လားရှိုးမှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်က အပစ်ရပ်ခိုင်းနေ
ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့မှာ စစ်ကောင်စီနှင့် ကိုးကန့်တပ် MNDAA တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် တရုတ်က မြန်မာမြောက်ပိုင်းအခြေအနေကို စောင့်ကြည့်နေပြီး အပစ်ရပ်ဆွေးနွေးကြရန် ပြောဆိုနေသည်။ မြန်မာပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်စီမံကိန်းများကို မထိခိုက်စေရန်နှင့် စစ်ကောင်စီ၊ လက်နက်ကိုင်တပ်ဖွဲ့များကြား အပစ်ရပ်ဆွေးနွေးကြရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မော်နင်းက ယမန်နေ့ ဇူလိုင်လ ၂၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။ ” မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေကို တရုတ်နိုင်ငံက အရမ်းစိုးရိမ်တယ်။ အပစ်အခတ်ရပ်စဲရေး၊ တိုက်ပွဲများအမြန်ဆုံးရပ်စဲဖို့ ကွဲပြားမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုက်တွန်းထားပါတယ်။ ”
ထိုင်း-မြန်မာနယ်စပ် မြဝတီ၊ မဲဆောက်မှာ ရေကြီးနေ
မိုးသည်းထန်စွာ ရွာသွန်း၍ ထိုင်း-မြန်မာကြားရှိ သောင်ရင်းမြစ် ရေလျှံပြီး ကမ်းနှစ်ဖက်ရှိ မြဝတီမြို့နှင့် မဲဆောက်မြို့မှာ ရေကြီးမှုဒဏ်ကို ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။ မြဝတီမြို့ထဲ၌ ရပ်ကွက်များအစုသို့ ရေဝင်ရောက်နေ၍ မြို့အခြေအနေကို ဒေသခံ ကိုညီဝင်းခိုင်က ယခုလိုပြောသည်။ ” လက်ရှိ မြဝတီ သောင်းရင်းမြစ်ကနေ ရေတိုးတိုးလာတော့ အမှတ် ၅ အောက်ချိုင့်မှာ အိမ်တွေ အကုန် နစ်မြုတ်သွားတယ်၊ နောက်ပြီး မြေနီကုန်းမှာ ရေမကျတော့ မြေနီကုန်းလမ်းတွေလည်း အကုန် နစ်မြုတ်သွားပြီပေါ့၊ အခု ကျနော်တို့ အိမ်ရှေ့ အမှတ်၅ အောက်ချိုင့်မှာ ခေါင်မိုးတွေလောက်ပဲ ပေါ်တော့တယ်၊ လူတွေက ဘုန်းကြီးကျောင်းတွေပြေးလိုက် ဒီပြေးလိုက်နဲ့ ပြေးနေကြတာပေါ့။ မြဝတီ အမြင့်ပိုင်းတွေတော့ ရေမရောက်သေးဘူး။
သံတွဲ၊ တောင်ကုတ် မနေ့ကထက် ရေပိုကြီးနေ
ရခိုင်ပြည် သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တို့ဘက်မှာ ယမန်နေ့ နံနက်ပိုင်းက စ၍ ရေကြီးနေပြီး ယနေ့အချိန်အထိ ရေကျခြင်းမရှိဘဲ ယမန်နေ့ထက် ရေပိုလွှမ်းနေကြောင်း စုံစမ်းသိရသည်။ တောင်ကုတ် ဒေသခံတစ်ဦးက ” တောင်ကုတ်မြို့ထဲ ရေဝင်ရောက်သွားပါပြီ။ နေအိမ်တွေ အများကြီး မြှုပ်နေပါတယ်။ တောင်ကုတ် လမု ဘက်မှာဆိုရင်လည်း ရွာတွေ၊ နေအိမ်တွေ အားလုံးနစ်မြှုပ်နေပါတယ်။ လူတွေကတော့ အဆောက်အဦးအမြင့်တွေ၊ တောင်ကုန်းတွေကို သွားရှောင်နေကြရပါတယ်။ ” ဟု ပြောသည်။ သံတွဲမြို့မှာ မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို ရေလွှမ်းမိုးသွားပြီး စစ်ရှောင်များနှင့် ဒေသခံပြည်သူများမှာ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။ ” မိုးက ဆက်တိုက်ရွာနေတာ။ ဒီရေကျချိန် နာရီပိုင်းလောက်ပဲ ရေက ကျခဲ့တယ်။ ဒါပေမယ့် ပြန်တက်လာတဲ့အချိန်မှာ
ချင်းအချင်းချင်း ပူးပေါင်းရန် CB ကို CNF ဖိတ်ခေါ်
(CNF က အာဏာရှင်ဆန်သော အစိုးရသစ် ဖွဲ့စည်းနေဟု CB က ပြန်ပြော) ချင်းတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ချင်းညီနောင်အဖွဲ့ CB ကို ချင်းအမျိုးသားတပ်ဦး CNF က ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။ ချင်းပြည်ထဲက စစ်ကောင်စီများကို တိုက်ထုတ်ရန်နှင့် ချင်းပြည် ချင်းလူထုလက်ထဲသို့ အပြည့်အဝ ရောက်ရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင်အဖွဲ့ CB ကို CNF နိုင်ငံခြားရေးတာဝန်ခံလည်းဖြစ် ချင်းလူ့အခွင့်အရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူးလည်းဖြစ်သည့် ဆလိုင်းဘွေလျန်မန်း က အာအက်ဖေနှင့် အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောဆို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ” ကျနော်တို့ NUG နဲ့တောင် ပေါင်းတာပဲ။ ကျနော်တို့ ချင်းညီကိုအချင်းချင်းကြားထဲမှာ တိုက်စရာခိုက်စရာအကြောင်းမရှိဘူး။ အဲဒါကြောင့်
မိုးကုတ်မြို့သိမ်းပွဲမှာ TNLA နှင့်အတူ မန္တလေး PDF လည်း ပါဝင်တိုက်ခဲ့
မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် တအောင်းတပ် TNLA နှင့်အတူ မန္တလေး PDF လည်းပါဝင်ပြီး နောင်ချို၊ စဉ့်ကူး မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်ခဲ့ကြောင်း သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကလည်း မိုးကုတ်မြို့သိမ်းတိုက်ပွဲက ဓာတ်ပုံများကို ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် မိုးကုတ်မြိုအား အပြီးသတ် သိမ်းယူခဲ့ကြသည်။ မိုးကုတ် စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ဒရုန်းတပ်ဖွဲ့သည် မဟာမိတ်များနှင့် ဟန်ချက်ညီညီ လက်တွဲ၍
တောင်ကုတ် ကုလားရောင်ကမ်းခြေမှာ အရပ်ဝတ်ဖြင့် အလောင်း ၇ လောင်းတွေ့
(ရခိုင်တောင်ပိုင်းတွင် အမည်မသိ အရပ်သားအလောင်းတွေ့သည်မှာ ၁၄ လောင်းရှိလာပြီ) ရခိုင်ပြည် တောင်ကုတ်မြို့နယ် ကုလားရောင်ကျေးရွာအနီး (အောင်မင်းချောင်) က ကမ်းခြေမှာ လက်နောက်ပြန်ကြိုးတုပ်၊ ခြေထောက်ကို သံကြိုးဖြင့် ချည်နှောင်ခံထားရသည့် အရပ်ဝတ်အင်္ကျီဖြင့် အလောင်း ၇ လောင်း တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။ အလောင်းများမှာ အားလုံး အမျိုးသားများဖြစ်ကြပြီး ခြေထောက်ကို ချည်နှောင်ထားသော သံကြိုးကို သော့ခတ်ထားကြောင်းလည်း ရွာသားတစ်ဦးက ပြောသည်။ ” မနေ့က တွေ့တာပါ။ ဘယ်က မျောလာတာလဲတော့ မသိဘူး။ အခု ရွာသားတွေ ဆယ်ယူပြီး သင်္ဂြိုလ်ပေးလိုက်ပါပြီ။ ခြေထောက်တွေမှာ သံကြိုးချည်ခံထားရတယ်။ သော့ပါ ခတ်ထားသေးတာ။ မျက်လုံးကို ပိတ်စဖြင့် အပိတ်ခံထားရတယ်။ လက်လည်း နောက်ပြန်ကြိုး
မိုးက ဆက်ပြီး ရွာမယ်ဆိုရင် သံတွဲက ရေပိုကြီးနိုင်တယ်
ရခိုင်ပြည် သံတွဲမြိုနယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ချောင်းရေမြင့်တက်မှုကြောင့် မြိုပေါ်ရပ်ကွက်နှင့် ကျေးရွာများ ရေနစ်မြှုပ်နေ၍ လက်ရှိအခြေအနေကို ဒေသခံတစ်ဦးအား မေးမြန်းထားသည်။ သံတွဲနည်းတူ တောင်ကုတ်၊ ဂွမြိုနယ်တိုတွင်လည်း ရေကြီးနေပြီး ဒေသခံပြည်သူများ အကူအညီဆယ်ရေးလုပ်ငန်းများ အရေးတကြီးလိုအပ်နေကြောင်း သိရသည်။