ငလျင်ဘေးသင့် မြန်မာပြည်သူများကို အီးယူက ယူရို ၂.၅ သန်း ကူညီမည်
ငလျင်ဘေးကြောင့် ဒုက္ခရောက်နေသော မြန်မာပြည်သူများကို ဥရောပသမဂ္ဂ EU က ကနဦး အရေးပေါ်အကူအညီအဖြစ် ယူရို ၂ သန်းခွဲ ကူညီပံ့ပိုးပေးမည်ဟု ယနေ့ မတ်လ ၂၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံရုံးက ထုတ်ပြန်သည်။ ယခု ထောက်ပံ့လိုက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခွဲဝေချထားပေးမှုသည် မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံးသူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အသက်များကို ကယ်တင်ရန်အတွက် အထောက်အကူဖြစ်စေမည်ဟု အီးယူက ပြောဆိုထားသည်။ ဥရောပသမဂ္ဂသည် နောက်ထပ်အကူအညီများ ပေးအပ်ပံ့ပိုးနိုင်ရန်အတွက် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်လျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။ ယခု ကူညီထောက်ပံ့မည့် ယူရို နှစ်သန်းခွဲအပါအဝင် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ထောက်ပံ့ထားသော ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီမှာ
ငလျင်သင့် မြန်မာနှင့် ထိုင်းကို ကုလသမဂ္ဂအဖွဲ့မှ ဒေါ်လာ ၅ သန်း ကူညီမည်
Western News| မတ် ၂၉ မြန်မာနှင့် ထိုင်းက ငလျင်ဘေးသင့်ပြည်သူများကို အမေရိကန်ဒေါ်လာ ၅ သန်းကူညီပေးမည်ဟု ကုလသမဂ္ဂအဖွဲ့မှက ပြောကြောင်း ရိုက်တာသတင်းဌာနက ယနေ့တွင် ဖော်ပြသည်။ ငလျင်ဘေးသင့်သူများအား ထောက်ပံ့ကူညီရန် မြန်မာနှင့် ထိုင်းကို ကနဦး ဒေါ်လာ ၅ သန်း ခွဲဝေပေးထားသည်ဟု OCHA အကြီးအကဲ ဖလက်ချာက ပြောသည်။ ၂၀၂၅ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် မြန်မာပြည်အလယ်ပိုင်းဒေသနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့တွင် အင်အားအလွန်ပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့သည်။ ငလျင်ဘေးသင့်ပြည်သူများအတွက် အလွန်ဝမ်းနည်းကြေကွဲကြောင်းလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောဆိုထားသည်။ ငလျင်ကြောင့် မြန်မာက စစ်ကိုင်း၊ မန္တလေး၊
“ဝ” အဖွဲ့က ငလျင်သင့်သူများကို ကျပ်သန်း ၂၀၀၀ ကူညီမည်
“ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က နိုင်ငံအနှံ့က ငလျင်ဘေးသင့်ပြည်သူများကို ကျပ်သန်း ၂၀၀၀ ကူညီမည်ဟု မတ်လ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ ယမန်နေ့ မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် ၇.၇ အဆင့်ရှိသော ငလျင်ကြီးမှာ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရှမ်း၊ ပဲခူးနှင့် မကွေးတိုင်းတို့တွင် လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု၊ သေဆုံးမှု အလွန်များပြားကြောင်း သိရသည်။ ယနေ့ မတ်လ ၂၉ ရက် နံနက် ၁၂ နာရီ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ နိုင်ငံအနှံ့က ငလျင်ကြောင့် သေဆုံးသူ ၁၀၀၂
ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၁၀၀၀ ကျော်လာ၊ မန္တလေးတိုင်းက ၇၀၀ နီးပါး ပါဝင်နေ
ယမန်နေ့ မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံအနှံ့တွင် သေဆုံးသူ ၁၀၀၂ ဦးအထိရှိလာပြီး မန္တလေးတိုင်းက သေဆုံးသူ ၆၉၄ ဦးပါဝင်ကြောင်း စစ်ကောင်စီက ဝါဒဖြန့် သတင်းမီဒီယာများမှ ယနေ့ မတ်လ ၂၉ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁,၀၀၂ ယောက် အထိရှိလာပြီး ဒဏ်ရာရသူပေါင်း ၂,၃၇၆ ယောက် ရှိလာပြီဟု စစ်ကောင်စီက ဆိုသည်။ အင်အားပြင်း ငလျင်မှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရှမ်း၊ ပဲခူးတိုင်း၊ မကွေးတို့တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သည်။ ယနေ့ နံနက်ပိုင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၀၀၀ ကျော်တွင် မန္တလေးတိုင်းက
ငလျင်ကြောင့် စစ်ကိုင်းမြို့ ၈၀ ရာခိုင်နှုန်းပျက်စီး
(သေဆုံးသူ ၅၀ နီးပါးကို အတည်ပြုပြီး သေဆုံးသူ ရာနှင့်ချီရှိနိုင်ကြောင်း ဒေသခံများပြော) ယမန်နေ့က မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် စစ်ကိုင်းမြို့ ၈၀ ရာခိုင်နှုန်းပျက်စီးသွားပြီး လတ်တလော စာရင်းအရ သေဆုံးသူ ၅၀ နီးပါးကို အတည်ပြုနိုင်ပြီး နောက်ထပ် သေဆုံးသူများရှိနိုင်ကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။ စစ်ကိုင်းတိုင်းတွင် ထိခိုက်သေဆုံးသူ များပြားသော်လည်း ကူညီကယ်ဆယ်ရေးအဖွဲ့များ နည်းပါး၍ အသေအပျောက်များပြားနိုင်ကြောင်း စစ်ကိုင်းပြည်သူတစ်ဦးက ပြောသည်။ ကူညီကယ်ဆယ်နေသူ စစ်ကိုင်းပြည်သူတစ်ဦးက “စစ်ကိုင်းက မန္တလေးထက်တောင် အသေအပျောက်များနိုင်တယ်။ မြတ်ကိုယ်ပိုင်သင်တန်ကျောင်းမှာ ကလေးတွေ စာသင်နေတုန်းပြိုကျတာ ကလေးအားလုံးဆုံးတယ်။ ပိနေတယ်။ လေးကျွန်းမြေအုတ် ကျောင်းမှာလည်း ယဉ်ကျေးလိမ္မာသင်တန်းသားတွေ ဖွင့်နေတုန်း ပြိုကျတာ ကလေးတစ်ဝက်နီးပါး
ငလျင်ကြောင့် စစ်ကိုင်း အကြီးဆုံး ကျောင်းတိုက်မှ သေဆုံးသူများနှင့် ပျက်စီးမှုများ
ငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့ အကြီးဆုံး ဇိနောဒယ စာသင်တိုက် ပြိုကျ ပျက်စီးမှုပြီး သံဃာတော်များနှင့် သာမဏေများ ထိခိုက် သေဆုံမှု များပြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့၏ အကြီးဆုံးထဲမှာပါသော ဇိနောဒယစာသင်တိုက်ကြီးနှင့် ကျောင်းဆောင်များမှာ ပြိုကျ ပျက်စီးမှုနှင့် သေဆုံးမှုများ မြင့်တက်လျက်ရှိနေပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေသည်။
ယနေ့ နံနက် ၆ နာရီအထိ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ၇၇ ကြိမ်ရှိ
ယမန်နေ့ မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်က အင်အားအလွန်ပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ယနေ့ မတ်လ ၂၉ ရက် နံနက် ၆ နာရီအချိန်အထိ နောက်ဆက်တွဲ ငလျင် လှုပ်ခတ်မှု ၇၇ ကြိမ်အထိရှိခဲ့ကြောင်း ထိုင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။ နောက်ဆက်တွဲ ငလျင်ငယ်များမှာ အားပျော့၍ ပြည်သူလူထုများအနေဖြင့် သိရှိခံစားရမည်မဟုတ်ကြောင်း ထိုးမိုး/ဇလက ပြောသည်။ ယမန်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် မြန်မာနိုင်ငံထဲက မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ရှမ်းတို့တွင် ထိခိုက်သေဆုံးမှု၊ ပျက်စီးမှု အလွန်များပြားပြီး ထိုင်းနိုင်ငံထဲတွင် ဘန်ကောက်မြို့ထဲက ဆောက်လက်စ
ငလျင်ကြောင့် နိုင်ငံအနှံ့ ဗလီ ၅၀ ထက်မနည်း ပြိုကျပြီး သေဆုံးသူ ၃၀၀ နီးပါးရှိနေ
မြန်မာနိုင်ငံအနှံ့ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်သွား၍ ဗလီ ၅၀ ထက်မနည်း ပြိုကျပြီး သေဆုံးသူ ၃၀၀ နီးပါးရှိသည်ဟု အစ္စလာမ်ဘာသာဝင်များက ပြောဆိုကြသည်။ ယမန်နေ့ မတ်လ ၂၈ ရက် သောကြာနေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် မြန်မာပြည်အလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်း တို့ကို ဗဟုပြု၍ ငလျင်လှုပ်ခတ် သွားခဲ့ခြင်းဖြစ်သည်။ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်မှုများကြောင့် လတ်တလော စာရင်းများအရ သေဆုံးသူ ၃၀၀ နီးပါးရှိနိုင်သည်ဟု ခန့်မှန်းထားသော်လည်း ဗလီများအောက်တွင် အလောင်းများစွာ ရှိနေသည့်အတွက် အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း မန္တလေးမှ အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။ “မန္တလေး
တရုတ် ကယ်ဆယ်ရေးအဖွဲ့များ မြန်မာနိုင်ငံသို့ ရောက်ရှိလာ
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦး ယနေ့ မတ်လ ၂၉ ရက် ဒေသစံတော်ချိန် မနက် ၇နာရီ ကျော်အချိန်တွင် မြန်မာနိုင်သို့ ရောက်ရှိလာကြောင်း ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီ အရေးပေါ်ကူညီရန် ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ဖြစ်သည်။ အသက်ကယ်ကိရိယာများ ငလျင်ကြိုတင်သတိပေးစနစ်များ ခရီးဆောင်ဂြိုလ်တုများ ဒရုန်းတွေအပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ၁၁၂ စုံ အဆိုပါ အဖွဲ့မှာ သယ်ဆောင် လာကြောင်း ဆိုသည်။ အလွန်အားပြင်းသည့်ငလျင်ဒဏ်ကို မြန်မာနိုင်ငံအတွင်းတွင် မန္တလေး၊ မေမြို့၊
ငလျင်ဘေး ကူညီမည်ဟု အမေရိကန် သမ္မတပြော
အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်သွားသည့် မြန်မာနိုင်ငံကို အကူအညီပေးသွားမည်ဟု အိမ်ဖြူတော် တွင် ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲ၌ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောကြားခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် တစ်ယောက်၏ မေးမြန်းမှုကို သမ္မတက ဖြေကြားသွားခဲ့ခြင်းဖြစ်ပြီး ကူညီရန်အတွက် တာဝန်ရှိသူများနှင့် စကားပြောနေကြောင်း ၎င်းက ဆိုသည်။ အမေရိကန်သမ္မတ ထရန့်က “ကျွန်ုပ်တို့က အကူအညီပေးသွားမှာပါ။ တာဝန်ရှိသူတွေနဲ့ စကားပြောဆိုခဲ့ပြီးပြီ ဖြစ်တယ်”ဟုပြောသည်။ အကူအညီပေးများ ဆက်လက်လုပ်ဆောင်ရန် မြန်မာနိုင်ငံဘက်မှာ တာဝန်ရှိသူများထံကို ပြောဆိုပြီး ဟု သမ္မတ ထရန့်က ပြောဆိုခဲ့သော်လည်း မည်သူနှင့်ပြောဆိုခဲ့သည် မည်သည့်ပုံစံဖြင့် အကူအညီပေးမည်ဆိုသည်ကို တိတိကျကျ ပြောဆိုခဲ့ခြင်း မရှိပေး မတ်လ ၂၈ရက်နေ့ မွန်းလွဲ ၁၂