လားရှိုးမြို့ကို ၅ကြိမ်မြောက် ပေါင် ၅၀၀ဗုံးများဖြင့် စစ်ကောင်စီ ကြဲချ
ရှမ်းပြည် မြောက်ပိုင်းက လားရှိုးမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ၅ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်မှုအဖြစ် ပေါင် ၅၀၀ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်တပ် MNDAAက သတင်း ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၂၄ရက် မနက်အစောပိုင်းက စစ်ကောင်စီက လေကြောင်းကနေ လားရှိုးမြို့ပေါ်ကို ပေါင် ၅၀၀ဗုံး အနည်းဆုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အရပ်သား ၁ဦး သေဆုံးခဲ့ကာ ၁၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAAက ဆိုသည်။ လားရှိုးမြို့ အမှတ် ၂ရပ်ကွက်ဈေးနှင့် ဖူလီလိုက်ဟိုတယ်များကို ပစ်မှတ်ထားပြီး ဗုံးနှစ်လုံး ကြဲချခဲ့သလို နောက်နာရီအနည်းငယ်အကြာ ဒုတိယကြိမ် ဖူလီလိုက် ဟိုတယ်နောက်ဘက်က လူနေရပ်ကွက်များကို ပစ်မှတ်ထားကာ ဗုံးနှစ်လုံး ကြဲချခဲ့သည်။ စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့်
CDM မလုပ်သော ဝန်ထမ်းများကို ပစ်ခတ် အရေးယူမည်ဟု CDF-Hakha သတိပေး
ချင်းပြည်နယ် ဟားခါးမြို့မှာ CDM မလုပ်သော Non-CDM ဝန်ထမ်းများကို တွေ့သည့်နေရာတွင် ပစ်ခတ်အရေးယူသွားမည်ဟု Chinland Defense Force Hakha က စက်တင်ဘာလ ၂၃ ညနေက သတိပေးစာ ထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီနှင့် အကြမ်းဖက် သမားများ၏ လုပ်ငန်းယန္တရား လည်ပတ်နိုင်ရန် ကူညီပေးနေသည့်အတွက် Non-CDM ဝန်ထမ်းများကို စစ်ကောင်စီလို သဘောထားပြီး ပစ်ခတ် အရေးယူမည်ဖြစ်သည်။ CDF-Hakha အနေဖြင့် စစ်ကောင်စီနှင့် အလုပ်တွဲလုပ်သော လူများအားလုံးကို စစ်ကောင်စီသဖွယ်သဘော ထားမည်ဟု ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် ယခု အကောင်အထည်ဖော်လာခြင်းဖြစ်သည်။ စစ်ကောင်စီက သူ့၏နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပရန် ကြိုးစားနေသည့်
တောင်ကုတ် ရွာမ ဗုံးကြဲခံရ၊ ၆ နှစ်သားကလေး အပါအဝင် ၂ ဦးသေဆုံး
ရခိုင်ပြည် တောင်ကုတ်မြို့နယ် တန်းလွဲဒေသ ရွာမကျေးရွာကို အာဏာသိမ်း စစ်ကောင်စီ လေတပ်က ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် ည ၉ နာရီခန့်တွင် ဗုံး ၄ လုံးထက်မနည်း ကြဲချခဲ့၍ အရပ်သားများ သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါနေရာတွင် တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီက သတင်းအရ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သားနေထိုင်ရာ ရပ်ရွာများကို ဗုံးကြဲခြင်းဖြစ်သည်ဟု ရွာမဒေသခံတစ်ဦးက ပြောသည်။ “တိုက်ပွဲလည်းမရှိ ဘာမှလည်းမရှိဘဲ ဗုံးလာကြဲတာ။ ရွာမ ရွာသစ်ဈေးအနီးကို ဗုံးကျတယ်။ သားမိနှစ်ယောက် အမေက လက်ပြတ်သွားတယ်။ အသက် ၆ နှစ်အရွယ် ကလေးငယ်က သေဆုံးသွားတယ်။ နောက်ထပ် အသက် ၃၀
စစ်ကောင်စီ၏ သေဒဏ် ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုမြောက်ဟု IIMM ဆို
အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် လူပုဂ္ဂိုလ်အချို့ကို အများမျက်မှောက်တွင် အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ် ကွက်မျက်ပါက ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှု မြောက်သည်ဟု IIMM က ဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM အနေဖြင့် စစ်ကောင်စီ၏ သေဒဏ်ချမှတ် ကွက်မျက်မည်ဆိုသည့် သတင်းများကို အနီးကပ်စောင့်ကြည့်နေကြောင်း စက်တင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။ IIMM ယန္တရားက စုံစမ်းရရှိထားသည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန် အင်းစိန်အကျဉ်းထောင်၌ လျှို့ဝှက်စွာအမှုစစ်ဆေးပြီး သေဒဏ်ချမှတ်ထားသော လူပုဂ္ဂိုလ်များသည် ကွက်မျက်မှုကို ခံရနိုင်ကြောင်း သိရသည်။ IIMM က “တရားမျှတသော အမှုစစ်ဆေးစီရင်မှု ဖြစ်စေသည့် အခြေခံလိုအပ်ချက်များအား မကျင့်သုံးဘဲ
ပေါက်တောက မွတ်ဆလင် ၁၇ ဦး ငါးဖမ်းနေစဉ် ဖမ်းဆီးခံရ
ရခိုင်ပြည် ပေါက်တောမြို့နယ် အနောက်ရဲရွာ မွတ်ဆလင်ဒုက္ခသည်စခန်းမှ မွတ်ဆလင် ၁၇ ဦး ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်တွင် မြစ်ထဲ ငါးဖမ်းနေစဉ် အာဏာသိမ်း စစ်ကောင်စီ ရေတပ်က ဖမ်းဆီးသွားကြောင်း ဒုက္ခသည်များက ပြောသည်။ အနောက်ရဲရွာအနီး ကုလားတန်မြစ်ထဲ ငါးရှာဖွေနေစဉ် စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် စစ်ကောင်စီ နေဗီက သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့သည်ဟု အမည်မဖော်လိုသည့် မွတ်ဆလင်တစ်ဦးက ပြောသည်။ “ကုလားတန်မြစ်မှာ ကျားပိုက်နဲ့ ငါးသွားဖမ်းနေတဲ့အချိန် စစ်ကောင်စီရေတပ်နေဗီကနေခေါ် ဖမ်းဆီးသွားတာပါ။ ငါးဖမ်းနေစဉ် သေနတ်ပစ်ဖောက်ပြီး ဖမ်းသွားတာပါ။ အပြစ်မဲ့မွတ်ဆလင် ၁၇ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ လူတွေအားလုံး တစ်နေ့လုပ်
လားရှိုးကို စစ်ကောင်စီ ဆက်တိုက် ဗုံးကြဲနေ၍ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အလဟသ ဖြစ်မည်ဟု MNDAA သတိပေး
(သတင်းတို) ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသော ရှမ်းမြောက်က လားရှိုးမြို့ကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက် ဗုံးကြဲနေ၍ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အလဟသ ဖြစ်စေမည်ဟု MNDAA က စက်တင်ဘာလ ၂၂ ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။ လားရှိုးမြို့ပေါ်က စာသင်ကျောင်း၊ လူနေရပ်ကွက်နှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို စက်တင်ဘာလ ၂၁ ရက် ည ၁၀ နာရီကျော်အချိန်က စစ်ကောင်စီ လေကြောင်း ဗုံးကြဲပစ်ခတ်မှု ပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း လားရှိုးမြို့ ရပ်ကွက် ၁၂ က အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းရှေ့နှင့် စည်ပင်သာယာရုံး လမ်းမပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ပြည်သူတစ်ဦး
နောင်ချိုမြို့ကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲနေ
(ယနေ့လည်း ဗုံးလာကြဲ၍ အရပ်သားတစ်ဦး ဒဏ်ရာရ) (သတင်းတို) ရှမ်းမြောက်ဒေသ နောင်ချိုမြို့ကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားပြည်သူများမှာ သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း အများအပြားရှိနေကြသည်။ ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင်လည်း စစ်ကောင်စီက Y-12 တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲတိုက်ခိုက်၍ အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း တအောင်းတပ် TNLA က ထုတ်ပြန်ထားသည်။ နောက်ချိုမြို့အတွင်းအထိ စစ်ကောင်စီက ဗုံးလာကြဲခြင်းဖြစ်ပြီး ညဈေးတန်း၊ မြို့မဈေးတန်းနှင့် ရပ်ကွက် ၄ ခုထက်မနည်းမှာ ဗုံးအများအပြား ကျရောက်ပေါက်ကွဲခဲ့သည်။ စစ်ကောင်စီ ဗုံးကြောင့် ထိခိုက်ဒဏ်ရာရရှိသူအပြင် ဈေးဆိုင်ခန်းများ၊ နေအိမ်များ ပျက်စီးသွားကြောင်းနှင့်
တိုက်ပွဲပြင်းလာ၍ ဖားကန့်ပြည်သူများ မြို့ကိုစွန့်ခွာ
(သတင်းတို) ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာနေပြီး မြို့ခံပြည်သူများ စျေးဆိုင်များပိတ်ထားကာ စတင်ပြောင်းရွှေ့နေကြပြီဟု သိရသည်။ စက်တင်ဘာ လဆန်းပိုင်းမှစပြီး ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့ရာမှ ယခုအခါ မြို့ပေါ်တွင်ပါ စစ်ရေးတင်းမာလာနေသည်။ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လာသဖြင့် ပြည်သူများထိခိုက်သေဆုံးမှုများ ရှိလာ၍ ဖားကန့်မြို့ပြည်သူများမှာ စတင်တိမ်းရှောင်မှုများ လုပ်လာကြပြီး စျေးဆိုင်များမှာလည်း ပိတ်ထားကြသည်။ ဒေသပြည်သူတစ်ဦးက “ဒီကနေ့မှာပဲ KIA/KPDF တွေ မြို့ကို ဝိုင်းပတ်ထားတယ်။ ဖားကန့်မြို့ကတော့ တပ်လှန့်လိုက်တဲ့ အနေအထား ရောက်သွားပါပြီ။ မြို့နေလူထုလည်း အမြန်ဆုံး မြို့ကိုခွာနေကြပါတယ်။ အတော်များများ ကျန်နေပါသေးတယ်။ ကျန်နေသူတွေလည်း စိုးရိမ်စိတ်တွေနဲ့
စစ်ကောင်စီ စစ်သင်္ဘော ၈ စီးကို KIA သိမ်းပိုက်ရရှိ
(ဓါတ်ပုံသတင်း) မြန်မာစစ်တပ် (စစ်ကောင်စီ) ၏ တိုက်ခိုက်ရေး စစ်သင်္ဘော ၈ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ယင်းစစ်သင်္ဘောများကို ဖောက်ခွဲ ဖျက်ဆီးရန်သာရှိကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။ “ဗန်းမော် မြလယ်ဘက်မှာ စစ်သင်္ဘော ၄ စီးရတယ်။ ရွှေကူအထက် မြစ်ကျဉ်းမှာ ၂ စီးရတယ်။ ထီးချိုင့် မြတောင်မှာ ၂ စီးရတယ်။ စုစုပေါင်း ၈ စီးရတယ်။ ဖောက်ခွဲဖျက်ဆီးဖို့ပဲရှိပါတယ်” ဟု ဆိုသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်သို့ ဆန်တက်လာသော စစ်ကောင်စီသင်္ဘော ၇ စီးကို KIA