ရခိုင်မှာ ယခုနှစ် မိုးစပါးစိုက်ပျိုးဧက ၆ သိန်းခန့်သာ စိုက်ပျိုးနိုင်
စီးပွားရေး သတင်း
0 min read
32

ရခိုင်မှာ ယခုနှစ် မိုးစပါးစိုက်ပျိုးဧက ၆ သိန်းခန့်သာ စိုက်ပျိုးနိုင်

September 10, 2024
0

ရခိုင်မှာ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီ တပြည်နယ်လုံးအတိုင်းတာဖြင့် ဧက ၆ သိန်းခန့်သာ စိုက်ပျိုးနိုင်ကြောင်း ရခိုင်တောင်သူလယ်သမားများသမဂ္ဂက ပြောသည်။ ယခု ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် သွင်းအားစုများ စျေးအဆမတန်မြင့်တက်ခြင်းနှင့် တိုက်ပွဲများကြောင့် ရခိုင်လယ်သမားအများစုမှာ လယ်ယာမြေများအား လျော့ချထွန်ယက်ခဲ့ကြသည်။ ထိုကဲ့သို့ လျော့ချလုပ်ကိုင်မှုူကြောင့် လယ်သမားများမှာ နစ်နာရသလို ပြည်သူများမှာလည်း စားနပ်ရိက္ခာဖုံလုံမှုအတွက် စိန်ခေါ်မှုရှိလာနိုင်သည်ဟု ရခိုင်တောင်သူလယ်သမားများသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက ပြောသည်။ “ဒီနှစ် လယ်ယာမြေဧက ၆ သိန်းသာ စိုက်ပျိုးနိုင်ပါတယ်။ တပြည်နယ်လုံးအတိုင်းအတာအနေနဲ့ပေါ့လေ။ စိုက်ပျိုးဧက လျော့ပါးတာကြောင့်တော့ လယ်သမားတွေမှာရော၊ ပြည်သူတွေမှာရော အဓိက စိန်ခေါ်မှုတွေရှိလာနိုင်တယ်။ နောက်နှစ်တွေမှာ စားနပ်ရိက္ခာဖုံလုံဖို့ပါ။” ဟု ပြောသည်။ လက်ရှိ စိုက်ပျိုးထားသည့် လယ်ယာမြေဧကများမှာလည်း

Continue Reading
မတရားအသင်း ဆက်သွယ်မှုနှင့် စစ်တွေ ဗျိုင်းဖြူရွာသား ၂၃၄ ဦး ထောင်ဒဏ်ချမှတ်ခံရ
နိုင်ငံရေး သတင်း
1 min read
32

မတရားအသင်း ဆက်သွယ်မှုနှင့် စစ်တွေ ဗျိုင်းဖြူရွာသား ၂၃၄ ဦး ထောင်ဒဏ်ချမှတ်ခံရ

September 7, 2024
0

အာရက္ခတပ်တော် AA နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ ရွာသား ၂၃၄ ဦးကို အာဏာသိမ်း စစ်ကောင်စီက အလုပ်ကြမ်းနှင့်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။ ဩဂုတ်လ ၃၀ ရက်နေ့က ၁၄၁ ဦးနှင့် ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့က ၉၃ ဦးကို စစ်ကောင်စီ လက်အောက်ခံ စစ်တွေမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။ မေလ ၂၉ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းအဖွဲ့သည် အင်အားအလုံးအရင်းဖြင့် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကလေးငယ်၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုမကျန် လက်နောက်ပြန်ကြိုးတုပ်ပြီး

Continue Reading
သံတွဲ မောင်ရွှေလေးရေတပ်ကို AA အပြီးသတ်သိမ်းပိုက်
စစ်ရေး သတင်း
1 min read
82

သံတွဲ မောင်ရွှေလေးရေတပ်ကို AA အပြီးသတ်သိမ်းပိုက်

September 6, 2024
0

သံတွဲမြို့နယ် မောင်ရွှေလေးရွာနှင့် ကွင်းဝိုင်းကျေးရွာကြားရှိ မောင်ရွှေလေး ရေတပ်အမည်ရှိသော စစ်ကောင်စီ ရေတပ်စခန်းအား အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု ယနေ့ စက်တင်ဘာလ ၆ ရက် ညတွင် AA က ထုတ်ပြန်သည်။ မောင်ရွှေလေးရေတပ်အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ကာ တစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် စက်တင်ဘာလ ၅ ရက် ညနေ ၆ နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ဆိုသည်။ မောင်ရွှေလေးရေတပ်သည် သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (တနည်းအားဖြင့်) Central Naval Diving And Salvage

Continue Reading