Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ဗျူဟာမြောက် ထိုးစစ်များနှင့် စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့် အာရက္ခတပ်တော် AA သည် ယနေ့ ရခိုင်ပြည် တစ်ခွင်ကို ထိန်းချုပ်ထားနိုင်ပြီဟု ယေဘူယျပြောနိုင်သည်။ မြို့နယ် ၁၇ ခု ရှိသည့် အထဲ ၃ ခုသာ ကွက်ကွက်လေး ကျန်တော့သည်။

ရခိုင်ပြည်ရှိ အကြီးမားဆုံး စစ်တပ်ဌာနချုပ် အနောက်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ် (နပခ အမ်း)နှင့် အတူ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် စကခ ၃ ခုအပါဝင် ခြေမြန်၊ ခြေလျှင်၊ အမြောက်တပ်၊ နယ်ခြားစောင့် စသည့် တပ်စခန်း အများစုမှာ နံပါတ်၊ နာမည် ပျောက် ပြီး စစ်ကောင်စီ ခြေရာများ မရှိတော့ပြီ။

လက်ရှိတွင် စစ်တွေ၊ ကျောက်ဖြူ အဓိက မြို့ ၂ ခုနှင့် ပင်လယ်ကျွန်းမြို့ မာန်အောင်သာ ရှိတော့သည်။ ယင်း ကြောင့် စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တယားသည် ရခိုင်ပြည်တွင် သက်ရောက်မှု မရှိတော့ပေ။ ယင်းကြောင့် ရခိုင်ပြည်နယ် အစိုးရ အမည်ကို “ စစ်တွေ စစ်ကောင်စီ အစိုးရ ” ဟုသာ ကင်းပွန်းတပ် ရတော့မည်။

စစ်ကောင်စီသည် ရခိုင်ပြည်ထဲတွင် စစ်တွေမြို့၊ ကျောက်ဖြူမြို့ကဲ့သို့ နေရာ အနည်းငယ်တွင် Toe Hole (ခြေမ တစ် ကုပ်စာ) ကုပ်ကပ်ပြီး ကျန်နေကာ  ၉၀ ရာခိုင်နှုန်းထိ အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီး ဖြစ်သည်။

ယင်းကြောင့် ယခုအခါ ရခိုင်ပြည်ကို ULA/AA သည် ကိုယ်ပိုင် စီမံပြဌာန်း အုပ်ချုပ်နိုင်သည့် Autonomy မျိုးရရှိနေ သည်။ နေပြည်တာ် ဗဟို အစိုးရ၏ အာဏာစက်အောက်ကနေ သီးခြား ကင်းလွတ်သည့် ဒေသအုပ်ချုပ်မှုကို ULA /AA က ဖော်ဆောင်နေသည်။

AA လုပ်ဆောင်ရမည့် အရာနှင့် စိန်ခေါ်မှုများ

အာရက္ခတပ်တော်၏ အမျိုးသားရေး၊ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင် ‘ ရက္ခိတအိပ်မက် ’ အဓိပ္ပာယ်မှာ ကျယ်ပြန့် နက်နဲသော်လည်း အကြမ်းဖျင်းအားဖြင့် ‘ သီးခြား လွတ်လပ်သော ဒေသတစ်ခုကို ’ အခြေခံကြောင်း နားလည် ရ သည်။ တစ်နည်းအားဖြင့် ကွန်ဖက်ဒရိတ်ဟုလည်း ဆိုနိုင်သည်။

ယနေ့ အာရက္ခတပ်တော်သည် ဒေသတစ်ခုလုံး ကိုယ့်ခြေကိုယ့်လက်ဖြင့် Self Determination (ကိုယ်ပိုင် ပြဌာန်း ခြင်း) စနစ်ကို စတင် ကျင့်သုံးနေသည်။ တစ်ဖက်တွင်လည်း “ တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်းတိုက် ” မဟာဗျူဟာ အရ သွားနေသည်ကိုတွေ့ရသည်။

ယင်းကြောင့် ထိန်းချုပ်နယ်မြေများကို ကိုယ်တိုင်စီမံခန့်ခွဲ အုပ်ချုပ်ရေးတွင် လူမှုစီးပွားဘဝကို အခြေတည်ထား သည့် အာရက္ခတပ်တော်အတွက် ခက်ခဲနက်နဲသော စိန်ခေါ်များလည်း ဆီးကြိုနေသေးသည်။

တိုင်းပြည်သစ်ထူထောင်ရန် လိုအပ်ချက်များစွာရှိသော်လည် ယခုဆောင်းပါးတွင် အခြေခံအကျဆုံး အဓိက ၄ ချက် ကို မီးမောင်းထိုးပြချင်ပေသည်။ ယင်းမှာ ၁။ ဒေသတည်ငြိမ်အေးချမ်းရေး၊ ၂။ ပြန်လည်ထူထောင်ရေး၊ ၃။ စီးပွား ရေး၊  ၄။ လူသားအရင်းအမြစ် တို့ဖြစ်သည်။

ဒေသ တည်ငြိမ်အေးချမ်းရေး

AA သည် ထိန်းချုပ်နယ်မြေကျယ်ပြန့်လာသည့်နှင့် တပြိုင်နက် စစ်ရှုံး စစ်ကောင်စီသည် အကြမ်းဖက်မှု မျိုးစုံကို ဆက်တိုက်ကျူးလွန် နေဆဲမြင်ရသည်။ AA ၏ အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို ပယ်ချပြီး သဲကြီးမဲကြီး ရခိုင်ပြည် ပျက်စီးအောင် စစ်ကောင်စီ လုပ်ဆောင်နေ၏။ ယင်းအထဲတွင် လေကြောင်းအန္တရာယ်ဖြစ်သည်။ ယနေ့အခါ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦ မကျန် အာလုံးကို လှည့်ပတ်ပြီး လေကြောင်း ဗုံးကြဲမှုများကို နေ့စဉ်ရက်ဆက်၊ နေ့ညမရွေး ပြုမူနေသည်။

ယင်းကြောင့် ရခိုင်ဒေသနေ လူမျိုးပေါင်းစုံမှာ လုံခြုံမှုကင်းမဲ့နေပြီး ဆောက်တည်ရာမရ ကြောက်ရွှံ့စိတ်များဖြင့် ဖြတ်သန်းနေရသည်။ လေကြောင်း ဗုံးကြဲမှုအောက်တွင် သေဆုံးဒဏ်ရာရ၊ စီးပွားပျက်သူများလည်း ဒုနှင့်ဒဲ ရှိနေ သည်။ ယင်းကြောင့် ရှုံးမဲ့မဲ့ကာ အာဃာတများဖြင့် ရခိုင်ပြည်ကို မြေလှန်ဖျက်ဆီးနေသည့် စစ်ကောင်စီကို နိုင်ငံ တ ကာ ဖိအားများဖြင့် အရေးယူရန် လိုအပ်လာပေသည်။ ထိုသို့ မဟုတ်ပါကလည်း နိုင်ငံရေး ဆွေးနွေးပွဲများက တစ် ဆင့် (Bilateral) ပဏာမ အပစ်ရပ်စာချုပ် တစ်ခုလိုအပ်လာပေသည်။

ထို့အတူ စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသည့် မွတ်ဆလင်လက်နက်ကိုင် အုပ်စု အန္တရာယ်ကလည်း AA ၏ အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူ့လုံခြုံရေးကို အနှောက်ယှက်ပြုနေသည်။ ယခုအခါ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ် အထိ စိမ့်ဝင်လှုပ်ရှားပြီး ဒေသခံကို အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ ကျူး လွန်နေသည်။ ထို့အတူ ARSA၊ RSO က ခြုံခိုတိုက်ခိုက်သဖြင့် ယင်းဒေသရှိ AA တပ်ဖွဲ့ဝင်များပင် ကျဆုံးဒဏ်ရာ ရ မှုများဖြစ် နေရသည်။ 

ဆက်လက်ပြီး လူစည်ကားရာ ရခိုင်ပြည် အတွင်းပိုင်းသို့  ARSA၊ အကြမ်းဖက်လုပ်ငန်းများ ဝင်ရောက်လာမည့် အခြေအနေထိ စိုးရိမ်စရာ ရှိနေလာနေသည်။ ထို့ကြောင့် ULA အုပ်အုပ်မှုအောက်တွင် လူမျိုးဘာသာမရွေး ပြည်သူ တစ်ဦးချင်းစီ၏ အသက် အန္တရာယ်လုံခြုံရေးအတွက် ကာကွယ်ပေးရန် အစွမ်းကုန် ကြိုးပမ်း ရဦးမည်။ ဘူးသီး တောင်၊ မောင်တောနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် ဝင်ပေါက်ထွက်ပေါက်များသည် တောတောင် ထူထပ်သဖြင့် လတ် တစ်လောတွင် အလုံးစုံတား ဆီးရန်၊ ကာကွယ်ပေးရန် အာရက္ခတပ်တော်က မနိုင်မနင်းဖြစ်နေပေသည်။

ထို့အတူ အခြားတစ်ဖက်တွင်လည်း ရခိုင်ပြည်တစ်ခုလုံးကို လက်လွှတ်တော့ရမည် စစ်ကောင်စီသည် စစ်မှုထမ်း ဥပဒေကို ကိုင်တွယ်ကာ လူသစ်စုနေသည်။ မကြာမီအချိန်တစ်ခုတွင် ရခိုင်ပြည်က ဆုံးရှုံးနယ်မြေများကို ပြန်လည် ထိုးစစ် ဆင်လာနိုင်သဖြင့် AA စစ်သည်အင်အား အများအပြားဖြင့် နယ်စပ်များတွင် တပ်လှန့်ထားရန်လိုအပ်သည်။

ယင်းကြောင့် ဒေသနေပြည်သူများ လုံခြုံစိတ်ချစွာ လူမှုရေး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးအတွက် ခိုင်မာ သည့် လုံခြုံရေး အစီအမံများလိုအပ်သည်။ ဆိုလိုသည်မှာ AA တပ်ဖွဲ့ဝင်အများအပြားကို  ပြည်မနယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် တပ်လှန့်ကာ ဒေသခံများ အသက်အိုးအိမ် လုံခြုံရေး အာမခံချက်ပေး ထားရန်လိုအပ်လာပေမည်။

ပြန်လည်ထူထောင်ရေး

၂၀၂၃ နိုဝင်ဘာက စတင်ခဲ့သည့် ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း ဒေသနေ ပြည်သူအားလုံးမှာ စစ်ဘေးရှောင် ဘဝ ဖြင့် ရွှေ့ပြောင်း တိမ်းရှောင်နေခဲ့ရသည်။ ယခုအခါ နေရပ်ပြန်တစ်ချို့မြင်ရသော်လည်း အများစုမှာ မပြန်နိုင် ကြ သေးပေ။ စစ်ပွဲအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၇ သိန်းထိရှိနေခဲ့ကြောင်း အကြမ်းအားဖြင့် နားလည်နိုင် သည်။ ထို့အတူ စစ်ပွဲအတွင်း နေအိမ်ပျက်စီးဆုံးရှုံးမှု သောင်းနှင့်ချီရှိနေသည်။ စစ်ပွဲ၏ နောက်ဆက်တွဲ စစ်ကောင် စီ လေကြောင်း၊ လက်နက်ကြီးစသည့် လုပ်ရပ်များကြောင့် သေဆုံး၊ ဒဏ်ရာရသူ ထောင်နှင့်ချီ ရှိခဲ့သည်။

ယနေ့အချိန်ထိ ပြည်သူအများစုမှာ စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြရပြီး ပြန်လည်ထူထောင်ရေး မသေချာ သေးပေ။ စစ်ဘေးရှောင်များမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီ အခွင့်အလမ်းများ မရရှိဘဲ ပင်ပန်း ဆင်းရဲစွာ အိမ်ပြန်လမ်းကို စောင့်မျှော်နေကြသည်။

စစ်ကောင်စီ၏ လမ်းခရီး ကုန်စည်စီးဆင်းမှုကို ပိတ်ဆို့မှုဒဏ်ကြောင့် ရခိုင်လူထုမှာ အစာရေစာ ဆေးဝါး အစ အရာရာ ပြတ်လပ်နေကြသည်။ ဆေးဝါးပြတ်လပ်မှုကြောင့် သေဆုံးသူများရှိနေသလို ကိုယ်ဝန်ဆောင်မိခင်နှင့်၊ ၂ နှစ်အောက် ကလေးငယ်များမှာ ယနေ့အချိန်ထိ ကာကွယ်ဆေးမထိုးကြရသေးပေ။ ထို့အတူ စစ်ရေးပဋိပက္ခ ကြောင့် ရခိုင်ပြည်အနှံ့တွင် တောင်းရမ်းစား သောက်သူများလာမှုကို မမြင်ချင်အဆုံးဖြစ်နေရှာသည်။

အဓိက AA ထိန်းချုပ်နယ်မြေ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ စသည့် မြို့ရွာ အနှံ့တွင် အလှူခံများ နေ့စဉ်မြင်ရသည်။ ကျေးရွာများကို ရွာစဉ်လျှောက်ကာ ဆန်၊ အဝတ်အထည်နှင့် အခြား အသုံးဆောင်ပစ္စည်းများကို စစ်ဘေးရှောင်ကလေးငယ်များ၊ အမျိုးသမီးများက လိုက်လံ အလှူခံနေသည်ကို နေ့စဉ်မြင်ရသည်။

ယင်းကြောင့် ရခိုင်ပြည်က ဒုက္ခသည်များကို လူသားချင်းစာ နာမှုအကူအညီများ အချိန်မီရောက်ရှိနိုင်ရေး UN ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများအား ရရာနည်းလမ်းဖြင့် တိုက်တွန်းတောင်းဆိုသင့်သည်။ ULA ၏ နိုင်ငံ ခြားဆက်ဆံရေး ဌာနအနေဖြင့် ထိရောက်မည့် အစီအမံများဖြင့် နိုင်ငံကြီးများကို လက်တွေ့ ချဉ်း ကပ်ရန် သံတမံရေးရာ အခင်းအခင်းအရေး ကြီးလာသည်။

ဆိုလိုသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ခြမ်းကဖြစ်စေ၊ အိန္ဒိယနိုင်ငံကဖြစ်စေ ကုလသမဂ္ဂအစီစဉ်ဖြင့် ရခိုင်ဒုက္ခ သည်များထံသို့ လူသားချင်းစာနာမှု အကူအညီများ အမြန်ဆုံး ဝင်ရောက်နိုင်ရေးကို ဦးစားပေး ဆောင်ရွက်သင့် သည်။ ယင်းမှသာလျှင် ရခိုင်ပြည် ပြန်လည်ထူထောင်ရေးကို တစ်ထောင့်တစ်နေရာကနေ အထောက်ပြုပေမည်။

စီးပွားရေး

၂၀၁၉ ကိုဗစ် ကာလကနေ ကမ္ဘာအနှံ့တွင် စီးပွားရေးအကျဖက်သို့ ရှိခဲ့သည်။ ယင်းအချိန်ကစပြီး ရခိုင်ပြည် အနှံ့တွင် စစ်မီးများတောက်လောင်ခဲ့ကာ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုဆိုးလာသည်။ ထိုမှတခါ စစ်ပွဲကို အကြောင်း ပြ၍ စစ်ကောင်စီက ပြည်မနှင့် ရခိုင်ကြားက ကုန်သွယ်ရေး ထွက်ပေါက်/ဝင်ပေါက်များကို ပိတ်ဆို့ လိုက်သဖြင့် ရခိုင် ပြည်သူများ တစ်ပူပေါ်သုံးပူ ဆင့်ခဲ့ရသည်။ ယနေ့ ရခိုင်ပြည် စီးပွားရေး ချွတ်ခြုံကျနေပြီး စစ်ရေး ပဋိက္ခက လည်း မီးလောင်ရာ လေပင့်စေသည်။

ထင်သာမြင်သာ ပြရလျှင် အာဏာမသိမ်းခင်က ကော်ဖီမစ် တစ်ထုတ်တန်ဖိုးသည် ကျပ် ၁၀၀ ရှိရာနေ ယနေ့ အခါ ၁၀၀၀ ကျပ်၊ သွားတိုက်ဆေး တစ်ဘူး ၁၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်၊ စက်သုံးဆီ တစ်လီတာကို ၁၃၀၀ ကနေ ၁၅၀၀၀ ကျပ်စသည်ဖြင့် မရှိမဖြစ်လိုအပ်သည့် အခြေခံစားသောက်ကုန်များမှာ ဆယ်ဆအထိ ခုန်တက် သွား သည်။

ထို့အတူ အာဏာမသိမ်းခင်က ဆန်ပေါ်ဆန်းမွေးဆန်တစ်အိတ်ကို ကျပ် ၅၀၀၀၀ ကနေ ယခုအခါ တစ်သိန်းကျပ်၊ ကြက်သား၊ တစ်ပိဿာကို ကျပ် ၁၈၀၀၀၊ ယနေ့အခါ ၇၀၀၀၀ ကျပ်နှင့် ဝက်သား တစ်ပိသာကို ကျပ် ၁၈၀၀၀ ကနေ ၄၀၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာကို ကျပ် ၁၈၀၀၀ ကနေ ၃၆၀၀၀ ကျပ်၊ ကြက်ဉတစ်လုံးကို ကျပ် ၂၀၀ ကနေ ၁၂၀၀ ကျပ်စသဖြင့် ကုန်ဈေးနှုန်း တရိပ်ရိပ်မြင့်တက်သွားသည်။

ယခု ရခိုင်ပြည် စီးပွားရေး ကဏ္ဍပိုင်းမှာလည်း စိန်ခေါ်ချက် ကြီးမားနေဆဲဖြစ်သည်။ ရခိုင်ပြည် စီးပွားရေးမှာ စိုက် ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကုန်သွယ်ရေးတို့ ဖြစ်သည်။ ရခိုင်ပြည်သူများတွင် ကျေးလက်နေ လယ်သမား အများ စုဖြစ်သည်။ လယ်ယာထွက်ကုန်များ လျှော့ကျနေ၏။ အဓိက ဓာတ်မြေဩမသုံး စွဲနိုင်ခြင်း လျှော့ကျ သွား ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်နှင့် ယခုအချိန်ထိ ရခိုင်လယ်သမားများတွင် စပါးရောင်းမထွက်၊ စပါး ဈေးကွက် မရှိ ဖြစ်နေ၍ ကျပ်တည်းခက်ခဲနေကြသည်။ ရခိုင် လယ်သမားကျပ်တည်းမှုသည် ရခိုင်ပြည်သူကျပ်တည်းမှုဟု ဆိုနိုင် ၏။

ရခိုင်ပြည်စီးပွားရေးကို ဦးဆောင်ရန် ULA ဦးဆောင်သည့် ရခိုင်ကုန်သည်ကြီးများ အသင်းသည်လည်း ထင်သ လောက် ခရီးမရောက်သေးခြင်းကို မြင်ရသည်။ အဓိက လယ်သမားများအတွက် သင့်တင့်သည့် ဈေးနှုန်းဖြင့် ဓာတ် မြေဩဇာများ မတင်သွင်းနိုင်ခဲ့သလို စပါးဈေးကွက် ဝယ်ယူရေးတွင်လည်း ယနေ့အထိ မဖော်ဆောင် နိုင်သေးပေ။

ထို့အတူ ရခိုင် ကုန်သည်ကြီးများ အသင်းဝင် ထိပ်ပိုင်းခေါင်းဆောင်များမှာလည်း ကိုယ်ကျိုး စီးပွားရေးသမား များ အဖြစ် မြင်နေရသည်။ ပြည်သူများ မရှိဖြစ်လို အပ်နေသည့် အခြေခံ လိုအပ်ချက်များကို သင့်တော်သော ကုန်ဈေး နှုန်းတစ်ခု အဖြစ် မထိန်းထား နိုင်သေးပေ။

ယင်းအချက်များကို ကျော်လွှားရန်အတွက် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နှင့် ရခိုင်ပြည် တစ်ခုလုံးစာ အတိုင်းတာ ပမာ ဏဖြင့် ကုန်သွယ်ရေး လုပ်ဆောင်ရန် အရေးကြီးသည်။ ထို့အတူ ရေလုပ်ငန်းများမှာလည်း အခြား နိုင်ငံများသို့ တင် ပို့နိုင်ရန် ရရာနည်းလမ်းဖြင့် လမ်းကြောင်းရှာသင့်ပြီး ပြည်သူများ အသက်ရှူ ချောင်လည်ရေး၊ အခြေခံ လူ တန်းစား အလုပ်အကိုင် အခွင့်အလမ်းများ ရှာကြံပေးရန် အရေးကြီးလာသည်။ ယင်းအထဲတွင် ခေတ်ပျက်သူဌေး သို့မဟုတ် ကိုယ်ကျိုးရှာ စီးပွားရေးသမားများကို အာရက္ခတပ်တော်က စောင့်ကြည့်ရန် လိုအပ်ပေမည်။

လူသားအရင်းအမြစ်

တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေးသည် လူ့သားအရင်းအမြစ်တည်ရှိမှုနှင့်အတူ၊ အုပ်ချုပ်သူ လူတန်းစား၊ အခြေ ခံအလုပ်သမား၊ စီးပွားရေးပညာရှင်၊ နယ်ပယ်အသီးသီးရှိ တတ်သိ ပညာရှင်များ ပိုင်ဆိုင်မှုနှင့် အချိုးချတွက် ချက် နိုင်သည်။

ထို့အတူ ပထဝီနိုင်ငံရေးနှင့် သဘာဝ သယံဇာတပိုင် ဆိုင်မှုမှာလည်း အခရာကျလှသည်။ ရခိုင်ပြည်သည် ကမ္ဘာ တွင် ပထဝီဝင်နိုင်ငံရေး အားသာချက်ရှိသည်။ ပင်လယ်ထွက်ပေါက်နှင့် တောတောင်ရေခံ မြေခံကောင်း သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်တွင် လူဦးရေ သုံးသန်းရှိကြောင်း အကြမ်းအားဖြင့်နားလည်နိုင်သည်။ ယနေ့ အနေအထားအရ ကျွမ်းကျင်လုပ်သားအင်အား၊ ပညာရှင်အဆင့်ရှိသော လူ့အရင်းအမြစ် စသောအချက်အလက် များကို တိုင်းတာရန် လိုအပ်လာသည်။ တိုင်းပြည်တည်ဆောက်ရေးတွင် ကျွမ်းကျင်လုပ်သားနှင့် လူ့စွမ်းအား အ ရင်းအမြစ် အားသာသော နိုင်ငံများသည် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လေ့ရှိသည်။ ဥပမာ ဂျပန်နိုင်ငံ ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်တွင် စစ်ရှုံးပြီး စီးပွားရေး ချွတ်ခြုံကျခဲ့သော်လည်း အချိန်တိုတိုအတွင်း ကမ္ဘာ့ထိပ်ဆုံးသို့ ရောက် သွားသည်ကို တွေ့ရပေသည်။

ထို့ကြောင့် ရခိုင်ဒေသကို ဦးဆောင်မည့် ULA အစိုးရသည် ကျွမ်းကျင်လုပ်သားနှင့် လူ့စွမ်းအားအရင်းအမြစ် မွေး ထုတ်ခြင်းကို ဦးစားပေးရပေမည်။  လိုအပ်ပါက အချိန်တိုအတွင်းပြုစု ပျိုးထောင်တည်ဆောက် ပြောင်းလဲရမည်။

ပင်လယ်ရေပြင်မှ သား ငါးပုစွန်၊ ဆားများထွက်၏။ လွင်ပြင်ကျယ်တွင် ဆန်၊ စပါး၊ ဟင်းသီးဟင်းရွက်ထွက်၏။ တောတောင်များမှ သစ်တောထွက်ကုန်များရှိ၏။ ယင်းထွက်ကုန်များကို စနစ်တကျ စီမံထုတ်လုပ်ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသော အိမ်နီးချင်း နိုင်ငံများသို့  တင်ပို့နိုင်ရန် အရေးကြီးသည်။ ယခုအခါ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ တို့မှ သွင်းကုန်သာရှိပြီး၊ ရခိုင်ပြည်ကနေ ထုတ်ကုန် တင်ပို့နိုင်ခြင်းမရှိသေးပေ။

ယခင်ကာလတုန်းက ရခိုင်ပြည်ထွက်ကုန် ဆန်၊ ပုစွန်၊ ကဏန်း၊ မြေပဲ၊ ကွမ်းသီး၊ အုန်းသီး၊ ငါးခြောက်၊ ဆားစသည့် ကုန်စည်များကို ဘင်္ဂလားဒေ့နိုင်ငံသို့ တင်ပို့နိုင်ခဲ့သည်။ ယနေ့အခါ တစ်ခုမျှမတင်ပို့နိုင်သေးပေ။ ဆိုလိုသည်မှာ အ ရည်အသွေးနည်း၍ ဖြစ်လျှင် အရည်အသွေးမြှင့်တင်ရန် နည်းပညာ၊ ငွေကြေးစသည့် အခွင့်အလမ်းများကို ကုန် သည်ကြီးများအသင်းကနေ အားသွန်ခွန်စိုက် ထောက်ပံ့ပေးရန် အရေးကြီးလာပေသည်။ နိုင်ငံခြားဈေးကွက် ရှာဖွေ ရေးအတွက်လည်း ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ အာဏာပိုင်များနှင့် နည်းလမ်းရှာပြီး အဖြေရှာသင့်ပြီဖြစ်သည်။ ယနေ့ အချိန်တွင် ကုန်သည်ကြီးများအသင်းက တစ်စုံတစ်ရာအထိ တိုးမပေါက်ခြင်းကို မြင်ရသည်။

ထို့အကြောင့် ရခိုင်ပြည်အတွက် တော်လှန်ရေးတွင် လက်ရုံးရည်ကောင်းခဲ့သည့် AA သည် ယနေ့ တည်ဆောက် ရေးတွင် နှလုံးရည်အားကောင်းသည့် ULA ဖြစ်ရန် အရေးကြီးလာသည်။ ယင်းအတွက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အားလုံးတွင် လူမှန် နေရာမှန်ချထား နိုင်ရေး ဂရုတစိုက်ဆောင်ရွက်သင့်သည်။

အနှစ်ချုပ်

အထက်ပါ ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို အတိုင်းတာတစ်ခုထိ မဖြည့်စည်းပေးနိုင်ပါက နောင်လာမည့် အချိန်တစ်ခုတွင် ULA/AA အပေါ် ရခိုင်ပြည်သူများက ငြိုငြင်မှုများ၊ မေးခွန်းထုတ်စရာများ ရှိလာနိုင်သည်။

ယင်းကြောင့် ယခုနှစ်အတွင်း အဆိုပါ အကျပ်တည်းများကို အားလုံမဟုတ်လျှင်တောင် ပြည်သူများ မရှိမဖြစ် လိုအပ်ချက်များကို အတိုင်းအတာတစ်ခုထိ ဖြေလျှော့နိုင်ရေး ULA ဘက်က လုပ်ဆောင်ပေးရန် ပြည်သူများ အားကိုး နေကြသည်။

ထို့အတူ  ပြည်သူများလည်း ယနေ့အထိ ဒုက္ခပေါင်းများစွာကို ခါး စည်းခံပြီး ULA/AA ၏ လမ်းစဉ်အတိုင်း  ထောက် ခံမှု အပြည့်ဖြင့် အားတင်းကာ သည်းခံလိုက်ပါ နေကြသည်။

ယင်းကြောင့် စိန်ခေါ်မှုပေါင်းမြောက်မြားစွာကို ULA/AA အနေဖြင့် တစ်ဆင့်ချင်း စနစ်တကျလုပ်ဆောင်နိုင်ပါကသီးခြားလွတ်လပ်သော ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှု အလျင်အမြန် ဖြစ်လာတော့မည်ပင်။

တစ်နည်းအားဖြင့် ပြည် သူတစ်ရပ်လုံး ထောက်ခံခဲသည့် ရခိုင်ပြည်သိမ်း တိုက်ပွဲကြီးအောင်မြင်စွာပြီးဆုံးကာ AA နှင့် ပြည်သူတို့ လိုချင်သော “ New Political Model” နိုင်ငံရေး ပုံစံသစ် တစ်ခုကို ရရှိနိုင်မည်ဖြစ်ကြောင်း သုံးသပ် လိုက် ရသည်။

(ယခု အတွေးအမြင် ဆောင်းပါး ကို Western News က ရေးသားသည်)

ဆက်စပ်သတင်းများ