ထုတ်ပြန်ခဲ့သည်။ နောက် ၂ ရက်အတွက် ခန့်မှန်းချက်မှာ နေပြည်တော်၊ စစ်ကိုင်း၊...
Read More
ရန်ကုန်တိုင်းကို ၄ နာရီမီးပေး ၈ နာရီမီးဖြတ်
ရန်ကုန်တိုင်းကို ၄ နာရီမီးပေး ၈ နာရီမီးဖြတ်
ရန်ကုန်တိုင်းဒေသက ခရိုင်အားလုံးကို လျှပ်စစ်မီး ၄ နာရီပေးပြီး ၈ နာရီမီးဖြတ်တောက်သည့် အလှည့်ကျစနစ်သစ် အာဏာသိမ်း စစ်ကောင်စီက စတင်လိုက်ပြီဟု မြို့ခံများထံမှ သိရသည်။ ပုံမှန်စနစ်မှာ ၄ နာရီမီးပေးပြီး ၄ နာရီမီးဖြတ်သည့် အလှည့်ကျစနစ်ကို စစ်ကောင်စီက လျှပ်စစ်မီးလိုအပ်ချက်အရ ပုံစံသစ်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်လိုအပ်ချက်၏ ၄၀ ရာခိုင်နှုန်းကိုသာ စစ်ကောင်စီမှာ ထုတ်လုပ်နိုင်သောကြောင့် အချိန်ပြည့် လျှပ်စစ်မီးပေးနိုင်ခြင်းမရှိတော့ပေ။ တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား...
Read More
ဂွမြို့နယ်က စစ်ရှောင်ပြည်သူများမှာ အနွေးထည်နှင့် ဆေးဝါး လိုအပ်နေ
ဂွမြို့နယ်က စစ်ရှောင်ပြည်သူများမှာ အနွေးထည်နှင့် ဆေးဝါး လိုအပ်နေ
နေ့စဉ်တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် ဂွမြို့နယ်က စစ်ရှောင်ပြည်သူ ၆,၀၀၀ ကျော်မှာ ဆောင်းဝတ် အနွေးထည်များနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများနှင့် ကူညီထောက်ပံ့ရေးလုပ်နေသူများက ပြောဆိုကြသည်။ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲမှာ ဂွမြို့နယ်နှင့် ၁၅ မိုင်ခန့်အကွာ တိုင်ကျိုး၊ ကမ်းသာယာအနီးတစ်ဝိုက်တွင် ဖြစ်ပွားနေကြပြီး ဒေသခံပြည်သူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ သံတွဲမြို့နယ်က ထွက်ပြေးလာသည့် စစ်ရှောင်များအပါအဝင် ဂွဒေသခံ စစ်ရှောင်ပြည်သူများမှာ ဆောင်းတွင်းကာလ...
Read More

PHOTO NEWS

တော်လှန်ရေးခရီးကြမ်းနှင့် ရခိုင်လူထု

တော်လှန်ရေးခရီးကြမ်းနှင့် ရခိုင်လူထု

ဇူလိုင် ၄ - ၂၀၂၄

ကမ္ဘာ့သမိုင်းတစ်လျှောက် အဖိနှိပ်ခံလူတန်းစားများမှာ ၎င်းတို့၏အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် တော်လှန်‌ရေး တစ်ရပ်ကိုအမြဲဆင်နွှဲကြရလေ့ရှိတတ်သည်။ မျက်မှောက်ခေတ်‌တွင်လည်း ထိုကဲ့သို့ပုံစံတူ တော်လှန်ရေးများ ဆက်လက်ပေါ်ပေါက်လျှက်ရှိနေကြဆဲပင်။ ရခိုင်ပြည်၌ လက်ရှိကြုံနေရသည့် တိုက်ပွဲများမှာလည်း အဖိနှိပ်ခံရမှုများမှ ပေါ်ပေါက်လာခဲ့သည့်

သံတွဲနဲ့ ငပလီမှာ ဘာတွေဖြစ်ပျက်နေသလဲ

သံတွဲနဲ့ ငပလီမှာ ဘာတွေဖြစ်ပျက်နေသလဲ

ဇွန် ၂၄ - ၂၀၂၄

(သံတွဲလေဆိပ်နဲ့ ခမရ ၅၆၆ တပ်ရင်းကို AA က သိမ်းပိုက်လိုက်တာ တကယ်ဟုတ်သလား) ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ခိုက်မှု

မြန်မာပြည်မှာ စည်းလုံးညီညွတ်မှု ယိုင်နဲ့လာ၍ နိုင်ငံတကာ ပြိုင်ဆိုင်မှုကြားတွင် နိုင်ငံပါပျောက်သွားနိုင်သည်အထိ အန္တရာယ်ကြီးမားနေကြောင်း အာဏာသိမ်း စစ်ကောင်စီက ပြောသည်။

၂၀၂၅ တွင် ကျင်းပမည့် အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီက ပြောဆိုလိုက်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်စွန့်ပြီး ရွေးကောက်ပွဲလမ်းစဉ် ရွေးချယ်ကြရန် ပြောဆိုချက်အပေါ် ကချင် KIO

ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့က ပြည်သူများ၏ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ထဲသို့ ဘတ် ၁၀,၀၀၀

ချင်းပြည်နယ် ဟားခါးမြို့မှာ CDM မလုပ်သော Non-CDM ဝန်ထမ်းများကို တွေ့သည့်နေရာတွင် ပစ်ခတ်အရေးယူသွားမည်ဟု Chinland Defense