AA ခေါင်းဆောင်များ မွတ်ဆလင်ခေါင်းဆောင်များနှင့် တွေ့ဆုံစကားပြောသင့်ကြောင်း ICG တိုက်တွန်း
(ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း AA နှင့် ထိတွေ့ဆက်ဆံရေး တိုးမြှင့်သင့်ဟုဆို) အာရက္ခတပ်တော် AA အနေဖြင့် ရခိုင်ပြည် မြောက်ပိုင်းက မွတ်ဆလင်များအပါအဝင် အရပ်သားပြည်သူများအား ကာကွယ်ပေးရေးအတွက် ပြည်တွင်းပြည်ပရှိ မွတ်ဆလင်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း International Crisis Group (ICG) အကြံပြုတိုက်တွန်းထားသည်။ ရခိုင်ပြည် မြောက်ပိုင်းက မွတ်ဆလင်များအရေးနှင့် ULA/AA နှင့် မြန်မာစစ်တပ် (စစ်ကောင်စီ) တို့ စစ်ရေးအခြေအနေအပေါ် ဆန်းစစ်သော အစီရင်ခံတစ်စောင်ကို ICG က ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ အာရက္ခတပ်တော် AA အနေဖြင့် မွတ်ဆလင်များအရေးနှင့်ပတ်သက်ပြီး မီးလောင်ဗုံးများ တောက်လောင်သကဲ့သို့ အသုံးအနှုန်း၊ အပြောအဆိုများကို ရှောင်ရှားသင့်ကြောင်းလည်း
မောင်တော မြို့သိမ်းတိုက်ပွဲမှ ဒုရဲမှူးအပါအဝင် ရဲ ၈ ဦး အလင်းဝင်၊ ၃၆ ဦးကို အရှင်ဖမ်းမိ
(သတင်းတို) ရခိုင်ပြည် မောင်တောမြို့နှင့် ဂွမြို့နယ်က ကျိန္တလီမြို့ကို သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် AA က ကြိုးပမ်းလျှက်ရှိပြီး လက်ရှိတွင်လည်း တိုက်ပွဲက ပြင်းထန်လျှက်ရှိနေသည်။ မောင်တောမြို့သိမ်းတိုက်ပွဲမှ မြို့မဲရစခန်းမှ ရဲ ၈ ဦး လက်နက်ချအလင်းဝင်းပြီး စစ်ကောင်စီတပ်သား ၃၆ ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့ကြောင်း AA က ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ အလင်းဝင်သူများ၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်သည်။ မောင်တောမြို့နှင့် ကျိန္တလီမြို့ကို သိမ်းပိုက်ရရှိရန် နီးကပ်နေပြီး စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးရတော့မည်ဟု AA ထုတ်ပြန်ချက်အရ သိရသည်။ မောင်တောမြို့နှင့် ကျိန္တလီမြို့ မကျရှုံးစေရေးအတွက် အာဏာသိမ်း စစ်ကောင်စီသည် ကြည်း၊
ရခိုင်မြောက်ပိုင်းကို စုံစမ်းစစ်ဆေးသူများ ဝင်ရောက်နိုင်ရေး AA က ကူညီပေးရမည်ဟု SAC-M တောင်းဆို
ရခိုင်ပြည် မြောက်ပိုင်းအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ဩဂုတ်လ ၁၉ ရက်တွင် အဓိက အချက် ၄ ချက်ပါသော ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကာ အာရက္ခတပ်တော် AA အား တောင်းဆိုထားသည်။
မောင်တောမြို့ ဩဂုတ် ၅ ရက်ဖြစ်စဉ်အပေါ် AA ၏ သုတေသန ထုတ်ပြန်ချက်
ရခိုင်ပြည် မောင်တောမြို့မှာ ၂၀၂၄ ဩဂုတ်လ ၅ ရက်နေ့က AA တိုက်ခိုက်မှုကြောင့် မွတ်ဆလင် ရာနှင့်ချီ သေဆုံးသွားသည်အပေါ် ULA/AA က ခွဲခြမ်းစိတ်ဖြာ အစီရင်ခံစာတစ်စောင်ကို ဩဂုတ် ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။ အဆိုပါ အစီရင်ခံစာကို AA ပြောခွင့်ရ ဦးခိုင်သုခ တယ်လီဂရမ်ကတစ်ဆင့် ယနေ့ ဩဂုတ်လ ၂၁ ရက်တွင် တရားဝင်ထုတ်ပြန်ထားသည်။
ဂွမြို့အနီးက မြန်မာ့အကြီးဆုံး ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်း ရပ်ဆိုင်းဟုဆို
ရခိုင်ပြည် ဂွမြို့အနီးက မြန်မာ့ပထမဆုံးနှင့် အကြီးဆုံးဖြစ်သော မြေဧက ၃၁၀ ကျော် ကျယ်ဝန်းသည့် ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းမှာ တစ်ပိုင်းတစ်စဖြင့် ရပ်တန့်သွားပြီဟု ဒေသခံများက ပြောသည်။ တိုက်ပွဲမှာ ဂွမြို့အနီးသို့ ကပ်လာနေ၍ လုပ်ငန်းဆောင်ရွက်မှု အားလုံးရပ်တန့်သွားပြီး အလုပ်သမားများလည်း တစ်ယောက်မှ မရှိတော့ကြောင်း လုပ်ငန်းခွင့်အတွင်းမှ စစ်ရှောင်လာသူတစ်ဦးက ဆိုသည်။ ” စက်ပစ္စည်းတွေကတော့ ရှိနေသေးတယ်။ အလုပ်သမားတွေ၊ အင်ဂျင်နီယာတွေက မရှိတော့ဘူး။ မိုးရာသီကာလဆိုတော့ အပြင်ပိုင်းသိပ်မလုပ်ဖြစ်ဘူး။ အတွင်းပိုင်းတွေ အဓိက ဦးစားပေးလုပ်နေကြတာ။ ကျနော်က ရွှေရတီဟိုတယ် တည်ဆောက်မှုလုပ်ငန်းခွင်ထဲပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော် နှစ်ပတ်လောက်ကနေ မရှိတော့တာ။ ဂွမှာလည်း တစ်ယောက်မှမရှိတော့ဘူးလေ။ တိုက်ပွဲကလည်း အရမ်းကပ်လာတော့ အားလုံး စစ်ရှောင်ကြတာပေါ့။ ” ဟု
AA က မောင်တောမြို့ထဲ စစ်ကောင်စီတပ်စခန်း ၃ ခုကို သိမ်းပိုက်
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မွတ်ဆလင်လက်နက်ကိုင်တွေ မောင်တောမြို့ထဲက အဆင့်ဆင့်ခုခံနေတဲ့ကြားက စစ်ကောင်စီတပ်စခန်း ၃ ခုကို AA က သိမ်းပိုက်
မောင်တောက တပ်စခန်း ၃ ခုကို AA သိမ်းပိုက်၊ စစ်ကောင်စီမှ မြို့ထဲကနေ အဆင့်ဆင့်ခုခံနေ
ရခိုင်ပြည် မောင်တောမြို့ မြောက်ဘက်ရှိ စစ်ကောင်စီ၏ ဟော်ရီတူလာရွာ တပ်စခန်းနှင့် တောင်ဘက်ရှိ မောင်နီရွာရဲစခန်း၊ ၃ မိုင်တပ်စခန်းတို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး လက်ရှိတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြသည်။ မောင်တောမြို့အနီးအနားက စစ်ကောင်စီတပ်စခန်းများနှင့် ဌာနချုပ်အချို့ကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့သိမ်းတိုက်ပွဲအား ဩဂုတ်လ ၄ ရက်နေ့တွင် AA က စတင်ခဲ့သည်။ ဩဂုတ်လ ၄ ရက်နေ့တွင်ပင် မောင်နီရွာရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့ကာ ဩဂုတ်လ ၆ ရက်တွင် ဟော်ရီတူလာတပ်စခန်းနှင့် ဩဂုတ်လ ၉ ရက်နေ့တွင် မောင်တော ၃ မိုင်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ဆိုသည်။ မောင်တောမြို့ကို နေရာအနှံ့မှ ဝန်းရံပိတ်ဆို့ပြီး မြို့တွင်းထိုးစစ်ဆင်တိုက်ခိုက်မှုအား
စစ်ကောင်စီ ပစ်ခတ်၍ ကျိန္တလီမြို့မှာ အရပ်သား ၁၁ ဦးသေ၊ ၁၁ ဦးဒဏ်ရာရ
ရခိုင်ပြည် ဂွမြို့နယ် ကျန္တလီမြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးများ တရစပ်ပစ်ခတ်နေသလို လေယာဉ်ဖြင့်လည်း ဗုံးဆက်တိုက်ကြဲချနေ၍ ယမန်နေ့က အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြသည်။ ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးများနှင့် ဗုံးများမှာ ကျိန္တလီမြို့ အမှတ် (၂) ရပ်ကွက်က ခရစ်ယာန်ဘာသာရေးကျောင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။ ကျိန္တလီစစ်ရှောင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ” မနေ့က ကျိန္တလီမြို့ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တယ်။ လေယာဉ်နဲ့လည်း ဗုံးလာကြဲတယ်။ အကြိမ်ရေက မနည်းဘူး။
ဝမ်းရောဂါကြောင့် သေဆုံးသူ ၅ ဦးရှိလာ၍ မောင်တောက စစ်ရှောင် ၂၀,၀၀၀ အတွက် ဆေးဝါးအကူအညီလိုနေဟု အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာကို AA အကူအညီတောင်း
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် မောင်တောဒေသတွင် ဝမ်းပျက်ဝမ်းလျှော့ရောဂါကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာနေ၍ စစ်ရှောင် ၂၀,၀၀၀ အတွက် ဆေးဝါးများ အရေးတကြီးလိုအပ်နေသည်ဟု အာရက္ခတပ်တော် AA က ထုတ်ပြန် အကူအညီတောင်းခံထားသည်။ မောင်တောဒေသတွင် ဝမ်းပျက်ဝမ်းလျှော့ ရောဂါဖြစ်ပွားမှု တိုးလာခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့များက ဆေးဝါးကူညီပေးကြရန် ULA/AA မှ ဖွဲ့စည်းထားသော အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ တစ်ဆင့် AA က အကူအညီတောင်းခံနေသည်။ “ယခုအချိန်တွင် မောင်တောဒေသမှ တိုက်ပွဲရှောင်ပြည်သူများတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားလျက်ရှိသောကြောင့် ထိုသူများအတွက် ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့်သက်ဆိုင်သော ဆေးဝါးများအပြင် အထွေထွေရောဂါများအတွက် မရှိမဖြစ်လိုအပ်သောဆေးဝါးများမှာ အရေးတကြီးလိုအပ်လျက်ရှိနေပါသည်” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။ မောင်တောဒေသက