စစ်ကောင်စီ၏ သေဒဏ် ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုမြောက်ဟု IIMM ဆို
အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် လူပုဂ္ဂိုလ်အချို့ကို အများမျက်မှောက်တွင် အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ် ကွက်မျက်ပါက ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှု မြောက်သည်ဟု IIMM က ဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM အနေဖြင့် စစ်ကောင်စီ၏ သေဒဏ်ချမှတ် ကွက်မျက်မည်ဆိုသည့် သတင်းများကို အနီးကပ်စောင့်ကြည့်နေကြောင်း စက်တင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။ IIMM ယန္တရားက စုံစမ်းရရှိထားသည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန် အင်းစိန်အကျဉ်းထောင်၌ လျှို့ဝှက်စွာအမှုစစ်ဆေးပြီး သေဒဏ်ချမှတ်ထားသော လူပုဂ္ဂိုလ်များသည် ကွက်မျက်မှုကို ခံရနိုင်ကြောင်း သိရသည်။ IIMM က “တရားမျှတသော အမှုစစ်ဆေးစီရင်မှု ဖြစ်စေသည့် အခြေခံလိုအပ်ချက်များအား မကျင့်သုံးဘဲ
ရေဘေးကြောင့် လွတ်နိုင်၍ ထိုင်းနိုင်ငံတွင် မွေးထားသည့် မီးကျောင်းများကို သတ်ရန်ဆုံးဖြတ်
ထိုင်းနိုင်ငံ မြောက်ပိုင်း ရေကြီးနိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ပြီးနောက် လမ်ပူခရိုင်မှာ မွေးမြူထားသော မိကျောင်းများကို သတ်ရန် မွေးမြူရေးပိုင်ရှင်က ဆုံးဖြတ်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မီးကျောင်းများ လွတ်မြောက်သွားနိုင်ပြီး ဒေသခံပြည်သူများအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး မသတ်ချင်သော်လည်း အမျိုးအကျိုးအတွက် သတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မွေးမြူရေးပိုင်ရှင်က ဆိုသည်။ ” ရက်စက်လို့ သတ်ဖြတ်တာမဟုတ်ဘဲ ရေဘေးကြောင့် သူတို့ လွတ်မြောက်သွားရင် လူတွေကို ထိခိုက်နိုင်တဲ့အတွက် သတ်ဖို့ ဆုံးဖြတ်ချက်ချတာကို ရက်စက်စွာ သတ်ဖြတ်တယ်ဆိုတဲ့ စကားလုံးကို မသုံးဖို့ မေတ္တာရပ်ခံပါတယ် ” ဟု ပြောသည်။ လက်ရှိတွင် မီးကျောင်းမွေးမြူရေးခြံ နံရံသည် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားပြီး ဆက်လက် မိုးသည်းထန်ပါက တံတိုင်းကျိုးသွားနိုင်ကာ
ပေါက်တောက မွတ်ဆလင် ၁၇ ဦး ငါးဖမ်းနေစဉ် ဖမ်းဆီးခံရ
ရခိုင်ပြည် ပေါက်တောမြို့နယ် အနောက်ရဲရွာ မွတ်ဆလင်ဒုက္ခသည်စခန်းမှ မွတ်ဆလင် ၁၇ ဦး ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်တွင် မြစ်ထဲ ငါးဖမ်းနေစဉ် အာဏာသိမ်း စစ်ကောင်စီ ရေတပ်က ဖမ်းဆီးသွားကြောင်း ဒုက္ခသည်များက ပြောသည်။ အနောက်ရဲရွာအနီး ကုလားတန်မြစ်ထဲ ငါးရှာဖွေနေစဉ် စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် စစ်ကောင်စီ နေဗီက သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့သည်ဟု အမည်မဖော်လိုသည့် မွတ်ဆလင်တစ်ဦးက ပြောသည်။ “ကုလားတန်မြစ်မှာ ကျားပိုက်နဲ့ ငါးသွားဖမ်းနေတဲ့အချိန် စစ်ကောင်စီရေတပ်နေဗီကနေခေါ် ဖမ်းဆီးသွားတာပါ။ ငါးဖမ်းနေစဉ် သေနတ်ပစ်ဖောက်ပြီး ဖမ်းသွားတာပါ။ အပြစ်မဲ့မွတ်ဆလင် ၁၇ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ လူတွေအားလုံး တစ်နေ့လုပ်
ဒီဇင်ဘာလ ပထမအပတ် ရခိုင်ပြည်ထူးခြားသတင်းများ
ဒီဇင်ဘာ ၄ ရက် – ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းတွေကိုပိတ်ထားလို့ ဒေသတွင်း ကုန်းဈေးနှုန်းမြင့်တက်မှုနဲ့ ကြုံနေရတဲ့သတင်း – AA နဲ့ဆက်စပ်တယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ လက္ကာကျေးရွာသားတွေရဲ့အမှုကို တရားသူကြီး အပြောင်းအလဲဖြစ်လို့ဆိုပြီး အပြီးသတ်အမိန့်မချဘဲ ထပ်မံရွေ့ဆိုင်းလိုက်တဲ့သတင်း -ရခိုင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလနောက်ဆုံးပါတ်ထဲမှာ စစ်တွေမြို့နယ်ဟာ ကိုဗစ်ပိုးတွေ့ဦးရေ အများဆုံးဖြစ်တဲ့ သတင်း – တင်းမကျေးရွာသားတွေဟာ နေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံတော်အဆင့်ထိ တင်ပြတောင်းဆိုထားပေမယ့်လည်း ၁ လ ကြာတဲ့အထိထူးခြားမှု မရှိသေးတဲ့သတင်း – ရခိုင်မှာ ၆ လကျော်အတွင်း ကိုဗစ် အတည်ပြုလူနာ ၅၀၀၀ ကျော်နဲ့ သေဆုံးသူ ၅၀၀ နီးပါးရှိတဲ့သတင်း – ရခိုင်က ကျောင်းသား ၄ ဦးအမှုရဲ့
သတိပြုပါ
သဘာဝဘေးကြုံရတိုင်းမှာ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေး ကိုယ်ကျိုးရှာ အမြတ်ထုတ်သူတွေ ရှိတတ်ပါတယ်။ အခုရေဘေးလို အရေးပေါ်အခြေအနေတွေမှာ နိုင်ငံရေးဆန်ပြီး ကိုယ်ကျိုးရှာတဲ့ ဆိုရှယ်မီဒီယာပေါ်ကပို့စ်တွေ သတိပြုပါ။ သဘာဝဘေးဖြစ်နေချိန်မှာ မျှဝေနေကြတဲ့ ပုံတွေ၊ စာတွေ၊ ဗီဒီယိုတွေကို အလုံးစုံယုံကြည်လိုက်လို့မရပါဘူး။ ခိုင်မာတဲ့ သတင်းလာရာလမ်းဖြစ်ရဲ့လားဆိုတာကို ဆန်းစစ်ပြီးမှ လက်ခံကြ၊ ပြန်လည်မျှဝေကြဖို့ ကိုလည်း သတင်းစကားလေးပါးလိုက်ပါရစေ။
ရေထဲခုန်ချသေဆုံးသည့် ပုဏ္ဏားကျွန်းက စစ်ရှောင်အလောင်း ရှာမတွေ့သေး
(စိတ်မွန်းကျပ်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းဖြစ်နိုင်ဟု သုံးသပ်) ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်အမျိုးသားတစ်ဦး ယမန်နေ့ စက်တင်ဘာလ ၂၂ ရက် နံနက် ၁၁ နာရီခန့်က ကုလားတန်မြစ်ထဲ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။ မြစ်ထဲ ခုန်ချသေဆုံးသွားသည့် အမျိုးသားမှာ အသက် ၂၅ နှစ်အရွယ် ကိုမောင်ကြီးဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ပေါ် ရွာဟောင်းရပ်ကွက်က ဖြစ်ကြောင်းနှင့် ၎င်းမှာ ပုဏ္ဏားကျွန်း-ကျောက်တော် ကားလမ်းမဘေး၌ မိသားစုနှင့်အတူ တဲထိုးနေထိုင် စစ်ရှောင်နေခြင်းဖြစ်သည်။ ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်စပြီး လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များနှင့် မိသားစုဝင်များက ကုလားတန်မြစ်ထဲ ရှာဖွေနေသော်လည်း ယနေ့ စက်တင်ဘာလ ၂၃ ရက် ညနေ
မြန်မာများ အလုံးအရင်းဖြင့် ဝင်လာ၍ ထိုင်းနိုင်ငံသားများ ကန့်ကွက်ဆန္ဒပြ
ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများ အလုံးအရင်းဖြင့် ရွှေ့ပြောင်းဝင်ရောက်လာ၍ ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံသားများ ကန့်ကွက်ဆန္ဒပြနေကြသည်။ ယနေ့ စက်တင်ဘာလ ၂၃ ရက် နေ့လယ် ၁၂ နာရီခွဲတွင် ဘန်ကောက်မြို့ရှိ စစ်ကောင်စီ မြန်မာသံရုံးရှေ့တွင် ထိုင်နိုင်ငံသား ၂၀ ဦးခန့်က ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြသူများ တောင်းဆိုချက်မှာ ” မြန်မာတွေက ဆိုင်တွေဖွင့်တယ်၊ ထိုင်းတွေ လုပ်ရမယ့် အလုပ်တွေကို ဝင်လုပ်တယ်။ အဲဒါကို ထိန်းသိမ်းပေးဖို့ တောင်းဆိုတယ်။ ပြီးတော့ သံရုံးကို စာပေးပြီး ပြန်ထွက်သွားကြတယ်” ဟု ဆန္ဒပြပွဲကို မျက်မြင်တွေ့ခဲ့သူတစ်ဦးက ရှင်းပြသည်။ ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများ အလုံးအရင်းဖြင့် ရွှေ့ပြောင်းလာမှုကြောင့် ဖြစ်ပေါ်လာသော အခြေအနေများနှင့်ပတ်သက်ပြီး အဓိက ကိုင်တွယ်ဖြေရှင်းပေးရန် စစ်ကောင်စီ
လားရှိုးကို စစ်ကောင်စီ ဆက်တိုက် ဗုံးကြဲနေ၍ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အလဟသ ဖြစ်မည်ဟု MNDAA သတိပေး
(သတင်းတို) ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသော ရှမ်းမြောက်က လားရှိုးမြို့ကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက် ဗုံးကြဲနေ၍ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အလဟသ ဖြစ်စေမည်ဟု MNDAA က စက်တင်ဘာလ ၂၂ ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။ လားရှိုးမြို့ပေါ်က စာသင်ကျောင်း၊ လူနေရပ်ကွက်နှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို စက်တင်ဘာလ ၂၁ ရက် ည ၁၀ နာရီကျော်အချိန်က စစ်ကောင်စီ လေကြောင်း ဗုံးကြဲပစ်ခတ်မှု ပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း လားရှိုးမြို့ ရပ်ကွက် ၁၂ က အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းရှေ့နှင့် စည်ပင်သာယာရုံး လမ်းမပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ပြည်သူတစ်ဦး
မြန်မာက စစ်သွေးကြွ ၉၀၀ ကျော် ဝင်ရောက်လာ၍ အိန္ဒိယ မဏိပူရ သတိပေးချက် ထုတ်ပြန်
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံမှ ကူကီးစစ်သွေးကြွဟု သံသယရှိသူ ၉၀၀ ခန့် ဝင်ရောက်လာနိုင်ကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် မဏိပူရပြည်နယ်တွင် ပြင်းထန်သော တပ်လှန့်မှုလုပ်ထားကြောင်း သိရသည်။ သို့သော်လည်း ကူကီးအသိုက်အဝန်းကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတစ်ခုက လုံခြုံရေးအရာရှိ၏ စွပ်စွဲချက်များကို ငြင်းဆိုကာ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။ မဏိပူရ၏ လုံခြုံရေးအကြံပေး Kuldiep Singh က စစ်သွေးကြွများနှင့် ပတ်သက်သည့် အချက်အလက်များကို ထောက်လှမ်းရေးအေဂျင်စီ အသီးသီးသို့ မျှဝေခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် မေလကတည်းက မဏိပူရမြို့သည် စီးပွားရေးအကျိုးအမြတ်များနှင့် ခွဲတမ်းဆိုင်ရာ အငြင်းပွားမှုများကြောင့် လူများစု Meitei နှင့် လူနည်းစု Kuki