သိမ်းပိုက်မြို့များ ပြန်လည်ပတ်ရေး TNLA ခေါင်းဆောင်များ သွားရောက်လေ့လာ
(၂၀၂၅ မှာ အရပ်သားပါသော အစိုးရဖွဲ့မည်ဟုဆို) ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် တအောင်းတပ် TNLA က သိမ်းပိုက်ရရှိထားသော ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့တို့ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ရေး TNLA ထိပ်ပိုင်းခေါင်းဆောင်များက သွားရောက်ကြည့်ရှုစစ်ဆေးနေသည်။ TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်တို့ ဦးဆောင်သော အဖွဲ့တို့သည် ဩဂုတ်လ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ သွားရောက်ခဲ့ပြီး လူထုနှင့်တွေ့ဆုံကာ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေးကို ဆွေးနွေးခဲ့သည်ဟု သိရသည်။ တပ်စခန်းနှင့် အစိုးရဆိုင်ရာဌာနရုံးများ၊ အုပ်ချုပ်ရေးရုံးများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများအား သွားရောက် လေ့လာခဲ့ကြောင်း ထုတ်ပြန်သည်။ TNLA ၏
သပိတ်ကျင်းက ကွင်း ၅၀၀ တပ်စခန်းကို မန္တလေး PDF သိမ်းပိုက်
(ဓါတ်ပုံသတင်း) မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကွင်း ၅၀၀ မှာ အခြေပြုလှုပ်ရှားသော စစ်ကောင်စီတပ်စခန်း (ကွင်း ၅၀၀ တပ်စခန်း) ကို ဩဂုတ်လ ၂၅ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်ဟု မန္တလေး PDF က ယနေ့ ထုတ်ပြန်ထားသည်။ ကွင်း ၅၀၀ တပ်စခန်းကို ဗိုလ်မှူးချုပ် စိုးကျော်ထိုက်ဦးစီးပြီး စစ်ကောင်စီ တပ်သားအင်အား ၄၀၀ ခန့်ရှိကြောင်းနှင့် မန္တလေး PDF က ဩဂုတ်လ ၅ ရက်နေ့မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။ ကွင်း ၅၀၀ စခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းအများအပြားနှင့် သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့ပြီး မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ၏
တောင်ကုတ်မြို့ခံများ G1 ထောက်ခံစာပါမှ မြို့ပြင်ထွက်ခွင့်ရ၊ ခရီးသွားလာခွင့်ရ
ရခိုင်ပြည် တောင်ကုတ်မြို့ထဲက ဒေသခံပြည်သူများမှာ ပဲခူးတိုင်း ပြည်မြို့ကို သွားမည်ဆိုပါက G1 (စစ်ဦးစီးပထမတန်း) ထောက်ခံစာပါမှ သွားလာ၍ ရကြောင်း မြို့ခံများက ပြောသည်။ ပြည်သို့ ခရီးသွားလိုပါက G1 ထံ ခွင့်ပြုချက်တောင်းရပြီး စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်ထားခဲ့ရကြောင်း တောင်ကုတ်မြို့ခံ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ ” တောင်ကုတ်-ပြည်လမ်းက ခရီးသွားမယ်၊ ဒါမှမဟုတ် ပြည်ကို သွားမယ်ဆိုရင် G1 ထောက်ခံစာယူရတယ်။ ခွင့်ပြုချက်ကျမှ သွားရတာ။ ထောက်ခံစာမရလို့ မသွားရတဲ့သူတွေ တပုံကြီး။ သေချာ စိစစ်တာ။ ဘာသွားလုပ်မှာလဲ၊ ဘယ်မှာနေမှာလဲ၊ ဘာလုပ်ဖို့သွားတာလဲ အစုံကိုမေးမြန်းတာ။ ပြီးတော့ စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်ကို ထားခဲ့ရတယ်။ ပြန်လာမှယူပေါ့နော်။
မောင်တော မြို့သိမ်းတိုက်ပွဲမှ ဒုရဲမှူးအပါအဝင် ရဲ ၈ ဦး အလင်းဝင်၊ ၃၆ ဦးကို အရှင်ဖမ်းမိ
(သတင်းတို) ရခိုင်ပြည် မောင်တောမြို့နှင့် ဂွမြို့နယ်က ကျိန္တလီမြို့ကို သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် AA က ကြိုးပမ်းလျှက်ရှိပြီး လက်ရှိတွင်လည်း တိုက်ပွဲက ပြင်းထန်လျှက်ရှိနေသည်။ မောင်တောမြို့သိမ်းတိုက်ပွဲမှ မြို့မဲရစခန်းမှ ရဲ ၈ ဦး လက်နက်ချအလင်းဝင်းပြီး စစ်ကောင်စီတပ်သား ၃၆ ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့ကြောင်း AA က ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ အလင်းဝင်သူများ၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်သည်။ မောင်တောမြို့နှင့် ကျိန္တလီမြို့ကို သိမ်းပိုက်ရရှိရန် နီးကပ်နေပြီး စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးရတော့မည်ဟု AA ထုတ်ပြန်ချက်အရ သိရသည်။ မောင်တောမြို့နှင့် ကျိန္တလီမြို့ မကျရှုံးစေရေးအတွက် အာဏာသိမ်း စစ်ကောင်စီသည် ကြည်း၊
AA ကို စစ်ကောင်စီနှင့် အာဆာတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီ ဗိုလ်မှူး ဝန်ခံ
ဘူးသီးတောင်တွင် အရပ်သားများကို သတ်ဖြတ်ခဲ့ အာရက္ခတပ်တော် AA ကို စစ်ကောင်စီတပ်က ARSA (အာဆာ)နှင့် လက်တွဲပြီး ပူးပေါင်းတိုက်ခိုက်နေခဲ့ကြောင်း ဖမ်းဆီးခံထားရသည့် ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၅၃ရဲ့ တပ်ခွဲမှူးက ထုတ်ဖော် ပြောဆိုလိုက်သည်။ မကြာသေးခင်က AAထံ လက်နက်ချအဖမ်းခံခဲ့ရသည့် ခမရ ၃၅၃၏ တပ်ခွဲမှူး ဗိုလ်မှူးလှိုင်ဝင်းထွန်းက ဘူးသီးတောင်မြို့မှာ The Diplomat သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာမှာ ယင်းကဲ့သို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဗိုလ်မှူးလှိုင်ဝင်းထွန်းက ပြောဆိုချက်တွင် ဘူးသီးတောင်မြို့နယ်မှာ မွတ်ဆလင် ၇၅၀ဦးကို စစ်သင်တန်းပေးခဲ့ပြီး ARSAအဖွဲ့နှင့်လည်း စစ်ရေးအရ ပူးပေါင်းဖို့ စစ်ကောင်စီတပ်က ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ “ကျနော်တို့ အဲ့ဒီ
ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက ထောင်တွင်းရုံး ပြောင်းထုတ်
စစ်ကောင်စီ၏ ဖမ်းဆီးတရားစွဲဆိုမှုကို ခံထားရသည့် ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာသားများမှာ စစ်တွေမြို့နယ်တရားရုံး၌ အမှုရင်ဆိုင်နေရာကနေ စစ်တွေအကျဉ်းထောင်ရုံးသို့ ပြောင်းထုတ်လိုက်ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။ ဖမ်းဆီးခံထားရသူများထဲမှ တစ်ဦး၏ မိသားစုဝင်က “ဒီအပါတ်ရုံးချိန်းမှာ ရုံးထုတ်တာ တရားရုံးမှာ မဟုတ်တော့ဘူး။ ထောင်မှာပဲ ရုံးထုတ်တယ်။ ရုံးချိန်းလာတဲ့သူတွေက ထောင်ဝမှာပဲ နေကြရတယ်။ နောက်ထပ်ရုံးချိန်နေ့ကိုတော့ အထဲတစ်ယောက်က ထွက်လာပြီးပြောခဲ့တယ်” ဟုပြောသည်။ ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခဲ့ပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုကာ ခံပြသက်သေများအား စစ်ဆေးနေကြောင်း သိရသည်။ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ အမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တိကျသေချာစွာ မသိရကြောင်း နောက်ထပ် မိသားစုဝင်အမျိုးသမီးတစ်ဦးက ပြောသည်။ “ကျမတို့ ဘာမှမသိပါဘူး။ သက်သေ
စစ်ခေါင်းဆောင် မင်းအောင်လှိုင် တောင်ငူမြို့ ရောက်ရှိနေ
(သတင်းတို) အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက်က ရောက်ရှိနေပြီး မြို့တွင်းလုံခြုံရေးများ အဆမတန် ချထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။ မင်းအောင်လှိုင် ရောက်နေ၍ တောင်ငူမြို့တွင်းမြို့ပြင် Jammer များ ပတ်ပတ်လည်ချထားပြီး စစ်အင်အားကိုလည်း ရာနှင့်ချီတိုးချထားကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ ” မင်းအောင်လှိုင်က မနက် ၁၁ နာရီလောက်က တောင်ငူရောက်တယ်။ ဩဂုတ်လ ၂၀ ရက်နေ့က တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးနဲ့ပစ်တယ်။ ဩဂုတ်လ ၂၂ ရက်နေ့မှာ စည်ပင်ရုံး၊ လျှပ်စစ်ရုံးနဲ့ ယာဉ်ထိန်းအိမ်ရာမှာ မိုင်းကွဲတယ်။ အဲဒါကြောင့် မအလလာတဲ့အချိန်မှာ တစ်မြို့လုံး လုံခြုံရေးတွေ
တောင်ကုတ်တက္ကသိုလ်မှာ အမြောက်တပ်စွဲပြီး AA အား ခုခံရန် စစ်ကောင်စီ ပြင်ဆင်ထား
ရခိုင်ပြည် တောင်ကုတ်မြို့မှာရှိသည့် တောင်ကုတ်တက္ကသိုလ်မှာ အာဏာသိမ်း စစ်ကောင်စီက အမြောက်အထိုင်ချ တပ်စွဲထားပြီး အာရက္ခတပ်တော် AA အား ခုခံတိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များက ပြောသည်။ ဇွန်လ နောက်ဆုံးအပတ်က တောင်ကုတ်တက္ကသိုလ်ထဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်ခန့်မှာ လက်ရှိတွင် အင်အား ၁၀၀ ကျော်အထိ တိုးမြှင့်ကာ အမြောက်များဖြင့် အခိုင်အမာအထိုင်ချ တပ်စွဲလိုက်ပြီဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။” စစ်ကောင်စီဟာ တောင်ကုတ်တက္ကသိုလ်ထဲမှာ အမြောက် ၃ ခုထက်မနည်း အထိုင်ချတပ်စွဲထားတယ်။ တက္ကသိုလ်က မြို့အဝင်မှာဆိုတော့ စစ်ကောင်စီအတွက် ခုခံတိုက်ခိုက်ဖို့ အကောင်းဆုံး နေရာပဲလေ။ တက္ကသိုလ်နဲ့ သိပ်မဝေးတဲ့ မောင်းတံဂိတ်မှာလည်း ဗန်ကာတွေ အများကြီးတူးထားတယ်။