မောင်တောမြို့အနီး ဒရုန်းပစ်ခတ်မှုကြောင့် အသက်ရှင်လွတ်မြောက်လာသူ ပြောဆိုချက် Interview
” ကျနော်တို့က AA ကို မမုန်းပါဘူး။ မမုန်းဘူးပေါ့နော်။ ကျနော်တို့က AA ကို ထောက်ခံပါတယ်။ ရခိုင်ပြည်မှာ ကျနော်တို့ အတူတကွ နေကြရမှာပါ။ ဩဂုတ် ၅ ရက် ညနေက ဖြစ်စဉ်မှာ ဒရုန်းတွေက AA ဟာလားဆိုတော့ ဒရုန်းတွေမှာ AA လို့ စာတန်းမပါဘူးလေနော်။ AA ဒရုန်းတွေလို့ ပြောလို့မရဘူးလေနော်။ ” Western News| ဩဂုတ် ၁၃ (အင်တာဗျူး) ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ ညနေ ၅ နာရီခန့်က မောင်တောမြို့အနီး နတ်မြစ်ကမ်း၌ ဒရုန်းပစ်ခတ်မှုကြောင့် ကလေးတွေအပါအဝင် မွတ်ဆလင် ရာနှင့်ချီ သေဆုံးသွားသည်ဟု
ကျိန္တလီမြို့၏ စစ်ရေး နောက်ဆုံးအခြေအနေ
(အင်တာဗျူး) ဩဂုတ်လ ၁၀ ရက်နေ့က စတင်ခဲ့သည့် ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့သိမ်းတိုက်ပွဲမှာ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲ ပြင်းထန်နေကြသည်။ ကျိန္တလီမြို့ နယ်မြေရဲစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ကစ၍ စစ်ကောင်စီသည် လေကြောင်းက ဗုံးကြဲခုခံတိုက်ခိုက်နေပြီး ယနေ့တွင် အကြိမ်ရေ ပြင်းပြင်းထန်ထန် ခုခံခဲ့ကြောင်း သိရသည်။ မြေပြင် AA တပ်ဖွဲ့ဝင်များ၏ ကြိုတင်သတိပေးချက်များနှင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျိန္တလီမြို့ခံ အများစုမှာ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး အနည်းစု ကျန်ရှိနေသေးသည်။ ကျိန္တလီမြို့၏ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့
အိန္ဒိယ လောင်တလိုင်ရောက် ချင်းစစ်ဘေးရှောင်များ AA ကို ဆန္ဒပြနေ
(ဓါတ်ပုံသတင်း) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့မှာ ရောက်ရှိနေသော ချင်းစစ်ဘေးရှောင်များ ဦးဆောင်၍ အာရက္ခတပ်တော် AA ချင်းပြည်က ထွက်ခွာပေးရန် ယနေ့ လမ်းလျှောက်ဆန္ဒပြနေကြကြောင်း သိရသည်။ လောင်တလိုင်ရှိ ချင်းစစ်ဘေးရှောင်များမှာ ချင်းလန်းကောင်စီ (ချင်းပြည်အစိုး) အဖွဲ့ကိုသာ ထောက်ခံပြီး ချင်းပြည်အတွင်း စစ်ရေးအကူအညီပေးနေသော အာရက္ခတပ်တော် AA ကို အလိုမရှိကြောင်းနှင့် ချင်းပြည်ထဲက ထွက်ခွာပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။ သို့သော်လည်း လောင်တလိုင်မြို့ရှိ စစ်ဘေးရှောင်များထဲမှ မတူပီ၊ ထန်တလန်၊ ဟားခါး ဒေသက စစ်ရှောင်များသာပါဝင်ပြီး အခြားသော မြို့နယ်များက စစ်ရှောင်များပါဝင်ခြင်းမရှိကြောင်း သိရသည်။
စစ်တွေအကျဉ်းထောင်ဂိတ်စောင့်များ ထောင်ဝင်စာတွေ့သူများထံမှ ငွေတောင်းယူနေ
ရခိုင်ပြည် စစ်တွေမြို့ရှိ စစ်တွေအကျဉ်းထောင်တွင် ထောင်ဝင်စာတွေ့သူ မိသားစုဝင်များ ဂိတ်စောင့်များအား ငွေပေးနေရကြောင်း ထောင်ဝင်စာတွေ့သူများက ပြောဆိုကြသည်။ အကျဉ်းကျနေသော မိသားစုဝင်ကို အစေားအသောက်များ ပေးလိုပါက ဂိတ်စောင့်အား ပိုက်ဆံပေးပြီးမှ လက်ခံကြကြောင်း ထောင်ဝင်စာသွားတွေ့သူ စစ်တွေဒေသခံတစ်ဦးက ပြောသည်။ “ကိုယ့်မိသားစုဝင်ကို ဆေးနဲ့ လိုတာလေးတွေ ပေးချင်ရင် အရင်လို ဒီအတိုင်း ပေးထားခဲ့လို့ မရတော့ဘူး။ ပေးမယ့် ပစ္စည်းတွေကို ဂိတ်မှာ ပိုက်ဆံပေးပြီးထားခဲ့ရတယ်။ သူတို့က ပိုက်ဆံမပေးရင်လက်မခံဘူး။ မပို့ပေးဘူး” ဟု ပြောသည်။ ထောင်ဂိတ်စောင့်အား ပေးရသည့် ငွေကြေးမှာ ကျပ် ၅ ထောင်ကနေ ၁ သောင်းအထိဖြစ်ပြီး ထောင်ဝင်စာတွေ့သူတိုင်း၊ အကြိမ်တိုင်း ပေးနေကြရသည်ဟု သိရသည်။ ထောင်ဝင်စာ လာတွေ့သူများကို
မောင်တော နတ်မြစ်ကမ်း မွတ်ဆလင်များသေဆုံးမှု AA နှင့် မသက်ဆိုင်ဟုဆို
ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက လက်နက်ကြီး သို့မဟုတ် ဗုံးသီးများ ကျရောက်မှုကြောင့် မောင်တောမြို့နယ် နတ်မြစ်ကမ်း၌ မွတ်ဆလင်များ ဒါဇင်နှင့်ချီ သေဆုံးသွားမှုအပေါ် အာရက္ခတပ်တော် AA နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း AA က ယနေ့ ထုတ်ပြန်ထားသည်။ အဆိုပါ မွတ်ဆလင်များ သေဆုံးမှု ဖြစ်စဉ်နှင့် နေရာများသည် AA ၏ ထိန်းချုပ်နယ်မြေတွင် ဖြစ်ပျက်ခဲ့ခြင်းမဟုတ်ကြောင်းနှင့် မွတ်ဆလင်များ သေဆုံးမှုအတွက် များစွာ စိတ်မကောင်း ဖြစ်ရသည်ဟု AA က ထုတ်ပြန်ပြောဆိုသည်။ နတ်မြစ်ကမ်း ဒါဇင်နှင့်ချီ သေဆုံးခဲ့သည့် မွတ်ဆင်များ ဖြစ်စဉ်နှင့်ပတ်သက်၍ အာရက္ခတပ်တော် AA က အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးနေပြီး ဖြစ်စဉ်အမှန်သိရပါက
မောင်တောကို သိမ်းပိုက်နိုင်ရန် စခန်း ၂ ခုသာ ကျန်ရှိဟု AA ထုတ်ပြန်
(ထိုးစစ်ကို ဆက်လက် အရှိန်မြှင့်နေ) ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီ တပ်စခန်းများအားလုံး တစ်ခုမကျန် သိမ်းပိုက်ထားပြီးဖြစ်သော်လည်း မောင်တောမြို့တွင် စစ်စခန်း ၂ ခုသာ ကျန်ရှိတော့ကြောင်း အာရက္ခတပ်တော် AA က ယနေ့ ထုတ်ပြန်ထားသည်။ နယ်ခြားစောင့်အမှတ် (၅) စခန်းနှင့် ခံစစ်အထပ်ထပ်ဖြင့် ခုခံနေသော မောင်တောမြို့တွင်း စခန်းများဟူ၍ စစ်စခန်း နှစ်ခုမျှသာ ကျန်ရှိတော့ကြောင်း AA က ဆိုသည်။ အာဏာသိမ်း စစ်ကောင်စီသည် မောင်တောမြို့ခံများကို မြို့ထဲက ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းကာအဖြစ် ပြုလုပ်ထားပြီး မြို့တွင်းရှိ နေအိမ်များကို အခိုင်အမာ ခံစစ်စခန်းများအဖြစ် ပြုလုပ်၍ ခုခံစစ်ဆင်နွှဲရန် ပြင်ဆင်ထားကြောင်း ပြောသည်။ မောင်တောမြို့ရရှိရေး AA ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ လပေါင်းများစွာ
ရခိုင်မှာ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဝါဒများ ခေါင်းမထောင်လာနိုင်ရန် ချေမှုန်းတိုက်ခိုက်မည်ဟု AA ပြော
ရခိုင်ပြည်မှာ တကျော့ပြန်စစ်ပွဲနှင့်အတူ စစ်ကောင်စီက ဖန်တီးနေသော လူမျိုးရေး၊ ဘာသာရေး အသွင်းဆောင် ပဋိပက္ခများနှင့် သွေးထိုးလှုံ့ဆော်မှုများမှာ ပိုမိုကျယ်ပြန့်လာကြောင်း သိရသည်။ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေဒေသတို့တွင် မွတ်ဆလင်အကြမ်းဖက်များနှင့် မွတ်ဆလင်အကြမ်းဖက်အုပ်စုများအား စစ်ကောင်စီက လက်နက်တပ်ဆင်ပြီးနောက် ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဝါဒများ ဆိုးရွာလာနေ၍ ခေါင်းမထောင်လာနိုင်ရန် အာရက္ခတပ်တော် AA က ချေမှုန်းတိုက်ခိုက်သွားမည်ဟု ထုတ်ပြန်သည်။ မူဆလင်အကြမ်းဖက်သမားအုပ်စုများ၊ စစ်ကောင်စီသင်တန်းဆင်း လက်နက်ကိုင်မူဆလင်များနှင့် မူဆလင်ရာဇဝတ်လူဆိုးဂိုဏ်းအချို့၏ အကြမ်းဖက်အန္တရာယ်သည် ယခုအချိန်တွင် ဘူးသီးတောင်၊ မောင်တော ဒေသရှိ လူနည်းစုသော မျိုးနွယ်စုများအပြင် ၎င်းဒေသနေ ဒေသခံပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်လျက်ရှိနေကြောင်း AA က ပြောသည်။ “မောင်တောဒေသအတွင်းရှိ
စစ်ကောင်စီဖမ်းထားသော မောင်တောက မွတ်ဆလင်များကို AA ကယ်ထုတ်
ရခိုင်ပြည် မောင်တောမြို့ထဲမှာ လူသားဒိုင်းကာအဖြစ် အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခေါ်ယူထားသော ဒေသခံမွတ်ဆလင်လူမျိုးများအား အာရက္ခတပ်တော် AA က အချိန်မီ ကယ်ထုတ်ပေးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ မောင်တောမြို့ထဲမှာ ပိတ်မိနေသော မွတ်ဆလင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ယူထားသော မွတ်ဆလင်များကို AA ကယ်ထုတ်ပေးနေပြီး ယခု ဗီဒီယိုဖိုင်ပါ မွတ်ဆလင်များမှာ လသာကျေးရွာက မွတ်ဆလင်များဖြစ်ကြသည်။ ၎င်းတို့ကို ယမန်နေ့ ဩဂုတ် ၇ ရက်နေ့က AA တပ်ဖွဲ့ဝင်များက သွားရောက် ကယ်ထုတ်ပြီး ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ နေထိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း AA က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီက သင်တန်းပေးထားသော မွတ်ဆလင် လက်နက်ကိုင်များ၊