Western News

စစ်ပွဲတစ်ခုတွင် ပထဆုံး အမှန်တရားကျဆုံးတတ်သည်။ ယင်းဒဏ်ကို ပြည်သူများ ခံစားရပြီး ဒုက္ခရောက်ရဆုံးမှာ အမျိုးသမီးနှင့်၊ ကလေးသူငယ်များဟု ဆိုရလိမ့်မည်။

ကျောက်တော်- ပုဏ္ဏားကျွန်း အဝေးပြေး လမ်းမဘေးတွင် တာပေါ်လင်စ၊ ဓနိမိုး စသည်ဖြင့် အမိုးအကာ မလုံခြုံ သည့် ယာယီတဲအိမ် ရာနှင့်ချီ ရှိနေသည်။ ယင်းအထဲတွင် ဒေါ်သန်းသန်းနု တဲငယ်လည်းပါဝင်သည်။

“မိုးများတော့ နေရာထိုင်ခင်းလုံးဝ အဆင်မပြေဘူး။ မိုးရေ စိုစိုနဲ့ မအိပ်နိုင်တော့ဘဲ ငုတ်တုတ်ထိုင်နေရတယ်။ စား သောက်ရေးကလည်း အရမ်းကျပ်တည်းလာတယ်။ ထမင်းလျှော့စားရတဲ့ နေ့တွေတောင်ရှိတော့။ ကလေးတွေကို ပိုသနားမိတယ် ” ဟု အသက် ၃၈ နှစ်အရွယ် ဒေါ်သန်းသန်းနုက Western News ကို ပြောပြသည်။

ဒေါ်သန်းသန်းနုတို့ မိသားစုသည် ပုဏ္ဏားကျွန်းမြို့ဇာတိဖြစ်သည်။ မိသားစုတွင် အသက် ၁၃ နှစ်အောက် ကလေး ၃ ဦးနှင့်မိခင်၊ ဖခင် စုစုပေါင်း ၆ ဦးရှိကာ သူမသည် အိမ်ထောင်ဦးစီးအဖြစ် ကောက်စိုက်၊ ဟင်းရောင်း၊ ကုန်တင်ကုန်ချ ကြုံရာ ကျပန်း နေ့စားလုပ်ကာ ရှာကျွေးနေသူဖြစ်သည်။ ခင်ပွန်းမှာ ထိုင်းနိုင်ငံက ငါးဖမ်းလှေတစ်ခုတွင် အလုပ်လုပ်သူဖြစ်ပြီး ယခင်က မိသားစုကို ငွေကြေး ထောက်ပံ့ခဲ့သော်လည်း ယခု အဆက်သွယ်ပြတ်နေသည်မှာ ၂ နှစ်ကျော် ကြာပြီဖြစ်ကြောင်း သိရသည်။ ပုဏ္ဏားကျွန်းမြို့နယ်ကို AA က ထိန်းချုပ်ထားပြီးဖြစ်သော်လည်း စစ်တွေမြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်းများမှ လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေသဖြင့် မြို့တွင်း လူနေထိုင်ခွင့် မပြုသေးပေ။

ရခိုင်ပြည်တွင် ပြင်းထန်နေဆဲတိုက်ပွဲများကြောင့် နေရပ်စွန်ခွာထွက်ပြေးနေရသူ ၆ သိန်းကျော်ရှိသည်။ ယင်းအထဲတွင် အများစုမှာ အမျိုးသမီးနှင့် ကလေးသူငယ်အများဖြစ်ပြီး ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် အခြား နေရာများတွင် ပွတ်သိပ်စွာ နေထိုင်ကြသည်။ “ အခုကလေးတွေ ခြေလက်၊ ခန္ဓာကိုယ်တွေမှာ ယားနာတွေ ပေါက်နေတယ်။ ဆေးဝယ်ဖို့ ပိုက်ဆံမရှိဘူး။ တောထွက်ဆေးတွေတော့ ထည့်ထားတယ်။ အလုပ်ကလည်း ပုံမှန်မရှိတော့ ပိုက်ဆံမ တတ်နိုင်ဘူးလေ ” ဟု ဒေါ်သန်းသန်းနုက ပြောသည်။

ရခိုင် စစ်ဘေးရှောင်စခန်းအများစုတွင် မိုးတွင်းကာလ ကလေးသူငယ်များ အရေပြားရောဂါဖြစ်ပွားနေသူရာနှင့်ချီ ရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် အဖွဲ့များက သိရသည်။ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကလေးဦးရေ ၄၀၀ ထက်မနည်း ရှိနေကြောင်း ပြောဆိုကြသည်။

ယင်းအပြင် အိမ်သာမရှိခြင်း/မလုံလောက်ခြင်း၊ ရေမသန့်ရှင်းမှုများကြောင့် ကလေးများမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ တုတ်ကွေး၊ ငှက်ဖျား ရောဂါများပါ ဖြစ်နေပြီး စစ်ကောင်စီက ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ထားသဖြင့် ဒေသတွင်း ဆေးဝါးများပြတ်လပ်နေကာ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အရေးများလည်း ဆုံးရှုံးနေတော့သည်။

“ အဓိကတော့ စစ်ရှောင်စခန်းတွေမှာ ရေမသန့်တာ၊ အိမ်သာမရှိတာကြောင့် အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှော့၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားတွေ အဖြစ်များတယ်။ ဆေးဝါးကလည်း ရှားတော့ ကျန်းမာရေးပိုင်းမှာ စိုးရိမ်ရတယ်” ဟု ပုဏ္ဏားကျွန်းမြို့ခံ စစ်ဘေးရှောင် သူနာပြုဆရာမ ဒေါ်သန္တာခိုင် (အမည်လွှဲ) က ပြောသည်။

■ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံနေရ

ထို့အတူ လက်နက်ကြီး၊ လေယာဉ်သံ၊ ကျည်ဆံများကြားကနေ ပုံစံအမျိုးမျိုးဖြင့် အသက်လုစစ်ရှောင်နေရသည့် အမျိုးသမီးများမှာလည်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံနေရကြောင်း Western News ကို ပြောဆိုကြသည်။ မြို့သိမ်းတိုက်ပွဲကြောင့် မင်းပြားမြို့မှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးနှင့် မိသားစုတို့သည် ဇန်နဝါရီလက ကျေးလက်ဒေသရှိ မိတ်ဆွေတစ်ဦးအိမ်တွင် စစ်ရှောင်နေစဉ် သမီးဖြစ်သူမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံခဲ့ရကြောင်း မိခင်ဖြစ်သူက Western News ကို ပြောသည်။

“တိုက်ပွဲ အရမ်းပြင်းတော့ မြို့မှာ လုံးဝ နေလို့မရတာကြောင့် နယ်ကအသိမိတ်ဆွေအိမ် သွားရှောင်တာ။ တစ်ပတ် အကြာမှာ အဲဒီအိမ်မှာနေတဲ့ လူပျိုကြီး တစ်ယောက် သမီး ရေချိုးတာ၊ အဝတ်လဲတာ၊ သနပ်ခါးလိမ်းတာကအစ ချောင်းကြည့်တယ်။ တစ်နေ့ ရေချိုးအပြန် အိမ်ပေါ်အတက်မှာ လိင်ပိုင်းဆိုင်ရာရယူဖို့ ကြံရွယ်တယ်။ ကျမနဲ့ ကွက်တိတိုးတော့ ထွက်ပြေးသွားတယ်” ဟု Western News ကိုပြောသည်။

စစ်ရေးပြင်းထန်နေချိန်ဖြစ်သည်က တစ်ကြောင်းနှင့် လူအားလုံးကလည်း ဗြောင်းဆန်ပြီး ရှုတ်ခတ်ကာ အာဏာပိုင်အုပ်ချုပ်ရေးအဖွဲ့များကလည်း ထွက်ပြေးနေကြသည်ကတစ်ကြောင်းနှင့် AA အုပ်ချုပ်ရေးအဖွဲ့ကိုလည်း တိုင်တန်းမှုများ မလုပ်တော့ဘဲ နောက်တစ်ရွာသို့ ပြောင်းရွှေ့နေခဲ့ရကြောင်း အဆိုပါ အမျိုးသမီးကပြောသည်။

အလားတူ ဖေဖော်ဝါရီလအတွင်းက မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်ကနေ တိမ်ညိုတိုက်နယ်အုပ်စုကျေးရွာ တစ်ရွာတွင် စစ်ဘေးရှောင်နေသည့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးမှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုမျိုးခံခဲ့ရကြောင်း သိရသည်။ အဆိုပါအမှုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့သော်လည်း ထိရောက်မှု မရှိခဲ့ပေ။

ယင်းထက်ဆိုးရွားသည့် ဖြစ်စဉ်များကို ရခိုင်အမျိုးသမီးများ စစ်ပွဲကာလအတွင်း ခံစားနေကြရသည်။ စစ်တွေမြို့အနီးက ဗျိုင်းဖြူရွာတွင် မေလ ၂၉ ရက်က ရွာသား ၃၀၀ ကျော်ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ပြီး ၇၀ ကျော်ကို ပစ်သတ်ခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ဆက်စပ်ပြီး စစ်ကောင်စီတပ်သားများက ဗျိုင်းဖြူကျေးရွာတွင် အမျိုးသမီးငယ် ၃ ဦးထက်မနည်းကို အဓမ္မပြုကျင့်ခဲ့ကြောင်း Western News က စုံစမ်းသိထားသည်။

ဖြစ်စဉ်သိသူ ဗျိုင်းဖြူရွာသားများ၏ ပြောပြချက်အရ မေလ ၂၉ ရက်နေ့က အသက် ၁၀ ကျော် နှစ်ဦးနှင့် အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးမှာ အဓမ္မပြုကျင့်ခံခဲ့ရသည်။ ထိုအထဲတွင် စိတ်ရောဂါဝေဒနာ ခံစားနေရသူ အမျိုးသမီးငယ် တစ်ဦးလည်း ပါဝင်သည်။

မိသားစုနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက “ရွာကို စစ်သားတွေ ဝင်လာလို့ ထွက်ပြေးကြတော့ ကောင်မလေးက သူ့အဖိုးနဲ့ အတူကျန်ခဲ့တယ်။ အဖိုးက နေမကောင်းတော့ မထနိုင်ရှာဘူး။ ကောင်မလေးက စိတ်မမှန်တော့ ခေါ်မရလို့ ထားခဲ့ရတာ။ ကျန်ခဲ့တုန်း စစ်သား ၅ ယောက်ဝင်လာပြီး အဓမ္မကျင့်ကြတာ အဖိုးဖြစ်သူက မြင်လိုက်တယ်။ အဖိုးဖြစ်သူကိုလည်း ရိုက်နှက် ပြီးထားခဲ့ကြတယ်” ဟု ပြောသည်။

ယင်းအပြင် ဗျိုင်းဖြူရွာသားများကို ဖမ်းဆီးထားစဉ် အမျိုးသမီးနှင့် လူကြီးပိုင်းအချို့ကို စစ်ကောင်စီ တပ်သားများက ခွဲထုတ်ခေါ်ယူသွားပြီးနောက် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ဖြစ်သူကို ထပ်မံခွဲထုတ်ခေါ်ယူကာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြောင်း ဖြစ်စဉ်သိသူ အမျိုးသမီးများက ပြောပြသည်။

စစ်ကောင်စီတပ်က ဆွဲထုတ်ခေါ်ခံရသူထဲ ပါဝင်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက “ညည့် ၁၂ နာရီလောက်မှာ အမျိုးသမီးတချို့ကို လူအုပ်ကနေ ခွဲထုတ်ပြီး ခေါ်သွားတယ်။ ကျန်တဲ့သူတွေ ပြန်ပို့ပေမယ့် သူမကို မျက်နှာကိုအုပ်ပြီး တစ်ခြားနေရာကို ခေါ်သွားကြတယ်။ မိသားစုဝင်တွေ ငိုယိုလိုက်ရှာကြတော့ နောက် တစ်နေ့ ညနေစောင်းလောက်ကျမှ ခေါ်လို့ရခဲ့တယ်။ ဖြစ်စဉ်ကို မေးကြည့်တော့ အဓမ္မပြုကျင့်ခံခဲ့ရတာကို သိရတယ်” ဟု ပြောသည်။

ထို့အတူ အဓမ္မပြုကျင့်ခံရသူထဲ နောက်ထပ် အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးလည်းပါဝင်ပြီး သူမမှာ ဖြစ်စဉ်အားမပြောလို၍ Western News အနေဖြင့် ဖြစ်စဉ်အသေးစိတ် သိရှိခွင့်မရရှိခဲ့ပေ။ အလားတူ ရခိုင်တွင် စစ်ရှောင်သမီးငယ်များမှာ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရခြင်းများစွာ ရှိနေကြောင်း Western News က သိထားပြီး ကာယကံရှင်များနှင့် တွေ့ဆုံနိုင်ရေး ကြိုးစားနေဆဲဖြစ်သည်။

အလားတူ မင်းပြားမြို့သိမ်းတိုက်ပွဲတွင်လည်း အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့ပြီး သတ်ဖြတ်ခဲ့ကာ မောင်တောတွင်လည်း အလားတူဖြစ်စဉ်များရှိနေသည်။

ယခင်က ရခိုင်အမျိုးသမီးအရေးလှုပ်ရှားသည့် အဖွဲ့တစ်ခုတွင် လုပ်ကိုင်ခဲ့သူ တစ်ဦးက “စစ်ပွဲကြားမှာ ကျမတို့ အမျိုးသမီးတွေဟာ ဒုက္ခအများဆုံးဖြစ်ရတယ်။ ဒီအထဲကမှ လိင်ပိုင်းဆိုင်ရာ အခွင့်အရေးရယူသူနှင့် အဓမ္မပြုကျင့် ကျုးလွန်သူတွေကို လုံးဝခွင့် မလွှတ်သင့်ဘူး။ ဒါတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ပေးရမယ်။ တစ်ဖက်မှာလည်း အမျိုးသမီးတွေက အကာကွယ်မဲ့နေကြတာ စိတ်မကောင်းစရာပဲ” ဟု ပြောသည်။

ယင်းအပြင် နစ်နာသူ အမျိုးသမီးအပါအဝင် မိသားစုဝင်များအတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဥပဒေနှင့်အညီ တရားမျှတမှု ဖော်ထုတ်ပေးရန် သက်ဆိုင်ရာအာဏာပိုင်များတွင် တာဝန်ရှိကြောင်း ဆိုသည်။

“မုဒိမ်းမှု လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရတဲ့ ကိစ္စကို တရားမျှတမှု လုပ်ဆောင်ဖို့ဆိုတာထက် အသက်လုံခြုံရေး၊ ဘဝရှင်သန်ရေးအတွက် ရုန်းကန်နေရတာမျိုး ဖြစ်နေရတော့ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံနေရတာ အများကြီးရှိနေတယ်” ဟု အဆိုပါ အမျိုးသမီးက ထောက်ပြသည်။

ဆက်လက်ပြီး အမျိုးသမီးများမှာလည်း စစ်ကောင်စီ၏ သတ်ဖြတ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို ခံနေရပြီး လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် ကဏ္ဍအသီးသီးတွင် အခက်အခဲများနှင့် ဖြတ်ကျော်နေရကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောကြသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ၏ ဇွန်လထုတ် အစီရင်ခံစာတွင်- အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီသည် အမျိုးသမီးများကို အကြောင်းအမျိုးမျိုးပြ၊ ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးခြင်း၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်း စသည်ဖြင့်ကျူးလွန်မှုမျိုးစုံ ရှိနေကြောင်းဆိုသည်။ ထို့အတူ စစ်ကောင်စီဖမ်းဆီးခံရသူ နိုင်ငံတ ဝန်းတွင် အမျိုးသမီးပေါင်း ၅၅၅၅ ဦးရေရှိခဲ့ပြီး ရခိုင်က အမျိုးသမီး ၄၉ ဦး ပါဝင်ကြောင်းဖော်ပြသည်။

■ စစ်ပွဲကြားတွင် အမျိုးသမီးနှင့် ကလေးငယ်များကို လုံခြုံမှု ဖန်တီးပေးပါ

ထို့အတူ ရခိုင်ဒေသ စစ်ပွဲများကြောင့် အမျိုးသမီးနှင့် ကလေးငယ်များမှာ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးကျရောက်မှုနှင့် မြေမြှုပ်မိုင်း အန္တရာယ်တို့ကြောင်း သေဆုံး၊ ဒဏ်ရာသူ အများပြားရှိနေသည်။ ယခု အကြိမ် တိုက်ပွဲအစ ၂၀၂၃ နိုဝင်ဘာ ၁၃ ကစပြီး မတ် ၂၁ အထိ လေးလတာအတွင်း အရပ်သား သေဆုံးသူ ၁၇၉ ဦးနှင့် ဒဏ်ရရသူ ၄၆၈ ဦး ရှိခဲ့ကြောင်း AA ထုတ်ပြန်အရ သိရသည်။ ယင်းအထဲတွင် အမျိုးသမီးနှင့် ကလေးငယ် အများဆုံးပါဝင်ကြောင်းဆိုသည်။

“အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ စစ်ရှောင်နေရတဲ့ အနေအထားမှာ လုံခြုံရေးတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုအခြေအနေတွေအပြင် နည်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေ၊ ခြိမ်းခြောက်ခံရမှုတွေ မလုံလောက်မှုတွေနဲ့ နေ့စဉ်ဖြတ်သန်းနေရတယ်။ ဒါတွေကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကုစားမှုတွေ လုပ်မပေးနိုင်တာကိုလည်း တွေ့ရတယ်” ဟု ရခိုင်ဒေသက အမျိုးသမီးအရေးလှုပ်ရှာသူ တစ်ဦးကထောက်ပြသည်။

ယင်းကြောင့် စစ်ဘေးရှောင်နေစဉ်ကာလမှာလည်း ၎င်းတို့၏ အခြေခံလိုအပ်ချက်များဖြစ်သည့် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာ လိုအပ်ချက်များ စိုးရိမ်ပူပန်မှုများကို အမျိုးသမီးများမှာ ပိုမိုတွေ့ကြုံနေရသူများဖြစ်သဖြင့် ကာကွယ်မှုအစီအစဉ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ပေးသင့်ကြောင်း ဒေသခံများက ဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားသော အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Convention on the Elimination of All Forms of Discrimination against Women–UNCEDAW) အမှတ် ၁၃၂၅ တွင် “ လက်နက်ကိုင်တိုက်ပွဲမှာ ပါဝင်သည့် အဖွဲ့ အားလုံးသည် အမျိုးသမီးနှင့် ကလေးငယ်တို့၏ လုံခြုံရေးနှင့် လိုအပ်ချက်ကို ထည့်သွင်း စဉ်းစားကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများပေးရမည်” ဟု ဖော်ပြထားသည်။

သို့သော်လည်း ရခိုင် စစ်ဘေးရှောင် အမျိုးသမီးများမှာ မိမိအိမ်နေတွင် နေထိုင်မရတော့သဖြင် အမြောက်သံ၊ လေယာဉ်သံ၊ ဒရုန်းသံများကြားကနေ တောတောင်၊ ပင်လယ်ပြင်၊ မြစ်ချောင်းများကို ဖြတ်ပြီး အသက်လုထွက်ပြေး နေကြရဆဲဖြစ်သည်။

“အမျိုးသမီးတွေကတော့ စားသောက်ရေး နေထိုင်ရေး နေ့စဉ်ရင်ဆိုင်နေရတဲ့ ဘဝတွေဟာ ဘယ်လောက်ခက်ခဲ ကြမ်းတမ်းနေမလဲ ဆိုတာ တွေးကြည့်ရုံနဲ့ သိကြမှာပါ။ အခုကတော့ စားစရာဆန်မရှိလို့ အလှူခံရှာထွက်နေတဲ့ ကလေးတွေ အများကြီးရှိလာတယ်” ဟု ရသေ့တောင်နယ်က စစ်ဘေးရှောင်အရေး ကူညီနေသူ အမျိုးသမီး တစ်ဦးက Western News ကို ပြောသည်။

ထို့အတူ အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းနှင့်အခြား အသုံးဆောင်များ မလုံလောက်မှုအပြင် သူတို့၏ က လေးငယ်များမှာလည်း အာဟာရချို့တဲ့မှုဒဏ်နှင့် ပညာရေးကဏ္ဍတွင်လည်း အခွင့်အရေးဆုံးရှုံးနေကြသည်။

ယင်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈)၊ ပုဒ်မ (၃၅၁)တွင် “မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန် ဆောင်အမျိုးသမီးများသည် ဥပဒေအရသတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးများကို အညီအမျှ ခံစား ခွင့်ရှိစေရမည် ” ဟု ပြဋ္ဌာန်းထားသော်လည်း ယခုအခါ ဥပဒေအရ အကာကွယ်ပေးမှု အားနည်းနေသည်။

“ဒီမှာက ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေ ကာကွယ်ဆေး မထိုးရတာ ဆယ်လလောက်ရှိ ပြီ။ ကျမမှာ သမီးလေး ၁၀ လအရွယ်တစ်ယောက်ရှိတယ်။ ဒါကြောင့် သမီးနေမကောင်းဖြစ်မှာ အရမ်း စိုးရိမ်မိတယ်။ ကာကွယ် ဆေး မထိုးရတော့ ပိုလီယိုတို့၊ ဝက်သက်စတဲ့ရောဂါတွေဖြစ်မှာကို ကြောက်ရတယ်” ဟု ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်နေသည့် စစ်တွေ၊ ကျေးတောရွာမှ ကလေးမိခင်တစ်ဦးက ပြောသည်။

ထိုသို့ ရခိုင်ဒေသအတွင်း စစ်ပွဲကြားက အမျိုးသမီးနှင့် ကလေးငယ်တို့၏ အခက်ခဲ့ စိန်ခေါ်မှုများ၊ အခွင့်အရေးဆုံး ရှုံးမှုများကို ကူညီပေးမည့် အစီစဉ်များနှင့် ပတ်သက်၍ အာရက္ခတပ်တော်ပြောခွင့်ရသူ ခိုင်သုခကို Western News က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

သို့သော်လည်း ပုဏ္ဏားကျွန်းမြို့ခံ သူနာပြုဆရာမ ဒေါ်သန္တာခိုင်(အမည်လွှဲ)၏ ပြောဆိုချက်အရ ကလေးများ ကာကွယ်ဆေးထိုးနိုင်ရေး ULA/AA ၏ အာရက္ခပြည်သူ့ ကျန်မာရေးဌာနက အိန္ဒိယကနေ ဆေးဝါးများ ရရှိရန် ကြိုးစားနေကြောင်း သိရသည်။

ထိုသို့ မငြိမ်းချမ်းခြင်း၏အကျိုးဆက် ကဏ္ဍပေါင်းစုံကနေ အခက်ခဲစိန်ခေါ်မှုပေါင်း မြောက်မြားစွာကို ရင်ဝယ် ပိုက်ထားရသည့် ရခိုင် စစ်ဘေးရှောင်အမျိုးသမီးနှင့် ကလေးငယ်တို့အရေးကို တတ်နိုင်သမျှ ကူညီထောက်ပံ့ ပေးရန် လိုအပ်လာနေကြောင်း ရခိုင်အမျိုးသမီးအရေးလှုပ်ရှားသူများက ထောက်ပြနေကြသည်။

“ဒီကာလမှာ ULA/AA အတွက် စစ်ရေးအရေးကြီးတာကို နားလည်ပါတယ်။ ဒါပေမဲ့လည်း အနာဂတ်မှာ အရေး ကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တို့ရဲ့ အရေးကိုလည်း မမေ့သင့်ဘူး ” ဟု ရခိုင် အမျိုးသမီးအရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

ယင်းအပြင် စစ်ရေးပဋိပက္ခကြားထဲတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရသည့် အမျိုးသမီးများအပေါ် ကျူးလွန် သူများကို ထိရောက်သည့်အပြစ်ပေးမှုများ ULA/AA ဘက်က အရေးတယူ ဥပဒေနှင့်အညီ ကိုင်တွယ်သင့်ကြောင်း အမျိုးသမီးများက တောင်းဆိုနေကြသည်။

စစ်ဖြစ်ရာဒေသက ပြည်သူများမှာ ဘေးလွတ်ရာ ပြေးလွှားရင်း မရေရာမသေချာသည့် အခြေအနေဆိုးကြီးနှင့် ရင်ဆိုင်နေရသည့်အထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များတွင် ကြီးလေးသည့် သက်ရောက်မှုများစွာရှိနေဆဲ ဖြစ်သည်။

ဝါးထရံကာ၊ သစ်သားတိုင်လုံးငယ်များဖြင့် တည်ဆောက်ထားသည့် တဲအိမ်ငယ်လေးထဲတွင် ဒေါ်သန်းသန်းနုတို့ မိ သားစုသည် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုများကြောင့် တစ်ခါတစ်ခါ ထမင်းဝဝလင် မစားရသည့် နေ့များကို ဖြတ်သန်းနေရသည်။

“ဒီလိုမျိုး ဘဝ မလိုချင်ဘူး။ ကိုယ့်နေရာနဲ့ ကိုယ် ပြန်နေချင်တယ်ပေါ့။ အဆင်မပြေလည်း လုပ်စားလို့ နည်းနည်း အသက်ရှူချောင်တယ်ပေါ့။ ပြန်နေလို့ရရင် အမြန်ဆုံ ပြန်ချင်တာ ကျမဆန္ဒပါ” ဟု မသေချာသေးသည့် အိမ်ပြန်ရက်ကို လက်ချိုးရွေတွက်နေတော့သည်။

About Author
Western News
View All Articles
Check latest article from this author !
ရခိုင်က ထိန်းချုပ်နယ်မြေတွေမှာ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားလည်ပတ်မှု ခက်ခဲနေကြ
စစ်သည် ၃ ဦးအပါအဝင် လူငယ် ၂၄ ဦးကို စစ်ကောင်စီက တရုတ်သို့စေလွှတ်
ကော့ကရိတ်၊ စုကလိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု ၆ဦးသေဆုံး၊ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၂၁ ဦး ဖမ်းဆီး ရရှိ
စစ်တပ်က ဖမ်းဆီးထားသည့် စစ်တွေ ဒေသခံများ ညှဉ်းပန်းနှိက်စက်ခံနေရ၊ မိသားစုဝင်များနှင့် အဆက်သွယ် မရသေး
မဲဆောက်မြို့တွင် ဇနီးသည်ကို ရိုက်နှက်သတ်ဖြတ်ခဲ့သူကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးရန် တောင်းဆို
လေကြောင်းနှင့် ရေလမ်းမှ သံတွဲသို့ စစ်ကောင်စီ တပ်အင်အား ထပ်ဖြည့်နေ
သံတွဲ စစ်ရှောင်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်
မောင်တောတိုက်ပွဲ ဘင်္ဂလားဒေ့ရှ်ဘက် ကျည်ကျရောက် ဘင်္ဂလားဒေ့ရှ်က ပြန်ပစ်မည်ဟု သတိပေး
တောင်ကုတ်မှာ စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန်နေ
Facebookနှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ဝင်းကျော်နှင့် ခင်ကေခိုင်က အဓိကပါဝင်
ပဲခူး အထင်ကရ ဆရာတော် မန္တလေးမှာ စစ်ကောင်စီ သတ်ဖြတ်၍ ပျံလွန်တော်မူ
အမ်း ကဇုကိုင်းကို လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ကလေးငယ်အပါအဝင် ၃ဦးသေဆုံး
ရခိုင်ပြည် သူ့ကျွန်ဘဝ သက်ဆိုးရှည်အောင် ALP လုပ်နေဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ပြော
ကရင် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးဂိတ် ယာယီပိတ်
အာဆီယံ ဘုံ ၅ ချက် အလုပ်မဖြစ်၍ လမ်းပြမြေပုံသစ် ဖော်ဆောင်ရန် ကုလ မဟာမင်းကြီး တိုက်တွန်း
CNA က အလစ်အငိုက် ဝင်တိုက်၍ ချင်းတပ်နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွား
မြန်မာစစ်ရှောင် ၂၃၆ ဦးကို အိန္ဒိယအစိုးရက ဖမ်းဆီးထောင်ချခြင်း ကန့်ကွက်ရှုတ်ချ
တောင်ကုတ်တက္ကသိုလ်ဝန်းမှာ စစ်ကောင်စီဝင် အင်အား ၁၀၀ ကျော် တပ်စွဲထား
ပါချုပ်နှင့် ဆရာ/ဆရာမများအား လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တောင်ကုတ်တက္ကသိုလ်ထဲ တပ်စွဲနေရာယူ
မောင်တောမှာ တိုက်ပွဲပြင်းထန်၊ ပြည်သူများကို မြို့ကထွက်ခွာခွင့် စစ်ကောင်စီနှင့် ARSA က တားမြစ်နေ
သံတွဲမှာ စစ်ကောင်စီ တပ်စွဲနေရာ မိုင်းနင်းမိ၍ ရွာသားတစ်ဦး သေဆုံး
ကျောက်ဖြူမှာ စစ်ကောင်စီနှင့် AA တိုက်ပွဲ ပြန်လည်ဖြစ်ပွား
မတူပီမြို့က ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင် မဟာမိတ် သိမ်းပိုက်
တောင်ကုတ်နယ်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင် ၃ ဦးသေဆုံး
တောင်ကုတ်မြို့ထဲ ဗုံးခိုကျင်း တူးခွင့် စစ်ကောင်စီ ပိတ်ပင်
AA ထံ လက်နက်ချအညံ့ခံမည့် မောင်တော နခခ ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီအရာရှိများက ပါးရိုက်
တောင်ကုတ်တက္ကသိုလ်ဝန်းထဲ စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
စစ်တွေ ဒေသခံ ၂၀၀ ကျော်ထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ငွေညှစ်နေ
တောင်ကုတ်တိုက်ပွဲ အရပ်သားသေဆုံးမှုရှိ
ရခိုင်ပြည်အတွင်း ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်နေ
စစ်ကောင်စီကို တိုက်မည်ဖြစ်၍ မောင်တောပြည်သူများ မြို့ကထွက်ခွာရန် AA သတိပေး
စစ်ကောင်စီ ဖမ်းဆီးသွားသည့် စစ်တွေမြို့က အရပ်သား ၂၀၀ ကျော် ပြန်လွတ်လာခြင်း မရှိသေး (ရုပ်သံ)
စစ်တွေ မင်းဂံရပ်ကွက်က အရပ်သား ၂၀၀ ကျော် ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွား
မနေ့က တောင်ကုတ်မြို့ တိုက်ပွဲအတွင်း စကခ (၅)မှ ဗိုလ်ကြီး အောင်ဇော်ထွန်း ကျ
သံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လက်ရှိတွင် စစ်ရှောင် ၂၅,၀၀၀ ခန့်သည် အလှူရှင်များလိုအပ်နေ
၄ လအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက် လူ ၃၆၉ ဦးကို သတ်ဖြတ်
တောင်ကုတ်မှာ စစ်ကောင်စီနှင့် AA စစ်ရေးတင်းမာ၊ ယနေ့ စစ်ကောင်စီက ဗုံးကြဲနေ
မြောက်ပိုင်းညီနောင်တပ်များ လားရှို့မြို့အနီးသို့ ရောက်ရှိလာ၍ စစ်ကောင်စီတပ်များအားလုံး စစ်ပြင်ဆင်နေ
သံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ရှိနေသေး
မောင်တောက မောရဝတီဗျူဟာ အပါအဝင် တပ်စခန်း ၁၀ ခုကို AA သိမ်းပိုက်
သံတွဲမြို့နယ်က စစ်ရှောင်များ အရေးပေါ် စားနပ်ရိက္ခာများလိုအပ်နေ
စစ်ကောင်စီကို လက်နက်နှင့် လေ့ကျင့်ရေးသင်တန်း ပံ့ပိုးသော အိန္ဒိယစီးပွားရေးကုမ္ပဏီများကို JMF ဖော်ထုတ်
စစ်ကောင်စီက လက်နက်ကြီးဆက်တိုက်ပစ်နေ၍ ပေါက်တောနှင့် ပုဏ္ဏားကျွန်းက ကျေးရွာအချို့ ထပ်မံတိမ်းရှောင်နေရ
စစ်ကောင်စီတပ်ဖွဲ့ဝင်များ VPN အကြောင်းပြပြီး ခြိမ်းခြောက်ငွေညစ်နေ
မတူပီမြို့ကို သိမ်းပိုက်ရန် ချင်းညီနောင် စစ်ဆင်ရေးစတင်၊ AA လည်းပါဝင်ဟု သိရ
စစ်တွေက အတင်းပြောင်းရွှေ့ခံရ ၁၂ ရွာတွင် အိမ်စောင့်ကျန်ခဲ့သူများလည်းကို စစ်ကောင်စီက လိုက်လံဖမ်းဆီး
မောင်တော အလယ်သံကျော်စခန်း အသိမ်းခံရပြီးနောက် ရဲနှင့်မိသားစုဝင် ၄၀၀ ခန့်ကို AA ထိန်းသိမ်းထားဟုဆို
မြန်မာတွင် စစ်ဘေးရှောင် ကလေးငယ် ၁သန်းခန့် ရှိကြောင်း ကုလပြော
ရခိုင်က NGO/INGO များ လုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်း
ဗျိုင်းဖြူရွာသား သေဆုံးသူ တိုးလာ၊ ဖမ်းဆီးခံရွာသားများကို ရုံးထုတ်
တရုတ်က စစ်ကောင်စီကို ကင်းလှည့်ရေယာဉ် ၆ စီးပေးအပ်
ရန်ကုန်-သမ္မတရုပ်ရှင်ရုံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ
စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်သဖြင့် စစ်တွေမြို့နယ်က ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူများ ဒုက္ခရောက်
စစ်ကောင်စီက မြို့ပတ်လည်ကို မိုင်းထောင်ထား၍ စစ်တွေနှင့် ကျောက်ဖြူ ဒေသခံများ မြို့က ထွက်မရကြ
မုံရွာ စစ်တပ်ကာကင်းစခန်းကို PDF တိုက်ခိုက်၊ စစ်သား ၂၀ ဦးခန့်သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိ
ဗျိုင်းဖြူရွာသား သေဆုံးသူ တိုးလာ၊ ဖမ်းဆီးခံရွာသားများကို ရုံးထုတ်
ရခိုင်က NGO/INGO များ လုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်း
မြန်မာတွင် စစ်ဘေးရှောင် ကလေးငယ် ၁သန်းခန့် ရှိကြောင်း ကုလပြော
မတူပီမြို့ကို သိမ်းပိုက်ရန် ချင်းညီနောင် စစ်ဆင်ရေးစတင်၊ AA လည်းပါဝင်ဟု သိရ
မွတ်ဆလင်ထောင်နှင့်ချီ ကူညီစောက်ရှောက်ပေးထားကြောင်း AA ပြော၊ စားနပ်ရိက္ခာများ အရေးပေါ်လိုနေ (ရုပ်သံ)
အထင်သေးခံဘဝကနေ ရခိုင်ပြည်ကို သိမ်းပိုက်တော့မည့် AA
လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာသော မွတ်ဆလင်များကို AA က ကူညီဆောင်ရွက်ပေးနေကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော
ရခိုင်မှာ ၂ နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးရန် အရေးတကြီးလိုအပ်နေ
DMG သတင်းထောက်နှင့် ရုံးဝန်ထမ်း အကြမ်းဖက်မှုပုဒ်မဖြင့် ထပ်တိုးအမှုဖွင့်ခံရ
ဆန်ရောင်းဝယ်မှု ကန့်သတ်သတင်းကြောင့် ကျောက်ဖြူတွင် ဆန်ဈေးမြင့်တက်
စစ်ကောင်စီဌာနချုပ်နှစ်ခု သိမ်းပိုက်ရေး AA က ထိုးစစ်အရှိန်မြှင့် 
ရခိုင်လွတ်မြောက်နယ်မြေတွင် စစ်ကောင်စီထုတ် အရက်ဘီယာများ ရောင်းအားကောင်းနေ
အာရက္ခပြည်က လူမျိုးရေးအသွင်ဆောင် ပဋိပက္ခကို ဆန်းစစ်ခြင်း
သံတွဲမှာ တိုက်ပွဲကြောင့် လူဦးရေ တစ်သောင်းခန့် နေရပ်စွန့်ခွာ
UN လူ့အခွင့်အရေးအကြီးအကဲ Turk ကို AA က ဘယ်လို တုန့်ပြန်သလဲ
AA ကို အလိုမရှိကြောင်း မနက်ဖြန် ဆန္ဒပြရန် စစ်တွေက မွတ်ဆလင်များကို စစ်ကောင်စီက ဖိအားပေးနေ
စစ်တွေတွင် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုကြောင့် မွတ်ဆလင် ကလေးငယ် ၈၀ နီးပါး သေဆုံး
မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့်ပူးပေါင်းရန် ဆွေးနွေးချက် ရိုနေဆန်းလွင် ငြင်း
အမ်းက စစ်ရှောင်ကျေးရွာများမှ စားနပ်ရိက္ခာများကို စစ်ကောင်စီတပ်သားများ ခိုးယူနေ
မာန်အောင် သစ်ပုံရွာသားများကို စစ်ကောင်စီက အတင်းပြောင်းရွှေ့ခိုင်းနေ
ဘူးသီးတောင်မှာ ARSA နှင့် ARA အကြမ်းဖက်မှုမြင့်တက်
AA က သိမ်းပိုက်ထားသော မြို့နယ်များကို နေ့ည မကျန် လေကြောင်းဖြင့် စစ်ကောင်စီ ဗုံးကြဲနေ
ရခိုင်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပြန်အလှန်ကုန်သွယ်
စစ်တွေနှင့် ကျောက်ဖြူတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေ
မြေပုံ စညှင်း စစ်ကောင်စီ ပွိုင့် ၂၅၇ စခန်းအား AA ကထိုးစစ်ဆင် တိုက်ခိုက်နေ
ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲတွင် AA စစ်သမီးများ ပါဝင်တိုက်ခိုက်
ရခိုင်အရေး ညှိနှိုင်းပေးမည့် တရုတ် အာဏာရှင်ဟောင်း သန်းရွှေနှင့် အရင်တွေ့
၅ ရက်အတွင်း ဘူးသီးတောင်က ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို AA သိမ်းပိုက်
မာန်အောင်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွာသားဘက်က မရပ်ဘဲ စစ်ကောင်စီဘက်က ရပ်တည်ပေးနေ
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၀၀၀ ကျော်တိုးလာ
“အဓမ္မစစ်သားစုဆောင်ရပြီး ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေကို စစ်ကောင်စီက လိုက်လံ ရှာဖွေနေ၊ မတွေ့ရှိပါက မိသားစုဝင်များကို ဖမ်းဆီး”
စစ်ကောင်စီနှင့် AA ကြား ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးမည်ဟု တရုတ်ပြော
အပူပြင်းဆုံးရာသီဝင်လာ၍ ရခိုင်ကစစ်ရှောင်များ သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရ
ရခိုင်စစ်ပွဲ ၄ လကျော်အတွင်း အရပ်သားသေဆုံးသူ ၁၇၉ ဦးရှိ
ရခိုင်က HIV လူနာများ ART ဆေးပြတ်လပ်မှုဖြင့်ကြုံနေရ
မကွေးက စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များ လက်နက်ချအလင်းဝင်ရန် PRA ပြော
Move Forward ပါတီ ဖျက်သိမ်းရေး ခုံရုံးလက်ခံ၊ မကြာခင် ကြားနာပွဲလုပ်မည် 
တောင်ကုတ်မြို့မ စခန်းမှူး ဒုတိယရဲမှူး စန်းညွှန့် စခန်းမှ ထွက်ပြေး
အမ်းက စစ်ကောင်စီ တောဟိန်းတောင်ဗျူဟာကို AA က ထိုးစစ်ဆင်တိုက်ခိုက်
အမ်း နပခမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား အပါအဝင် ၆ ဦးကို PRA ဖမ်းဆီးထား
စစ်တွေကလက်နက်ကြီး ထိမှန်သော ပေါက်တောပြည်သူ ၆ ဦး
ဖျာပုံအကျဉ်းထောင် ဥပဒေမဲ့ရိုက်နှက်မှု နိုင်ငံရေးအကျဉ်းသား ၂၀ ဦး ပြင်းထန်ဒဏ်ရာရ
စစ်ကောင်စီပစ်ခတ်၍ ရခိုင်မှာ နှစ်ရက်အတွင်း အရပ်သား ၆ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ
တရုတ်နိုင်ငံသည် မြန်မာအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ISP စစ်တမ်းက ဖော်ပြ
အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ကြောင်း AA အရေးပေါ်ထုတ်ပြန်
စစ်ထဲဆွဲခေါ်ခံရသည့် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ နှိပ်စက်ခံရပြီးသေဆုံး
ရသေ့တောင်က စစ်ကောင်စီတပ်သားများ အလံဖြူထောင် လက်နက်ချခဲ့
မာန်အောင်က စီးပွားရေးလုပ်ငန်းရှင် ဦးစည်သူအောင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ
စစ်ကောင်စီဗုံးကြဲ၍ သေဆုံးဒဏ်ရာရခဲ့သည့် ရမ်းဗြဲဖက်ကြပ် ရွာလုံးကျွတ် တိမ်းရှောင်
စစ်ကောင်စီက စစ်မှုထမ်းရန် အတင်းခေါ်ယူနေ၍ သံတွဲနှင့် မာန်အောင်က လူငယ်အများအပြား တိမ်းရှောင်နေရ
ဘင်္ဂလားဒေ့ရှ်ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၅၀၀ ကျော်ရှိ၊ ၃၀၀ ကျော်ကို ပြန်ပို့ထား
ထိုင်းတွင် ကရိန်း မတော်တဆပြိုကျမှုကြောင့် သေဆုံးသူ ၆ဦးတွင် ရခိုင်တစ်ဦးပါဝင်၊ နစ်နာကြေးကို ပွဲစားတစ်ဦးက ထုတ်ယူ၊ မိဘများနှင့် အဆက်အသွယ် လိုနေ
စစ်ရှောင် ရခိုင်အမျိုးသမီးများ၏ စစ်ဘေးကာလ အခက်အခဲများ
မူးယစ်သားကောင်မှ မူးယစ်ပညာပေးဖြစ်လာသူ ဆရာမညို
မိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများ မပြုပြင်နိုင်သေးသည့် ရခိုင်တွင် တိုက်ပွဲကြား အပျက်စီးများထပ်ဖြစ်လာ
မြောက်ဦးခရီးသွားလုပ်ငန်း အသက် ဆက်လက်ရှင်သက်ဖို့ ရခိုင်ပြည် တည်ငြိမ်အေးချမ်းဖို့လို
စစ်တွေ ကမ်းနားလမ်း ကမ်းခြေအား ယနေ့ ညနေပိုင်း အခြေအနေ (ရုပ်သံ)
ဒီဇင်ဘာလ ပထမအပတ် ရခိုင်ပြည်ထူးခြားသတင်းများ
ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်း လက်နက်ဖြင့် မဖြေရှင်းဖို့ သဘောတူ
ပါတီ ဗဟိုရုံးချုပ် ဖြိုချ ဖျက်ဆီး ခံရခြင်း မရှိဟု ANP ဆို

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts