ရခိုင်မြောက်ပိုင်း မိုးသည်း လေးမြို့မြစ်ရေတက်လာ
ရခိုင်ပြည် မြောက်ပိုင်းဒေသမှာ ပြီးခဲ့သည့် ၃ ရက်ခန့်ကစ၍ မိုးဆက်တိုက်ရွာသွန်းနေပြီး ယနေ့အချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းနေကြောင်း ဒေသခံများထံမှ သိရသည်။ လေးမြို့မြစ်ရေနှင့် ကုလားတန်မြစ်ရေမှာ အနည်းငယ် ရေတက်လာနေပြီး တကျော့ပြန် ရေကြီးရေလျှံဖြစ်မည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ မြောက်ဦးဒေသခံတစ်ဦးက ” မိုးက ရွာနေတာ ၃ ရက်ရှိပြီး ဆက်တိုက်ပဲ။ နေပူဖို့ အလားအလာတောင် မမြင်ရဘူး။ မှောင်မဲနေတာ။ လေးမြို့မြစ်ရေနဲ့ ကုလားတန်မြစ်ရေကလည်း တောင်ကျရေတွေကြောင့် နည်းနည်းတက်လာနေတယ်လို့ သိရတယ်။ လေးမြို့မြစ်မှာဆို အနိမ့်ပိုင်းက ရွာတွေက သတိထား စောင့်ကြည့်ပြီး ရွှေ့ပြောင်းဖို့ အဆင့်သင့်လုပ်ထားတယ်လို့ သိရတယ်။ ” ဟု ပြောသည်။ တောင်သူလယ်သမားများမှာလည်း စပါးစိုက်ပျိုးပြီးသည့်အချိန်ဖြစ်၍ နောက်ထပ်တစ်ကြိမ် စပါးခင်းများအား
ဧပြီလမှ ဇွန်လအတွင်း စစ်ဆင်ရေးနှင့် တိုက်ပွဲဖော်ဆောင်မှုများ
၂၀၂၄ ခုနှစ်၊ ဒုတိယ (၃) လတာအတွင်း လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီအကြား တိုက်ပွဲဖော်ဆောင်မှုသည် စုစုပေါင်း ၁၇၄၁ အကြိမ်ရေထိရှိခဲ့ပြီး ရှမ်း (အရှေ့) ဒေသတွင်သာ တိုက်ပွဲ (လုံးဝ) ဖြစ်ပွားခြင်းမရှိခဲ့သည်ကို တွေ့ရှိရသည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် မြို့ပေါင်း (၁၀) မြို့ကို ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်းနှင့် ရခိုင်စစ်မျက်နှာများတွင် သိမ်းယူနိုင်ခဲ့သည်။ ထို့ပြင် စစ်ရေးလှုပ်ရှားမှုအများဆုံး ဒေသ (၄) ခုမှာ စစ်ကိုင်း၊ ရခိုင်၊ ကချင်နှင့် မန္တလေးဒေသများဖြစ်ပြီး မန္တလေးဒေသတွင်မူ ၁၀၂၇ စစ်ဆင်ရေး (အပိုင်း-၂) နှင့်အတူ ရှမ်း-မန်းစစ်ဆင်ရေးကို စစ်ရှိန်မြှင့်လာခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားမှုနှုန်း မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများပြားလာခဲ့ပြီး ဒဏ်ရာရသူ
ဘားအံမှာ သံလွင်မြစ်ရေ ၆ ပေခန့် မြင့်တက်လာ ကူညီကယ်ဆယ်ရေးလိုအပ်နေ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ သံလွင်မြစ်ရေ ၆ ပေခန့်အထိ မြင့်တက်လာပြီး ပြည်သူများ ရေဘေးဒုက္ခကြုံနေရကာ ကူညီကယ်ဆယ်ရေးများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။ လက်ရှိတွင် ပြည်သူအချင်းချင်းသာ အဓိက ကူညီနေရကြောင်း ဒေသ သတင်းရင်းမြစ် Hpa-an News က ပြောဆိုသည်။ စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြီး သံလွင်မြစ်ရေသည် နေ့စဉ် မြင့်တက်လျက်ရှိရာ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဘားအံမြို့နယ်၏ စိုးရိမ်ရေအမှတ် အထက်သို့ ၅ ပေခွဲ မြင့်တက်လာနေခြင်းဖြစ်သည်။ ယင်းမြစ်ရေသည် လာမည့် ၁ ရက်အတွင်း ၂ ပေခန့် ထပ်မံမြင့်တက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ လက်ရှိတွင်
လေပွေလှိုင်း မုန်တိုင်းငယ်သို့ ရောက်ရှိနိုင်
ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေပွေလှိုင်းသည် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခုအဖြစ်သို့ ရောက်ရှိသွားပြီဟု စစ်ကောင်စီ မိုးဇ/လက ယနေ့ စက်တင်ဘာ ၁၃ ရက် နံနက်က ထုတ်ပြန်သည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားနိုင်ပြီး နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာကာ ကမ်းရိုးတန်းနှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းထားသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေများကြောင့် ယနေ့ နံနက်မှ ၁၅-၉-၂၀၂၄ ရက်နေ့အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု
ရခိုင်မှာ ၈ လကျော်အတွင်း အရပ်သား ၃၁၀ ကျော် သေဆုံး
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အရပ်သားသေဆုံးသူ ၃၁၁ ဦးရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။ နိုင်ငံတဝန်းမှာ အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) ကြောင့် အမျိုးသမီး ၄၅၁ ဦးနှင့် အမျိုးသား ၉၁၁ ဦး စုစုပေါင်း ၁၃၆၂ ဦး သေဆုံးခဲ့ရပြီး ရခိုင်က ၃၁၀ ကျော်ပါဝင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သေဆုံးသူများအားလုံးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ ၁၇၉ ဦးနှင့် အသက် ၆၀ နှစ်အထက်
ပုဂံရှေးဟောင်း ဘုရားတစ်ဆူ မိုးရွာသွန်းမှုကြောင့် ပြိုကျပျက်စီး
ရှေးဟောင်းယာဉ်ကျေးမှုနယ်မြေ ပုဂံဒေသက ရှေးဟောင်းဘုရား ၁ ဆူ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း မိုးရွာသွန်းမှု များပြားလာချိန် မိုးရေစီမ့်ဝင်ခြင်းကြောင့် ပြိုကျပျက်စီးသွားကြောင်း သိရသည်။ ပြိုကျသွားသည့် ဘုရားမှာ ပုဂံမြို့သစ်၊ ရွှေလောင်းရပ်ကွက်က ဘုရားအမှတ် ၁၀၄၂ ဖြစ်ကြောင်း ကနဦးသိရှိရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပါအဝင် နိုင်ငံတဝှမ်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် သမိုင်းတန်ဘိုးမြင့်မားသည့် အရာဝတ္ထုများ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိနိုင်ကြောင်း သိရသည်။ ဓါတ်ပုံ – Ko Htun Yati (ConnectBurma သတင်းဌာနသည် Western News ၏ မိတ်ဖက်အဖွဲ့ဖြစ်သည်)
နေပြည်တော်တွင် ရေကြီးမှုကြောင့် လူ ၁၉ ဦး သေဆုံး
နေပြည်တော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်လာခဲ့ရာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၉ ဦး သေဆုံးပြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်ဝေးမြို့နယ် အပါအဝင် မြို့နယ်များ အတွင်းရှိ ကျေးရွာများမှ ပြည်သူ ပေါင်း ၃၆၀၂ ဦးကို မီးသတ်ဦးစီး ဌာန၏ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်နိုင်ခဲ့သည်။ ကနဦးသတင်းများအရ အမျိုးသား ၆ ဦး သေဆုံးပြီး အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ကြောင်း သေဆုံးသူအရေအတွက် ဆက်လက် လာဖွယ်ရှိကြောင်း
မွတ်ဆလင်ဒုက္ခသည်များအား တတိယနိုင်ငံများတွင် ပြန်လည်နေရာချထားရေး ဘင်္ဂလားဒေ့ရှ်တောင်းဆို
တောင်အာရှနိုင်ငံမှ မွတ်ဆလင်များကို အမြန်ခြေရာခံကာ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားပေးရန် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအကြီးအကဲ အကြံပေးအရာရှိချုပ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်စ်က တောင်းဆိုသည်။ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) မှ တာဝန်ရှိသူများနှင့် ဒါကာမြို့ရှိ ၎င်း၏ရုံးတွင် တွေ့ဆုံပြီးနောက် အကြံပေးအရာရှိချုပ်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာစစ်အစိုးရနှင့် ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် မကြာသေးမီလများအတွင်းက မွတ်ဆလင် ၈,၀၀၀ ခန့် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ အသစ်ရောက်ရှိလာသည့် မွတ်ဆလင်များနှင့် ယခင်ရောက်ရှိနေသည့် မွတ်ဆလင် စုစုပေါင်း တစ်သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ စခန်းများတွင် နေထိုင်နေပြီး အများစုမှာ ၂၀၁၇ ခုနှစ်အတွင်းက မြန်မာစစ်တပ်၏ ဖြိုခွင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်ရသော သူများဖြစ်ကြသည်။ မွတ်ဆလင်ဒုက္ခသည်များ
လားရှိုးမှာ မြို့ပြယာဉ်ထိန်းသိမ်းရေး အရေးကြီးလာဟု MNDAA ပြော
ရှမ်းမြောက်ဒေသ လားရှိုးမြို့တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု တိုးလာနေ၍ မြို့ပြယာဉ်ထိန်းသိမ်းရေးမှာ အရေးကြီးသော အလုပ်ဖြစ်လာဟု ကိုးကန့်တပ် MNDAA ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ပြောသည်။ “လားရှိုးမြို့ဒေသခံပြည်သူများ နေရပ်ပြန်ကြသဖြင့် လူနှင့်ယာဉ်စီးရေများ တိုးပွားလာကာ မြို့ပြယာဉ်ထိန်း သိမ်းရေးသည် အရေးကြီးသော အလုပ်ဖြစ်လာသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ယာဉ်ထိန်းရဲအဖွဲ့ လားရှိုးမြို့သို့ ဝင်ရောက်လာချိန်မှစ၍ ယာဉ်မတော်တဆမှု ၁၀ မှုကျော်ကို ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်းသိရသည်။ ၎င်းတို့တွင် အများစုမှာ အရှိန်လွန်ခြင်း၊ ယာဉ်များ တခြားယာဉ်ကြော လမ်းနေရာယူမောင်းခြင်းနှင့် ယာဉ်မောင်းများ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာ အားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။ ယာဉ်ထိန်းရဲအဖွဲ့သည်