မန္တလေး၊ ကျောက်ဆည်မြို့ Bright Kids school ပြိုကျမှု သေဆုံးသူ ၅၀ ကျော်ထိရှိလာ
သတင်း သဘာဝဘေး
1 min read
0

မန္တလေး၊ ကျောက်ဆည်မြို့ Bright Kids school ပြိုကျမှု သေဆုံးသူ ၅၀ ကျော်ထိရှိလာ

မတ် ၃၀ - ၂၀၂၅
0

ငလျင်ကြောင့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ Bright Kids school ပြိုကျမှု ကလေး သေဆုံးသူ ၄၀ ကျော်ထိရှိလာပြီး ကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောသည်။ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် ကျောက်ဆည်မြို့ရှိ Bright Kids school ပြိုကျခဲ့ပြီး လက်ရှိချိန်ထိ ရှာဖွေကယ်ဆယ်ရေးများ လုပ်နေကာ သေဆုံးမှုများ မြင့်တက်လာနေသည်။ လက်ရှိတွင် အဆိုပါ ကျောင်းပြိုကျမှုကြောင့် ဆရာမ ၉ ဦးနှင့် ကလေးငယ် ၄၀ ကျော် သေဆုံးခဲ့ပြီး ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေကာ သေဆုံးမှု အရေအတွက်ကို ဆက်လက် မြင့်တက်လာသည်။ ဒေသခံတစ်ဦးက

Continue Reading
ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ အခမဲ့ ဖုန်းခေါ်ဆိုခွင့် ထိုင်း ခွင့်ပြု
သတင်း သဘာဝဘေး
1 min read
0

ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ အခမဲ့ ဖုန်းခေါ်ဆိုခွင့် ထိုင်း ခွင့်ပြု

မတ် ၃၀ - ၂၀၂၅
0

ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ ဆက်သွယ်ရေး အော်ပရေတာတိုင်းကနေ အခမဲ့ ဖုန်းခေါ်ဆိုခွင့် ပြုလိုက်ပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံပိုင် တယ်လီကွန်းကုမ္ပဏီကနေ မတ် ၂၉ ရက်မှာ ထုတ်ပြန် ကြေညာသည်။ အဆိုပါ ဖုန်းခေါ်ဆိုမှုကို ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို မတ် ၃၁ ရက်အထိ ဆက်သွယ်ရေး အော်ပရေတာတိုင်းကနေ အခမဲ့ဖုန်းခေါ်ဆို၍ ရပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်က ရေးသားထားသည်။ အဆိုပါ ဖုန်းခေါ်ဆိုမှုအတွက် အရင်ဆုံး 001 800 001ကို ခေါ်ဆိုရမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားဖြင့် (Free Call) အခမဲ့ ခေါ်ဆိုနိုင်ကြောင်း ဖြေကြား ပြီးချင်းတွင် 009 95 နောက်ကနေ မိမိခေါ်လိုသည့် ဖုန်းနံပတ်ကို ထည့်သွင်းရမည် ဖြစ်သည်။

Continue Reading
ငလျင်ဘေးသင့် မြန်မာပြည်သူများကို အီးယူက ယူရို ၂.၅ သန်း ကူညီမည်
သတင်း သဘာဝဘေး
1 min read
0

ငလျင်ဘေးသင့် မြန်မာပြည်သူများကို အီးယူက ယူရို ၂.၅ သန်း ကူညီမည်

မတ် ၂၉ - ၂၀၂၅
0

ငလျင်ဘေးကြောင့် ဒုက္ခရောက်နေသော မြန်မာပြည်သူများကို ဥရောပသမဂ္ဂ EU က ကနဦး အရေးပေါ်အကူအညီအဖြစ် ယူရို ၂ သန်းခွဲ ကူညီပံ့ပိုးပေးမည်ဟု ယနေ့ မတ်လ ၂၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံရုံးက ထုတ်ပြန်သည်။ ယခု ထောက်ပံ့လိုက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခွဲဝေချထားပေးမှုသည် မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံးသူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အသက်များကို ကယ်တင်ရန်အတွက် အထောက်အကူဖြစ်စေမည်ဟု အီးယူက ပြောဆိုထားသည်။ ဥရောပသမဂ္ဂသည် နောက်ထပ်အကူအညီများ ပေးအပ်ပံ့ပိုးနိုင်ရန်အတွက် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်လျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။ ယခု ကူညီထောက်ပံ့မည့် ယူရို နှစ်သန်းခွဲအပါအဝင် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ထောက်ပံ့ထားသော ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီမှာ

Continue Reading
ငလျင်သင့် မြန်မာနှင့် ထိုင်းကို ကုလသမဂ္ဂအဖွဲ့မှ ဒေါ်လာ ၅ သန်း ကူညီမည်
သတင်း သဘာဝဘေး
1 min read
0

ငလျင်သင့် မြန်မာနှင့် ထိုင်းကို ကုလသမဂ္ဂအဖွဲ့မှ ဒေါ်လာ ၅ သန်း ကူညီမည်

မတ် ၂၉ - ၂၀၂၅
0

Western News| မတ် ၂၉ မြန်မာနှင့် ထိုင်းက ငလျင်ဘေးသင့်ပြည်သူများကို အမေရိကန်ဒေါ်လာ ၅ သန်းကူညီပေးမည်ဟု ကုလသမဂ္ဂအဖွဲ့မှက ပြောကြောင်း ရိုက်တာသတင်းဌာနက ယနေ့တွင် ဖော်ပြသည်။ ငလျင်ဘေးသင့်သူများအား ထောက်ပံ့ကူညီရန် မြန်မာနှင့် ထိုင်းကို ကနဦး ဒေါ်လာ ၅ သန်း ခွဲဝေပေးထားသည်ဟု OCHA အကြီးအကဲ ဖလက်ချာက ပြောသည်။ ၂၀၂၅ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် မြန်မာပြည်အလယ်ပိုင်းဒေသနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့တွင် အင်အားအလွန်ပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့သည်။ ငလျင်ဘေးသင့်ပြည်သူများအတွက် အလွန်ဝမ်းနည်းကြေကွဲကြောင်းလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောဆိုထားသည်။ ငလျင်ကြောင့် မြန်မာက စစ်ကိုင်း၊ မန္တလေး၊

Continue Reading
“ဝ” အဖွဲ့က ငလျင်သင့်သူများကို ကျပ်သန်း ၂၀၀၀ ကူညီမည်
သတင်း သဘာဝဘေး
1 min read
0

“ဝ” အဖွဲ့က ငလျင်သင့်သူများကို ကျပ်သန်း ၂၀၀၀ ကူညီမည်

မတ် ၂၉ - ၂၀၂၅
0

“ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က နိုင်ငံအနှံ့က ငလျင်ဘေးသင့်ပြည်သူများကို ကျပ်သန်း ၂၀၀၀ ကူညီမည်ဟု မတ်လ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ ယမန်နေ့ မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် ၇.၇ အဆင့်ရှိသော ငလျင်ကြီးမှာ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရှမ်း၊ ပဲခူးနှင့် မကွေးတိုင်းတို့တွင် လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု၊ သေဆုံးမှု အလွန်များပြားကြောင်း သိရသည်။ ယနေ့ မတ်လ ၂၉ ရက် နံနက် ၁၂ နာရီ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ နိုင်ငံအနှံ့က ငလျင်ကြောင့် သေဆုံးသူ ၁၀၀၂

Continue Reading
ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၁၀၀၀ ကျော်လာ၊ မန္တလေးတိုင်းက ၇၀၀ နီးပါး ပါဝင်နေ
သတင်း သဘာဝဘေး
0 min read
0

ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၁၀၀၀ ကျော်လာ၊ မန္တလေးတိုင်းက ၇၀၀ နီးပါး ပါဝင်နေ

မတ် ၂၉ - ၂၀၂၅
0

ယမန်နေ့ မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံအနှံ့တွင် သေဆုံးသူ ၁၀၀၂ ဦးအထိရှိလာပြီး မန္တလေးတိုင်းက သေဆုံးသူ ၆၉၄ ဦးပါဝင်ကြောင်း စစ်ကောင်စီက ဝါဒဖြန့် သတင်းမီဒီယာများမှ ယနေ့ မတ်လ ၂၉ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁,၀၀၂ ယောက် အထိရှိလာပြီး ဒဏ်ရာရသူပေါင်း ၂,၃၇၆ ယောက် ရှိလာပြီဟု စစ်ကောင်စီက ဆိုသည်။ အင်အားပြင်း ငလျင်မှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရှမ်း၊ ပဲခူးတိုင်း၊ မကွေးတို့တွင် ဗဟိုပြုလှုပ်ခတ်ခဲ့သည်။ ယနေ့ နံနက်ပိုင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၀၀၀ ကျော်တွင် မန္တလေးတိုင်းက

Continue Reading
ငလျင်ကြောင့် စစ်ကိုင်းမြို့ ၈၀ ရာခိုင်နှုန်းပျက်စီး
သတင်း သဘာဝဘေး
0 min read
0

ငလျင်ကြောင့် စစ်ကိုင်းမြို့ ၈၀ ရာခိုင်နှုန်းပျက်စီး

မတ် ၂၉ - ၂၀၂၅
0

(သေဆုံးသူ ၅၀ နီးပါးကို အတည်ပြုပြီး သေဆုံးသူ ရာနှင့်ချီရှိနိုင်ကြောင်း ဒေသခံများပြော) ယမန်နေ့က မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် စစ်ကိုင်းမြို့ ၈၀ ရာခိုင်နှုန်းပျက်စီးသွားပြီး လတ်တလော စာရင်းအရ သေဆုံးသူ ၅၀ နီးပါးကို အတည်ပြုနိုင်ပြီး နောက်ထပ် သေဆုံးသူများရှိနိုင်ကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။ စစ်ကိုင်းတိုင်းတွင် ထိခိုက်သေဆုံးသူ များပြားသော်လည်း ကူညီကယ်ဆယ်ရေးအဖွဲ့များ နည်းပါး၍ အသေအပျောက်များပြားနိုင်ကြောင်း စစ်ကိုင်းပြည်သူတစ်ဦးက ပြောသည်။ ကူညီကယ်ဆယ်နေသူ စစ်ကိုင်းပြည်သူတစ်ဦးက “စစ်ကိုင်းက မန္တလေးထက်တောင် အသေအပျောက်များနိုင်တယ်။ မြတ်ကိုယ်ပိုင်သင်တန်ကျောင်းမှာ ကလေးတွေ စာသင်နေတုန်းပြိုကျတာ ကလေးအားလုံးဆုံးတယ်။ ပိနေတယ်။ လေးကျွန်းမြေအုတ် ကျောင်းမှာလည်း ယဉ်ကျေးလိမ္မာသင်တန်းသားတွေ ဖွင့်နေတုန်း ပြိုကျတာ ကလေးတစ်ဝက်နီးပါး

Continue Reading
ငလျင်ကြောင့် စစ်ကိုင်း အကြီးဆုံး ကျောင်းတိုက်မှ သေဆုံးသူများနှင့် ပျက်စီးမှုများ
သတင်း သဘာဝဘေး
0 min read
0

ငလျင်ကြောင့် စစ်ကိုင်း အကြီးဆုံး ကျောင်းတိုက်မှ သေဆုံးသူများနှင့် ပျက်စီးမှုများ

မတ် ၂၉ - ၂၀၂၅
0

ငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့ အကြီးဆုံး ဇိနောဒယ စာသင်တိုက် ပြိုကျ ပျက်စီးမှုပြီး သံဃာတော်များနှင့် သာမဏေများ ထိခိုက် သေဆုံမှု များပြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းမြို့၏ အကြီးဆုံးထဲမှာပါသော ဇိနောဒယစာသင်တိုက်ကြီးနှင့် ကျောင်းဆောင်များမှာ ပြိုကျ ပျက်စီးမှုနှင့် သေဆုံးမှုများ မြင့်တက်လျက်ရှိနေပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေသည်။

Continue Reading
ယနေ့ နံနက် ၆ နာရီအထိ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ၇၇ ကြိမ်ရှိ
သတင်း သဘာဝဘေး
0 min read
0

ယနေ့ နံနက် ၆ နာရီအထိ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ၇၇ ကြိမ်ရှိ

မတ် ၂၉ - ၂၀၂၅
0

ယမန်နေ့ မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်က အင်အားအလွန်ပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ယနေ့ မတ်လ ၂၉ ရက် နံနက် ၆ နာရီအချိန်အထိ နောက်ဆက်တွဲ ငလျင် လှုပ်ခတ်မှု ၇၇ ကြိမ်အထိရှိခဲ့ကြောင်း ထိုင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။ နောက်ဆက်တွဲ ငလျင်ငယ်များမှာ အားပျော့၍ ပြည်သူလူထုများအနေဖြင့် သိရှိခံစားရမည်မဟုတ်ကြောင်း ထိုးမိုး/ဇလက ပြောသည်။ ယမန်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် မြန်မာနိုင်ငံထဲက မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ရှမ်းတို့တွင် ထိခိုက်သေဆုံးမှု၊ ပျက်စီးမှု အလွန်များပြားပြီး ထိုင်းနိုင်ငံထဲတွင် ဘန်ကောက်မြို့ထဲက ဆောက်လက်စ

Continue Reading
ငလျင်ကြောင့် နိုင်ငံအနှံ့ ဗလီ ၅၀ ထက်မနည်း ပြိုကျပြီး သေဆုံးသူ ၃၀၀ နီးပါးရှိနေ
သတင်း သဘာဝဘေး
1 min read
0

ငလျင်ကြောင့် နိုင်ငံအနှံ့ ဗလီ ၅၀ ထက်မနည်း ပြိုကျပြီး သေဆုံးသူ ၃၀၀ နီးပါးရှိနေ

မတ် ၂၉ - ၂၀၂၅
0

မြန်မာနိုင်ငံအနှံ့ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်သွား၍ ဗလီ ၅၀ ထက်မနည်း ပြိုကျပြီး သေဆုံးသူ ၃၀၀ နီးပါးရှိသည်ဟု အစ္စလာမ်ဘာသာဝင်များက ပြောဆိုကြသည်။ ယမန်နေ့ မတ်လ ၂၈ ရက် သောကြာနေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် မြန်မာပြည်အလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်း တို့ကို ဗဟုပြု၍ ငလျင်လှုပ်ခတ် သွားခဲ့ခြင်းဖြစ်သည်။ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်မှုများကြောင့် လတ်တလော စာရင်းများအရ သေဆုံးသူ ၃၀၀ နီးပါးရှိနိုင်သည်ဟု ခန့်မှန်းထားသော်လည်း ဗလီများအောက်တွင် အလောင်းများစွာ ရှိနေသည့်အတွက် အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း မန္တလေးမှ အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။ “မန္တလေး

Continue Reading