ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရ
စီးပွားရေး ရုပ်သံ သတင်း
1 min read
178

ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရ

ဇူလိုင် ၂၄ - ၂၀၂၄
0

ထိုင်းနိုင်ငံ မဟာချိုင် စက္ကူစက်ရုံမှာ မြန်မာရွှေ့ပြောင်း လုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရပြီး နစ်နာကြေးညှိနှိုင်းမှု အားလုံး အဆင်မပြေသေးဟုသိရပါတယ်။

Continue Reading
ရခိုင်ဆင်ဖြူတော် “ရဋ္ဌနန္ဒက” အသက် ၂ နှစ်ပြည့်၊ အရပ်အမြင့် ၅ ပေခန့်ရှိလာ
သတင်း
0 min read
317

ရခိုင်ဆင်ဖြူတော် “ရဋ္ဌနန္ဒက” အသက် ၂ နှစ်ပြည့်၊ အရပ်အမြင့် ၅ ပေခန့်ရှိလာ

ဇူလိုင် ၂၄ - ၂၀၂၄
1

ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က မွေးဖွားခဲ့သော ဆင်ဖြူတော် (အထီး) “ရဋ္ဌနန္ဒက” အသက် ၂ နှစ်ပြည့်မြောက်ပြီး အရပ်အမြင့် ၄ ပေ ၆ လက်မ ရှိလာကြောင်း သိရသည်။ တောင်ကုတ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ အသက် ၃၃ နှစ်ရှိသော ဆင်မ ဇာနန်းလှက “ရဋ္ဌနန္ဒက” ဘွဲ့အမည်ရှိ ဆင်ဖြူတော် အထီးတစ်စီးကို အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ ခန့်ဖြင့် မွေးဖွားပေးခဲ့သည်။ အာဏာသိမ်း စစ်ကောင်စီသည် တောင်ကုတ်မြို့က ယူဆောင်ပြီး နေပြည်တော်ရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေး ဥယျာဉ်၌ ထားရှိကာ

Continue Reading
စစ်တွေ ဗျိုင်းဖြူရွာက နေအိမ်များ ဖြိုဖျက်ခံနေရ
စစ်ရေး သတင်း
0 min read
194

စစ်တွေ ဗျိုင်းဖြူရွာက နေအိမ်များ ဖြိုဖျက်ခံနေရ

ဇူလိုင် ၂၄ - ၂၀၂၄
0

ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက နေအိမ်များကို သူခိုးများနှင့် အနီးအနားကျေးရွာမှ ဒေသခံများ လာရောက် ဖြိုဖျက်ဆီးနေကြကြောင်း ဗျိုင်းဖြူရွာသားများက ပြောသည်။ မေလ နောက်ဆုံးအပတ်တွင် ရွာလုံးကျွတ် ဖမ်းသတ်ဖြတ်ခံရပြီးနောက် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ စစ်တွေမြို့ထဲ၌ ရွှေ့ပြောင်းနေထိုင်ကြရသည်။ စစ်ကောင်စီက ဗျိုင်းဖြူရွာသားများကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျန်ရှိ အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကိုလည်း ရွာထဲ၌ ပြန်လည်နေထိုင်ခွင့် မပေးဘဲ ကန့်သတ်ထားသည်။ ရွာထဲ လူမရှိ၍ သူခိုးများနှင့် အနီးအနားကျေးရွာက ဒေသခံများမှာ နေအိမ်များကို ဖြိုဖျက်ကာ တစစီဆွဲဖြဲယူနေကြသည်ဟု ဗျိုင်းဖြူရွာသား အမျိုးသမီးတစ်ဦးက ပြောသည်။ ” အခုရွာထဲက နေအိမ်တွေ အဖြိုခံနေကြရပါတယ်။ သူတို့ လိုအပ်တာတွေ ဖြိုဖျက်ပြီး ယူနေကြတာပါ။

Continue Reading
ထိုင်းနိုင်ငံ မဟာချိုင် စက္ကူစက်ရုံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရ၊ နစ်နာကြေး ညှိနှိုင်းမှု အားလုံး အဆင်မပြေသေး
စီးပွားရေး သတင်း
1 min read
132

ထိုင်းနိုင်ငံ မဟာချိုင် စက္ကူစက်ရုံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၃၀၀ ကျော် အကြောင်းမဲ့ အလုပ်ထုတ်ခံရ၊ နစ်နာကြေး ညှိနှိုင်းမှု အားလုံး အဆင်မပြေသေး

ဇူလိုင် ၂၄ - ၂၀၂၄
0

ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် ရှိသည့် တရုတ်နှင့် ထိုင်းနိုင်ငံသားပိုင် စက္ကူစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် တရားဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀ ကျော်ကို အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်ပယ် လိုက်သည်။ ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့က အဆိုပါ အလုပ်သမားများကို စက်ရုံဘက်က ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ အလုပ်ထုတ်လိုက်ပြီး အလုပ်သမားများမှာ အခက်ခဲများဖြစ်ပေါ်နေကြောင်း ယင်းစက်ရုံရှိ အလုပ်သမားများက ပြောသည်။ အလုပ်ထုတ်ခံရသည့် အလုပ်သမား အမျိုးသမီး တစ်ဦးက “ကြိုတင် အကြောင်းကြားတာမျိုးမဟုတ်ဘဲ အခုလို ရုတ်တရက် အလုပ်ထုတ်တော့ အလုပ်သမားတွေဖက်မှာ အများကြီး နစ်နာတာပေါ့။ အခုလည်း အဖွဲ့စည်းတွေနဲ့ ချိတ်ဆက်ပြီး ဖြေရှင်းမှပဲ လုပ်သက်အလိုက် နာနာကြေးနဲ့

Continue Reading
လားရှိုးက ဒုတိယဗိုလ်မှူးကြီးအဆင့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် MNDAA ထံ လက်နက်ချ အလင်းဝင်
စစ်ရေး သတင်း
1 min read
315

လားရှိုးက ဒုတိယဗိုလ်မှူးကြီးအဆင့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် MNDAA ထံ လက်နက်ချ အလင်းဝင်

ဇူလိုင် ၂၄ - ၂၀၂၄
0

(စစ်ကောင်စီကို ပြန်လည် တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့တွင် ပါဝင်လိုကြောင်း လက်နက်ချ စစ်သားများက ပြောဆို) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး တို့ ဦးဆောင်၍ စုစုပေါင်း တပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAA ထံတွင် လက်နက်ချ အလင်းဝင်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး တစ်ဦးက ဗိုလ်မှူး ၂ ဦးကို ခေါ်ဆောင်၍ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သားများအပါအဝင်

Continue Reading
ရခိုင်ကဝန်ထမ်းများ စိတ်ဓာတ်တက်ကြွရေး စွမ်းရည်မြှင့်သင်တန်းများဖြင့် စစ်ကောင်စီ စည်းရုံး
သတင်း
1 min read
128

ရခိုင်ကဝန်ထမ်းများ စိတ်ဓာတ်တက်ကြွရေး စွမ်းရည်မြှင့်သင်တန်းများဖြင့် စစ်ကောင်စီ စည်းရုံး

ဇူလိုင် ၂၄ - ၂၀၂၄
0

တပ်စခန်းများနှင့် မြို့များ သိမ်းပိုက်ခံရပြီး ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေးယန္တရားများ ပြိုလဲနေချိန် ပြည်နယ်အဆင့် စစ်ကောင်စီ ခေါင်းဆောင်များမှာ ကျန်ရှိဝန်ထမ်းများကို စွမ်းရည်မြှင့် သင်တန်းပေးအပ်ခြင်းနှင့် စကားဝိုင်းပြုလုပ်ပေးခြင်းဖြင့် စည်းရုံးနေကြောင်း သိရသည်။ စစ်ရေးပြင်းထန်လာခြင်းနှင့်အတူ AA ၏ တိုက်တွန်းနှိုးဆော်မှုများကြောင့် ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့များက ဝန်ထမ်းအများစုမှာ အလုပ်မှနှုတ်ထွက်ကာ ဘေးလွတ်ရာကို စစ်ရှောင်နေကြသည်။ AA ၏ ခြိမ်းခြောက်မှုကြောင့် စစ်ကောင်စီ လုပ်ငန်းများ မလည်ပတ်နိုင်သလို ဝန်ထမ်းများ ဘေးလွတ်ရာ စစ်ရှောင်မှု များပြားခြင်းကြောင့်လည်း အုပ်ချုပ်ရေးယန္တရား ပြိုလဲနေ၍ ကျန်ရှိဝန်ထမ်းများကို စွမ်းရည်မြှင့် သင်တန်းများဖြင့် စစ်ကောင်စီက စည်းရုံးနေခြင်းဖြစ်သည်။ စစ်ကောင်စီ လက်အောက်ရှိနေဆဲ စစ်တွေမြို့ခံ ပညာရေးဝန်ထမ်းတစ်ဦးက ” ဝန်ထမ်းတွေက

Continue Reading
လားရှိုးအခြေစိုက် ခလရ ၆၈ တပ်ကို ညီနောင်မဟာမိတ် သိမ်းပိုက်
စစ်ရေး သတင်း
1 min read
179

လားရှိုးအခြေစိုက် ခလရ ၆၈ တပ်ကို ညီနောင်မဟာမိတ် သိမ်းပိုက်

ဇူလိုင် ၂၃ - ၂၀၂၄
1

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အခြေစိုက် စစ်ကောင်စီ ခလရ ၆၈ တပ်စခန်းကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက ယနေ့ အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း သိရသည်။ ခလရ ၆၈ တပ်စခန်းသည် လားရှိုး-မိုင်းယော်လမ်းမပေါ်မှာရှိပြီး ကိုးကန့်တပ် MNDAA ဦးဆောင်သော ညီနောင်မဟာမိတ်တပ်ဖွဲ့က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ခလရ ၆၈ တပ်စခန်းက စစ်ကောင်စီ တပ်သား အလောင်းများအပါအဝင် လက်နက်ခဲယမ်း အများအပြားအား သိမ်းဆည်းရမိထားကြောင်း သိရသည်။ ၆၈ တပ်စခန်းမှ သိမ်းဆည်းရမိသော စစ်ကောင်စီတပ်သား ရုပ်အလောင်းများ ဗီဒီယိုဖိုင်ကို စစ်ကောင်စီ လော်ဘီများမှ MNDAA တပ်သား သေဆုံးနေသည်ဟု သတင်းအမှားများ ဝါဒဖြန့်နေကြသည်။ ယင်းအပြင် လားရှိုးအခြေစိုက် ခလရ ၄၁ တပ်စခန်းကိုလည်း သိမ်းပိုက်လိုက်ပြီဟု

Continue Reading
သံတွဲမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန် မောင်ရွှေလေးရေတပ်ကို AA ထိုးစစ်ဆင်
စစ်ရေး သတင်း
1 min read
274

သံတွဲမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန် မောင်ရွှေလေးရေတပ်ကို AA ထိုးစစ်ဆင်

ဇူလိုင် ၂၃ - ၂၀၂၄
0

ရခိုင်ပြည် သံတွဲမြို့ဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ရန် မောင်ရွှေလေးရေတပ်နှင့် အသစ်တိုးချထားသည့် စစ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ငပလီမြို့နှင့် သံတွဲမြို့ပေါ်သို့ AA တပ်ဖွဲ့ဝင်များ ဝင်ရောက် စိုးမိုးထားနိုင်သော်လည်း ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရေတပ်နှင့်ပူးပေါင်းကာ AA အား ပြန်လည်ခုခံနေသည်။ သံတွဲ စစ်ရေးသိသူတစ်ဦးက ” ဒီရက်ပိုင်း မောင်ရွှေလေးရေတပ်အနီးမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲ အရမ်းပြင်းထန်နေတယ်။ စစ်ကောင်စီဟာ ရေတပ်က အင်အားဖြည့်တင်းနေသလို လေယာဉ်နဲ့လည်း လာရောက် ပစ်ကူပေးနေတယ်။ ရေတပ်ရှိတဲ့ မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာမှာ တိုက်ပွဲ ဖြစ်နေကြတာပါ။ ” ဟု ပြောသည်။ စစ်ကောင်စီသည် မောင်ရွှေလေးရေတပ်ကို ဧရာဝတီကမ်းလွန်ရှိ

Continue Reading
တကျော့ပြန်စစ်ဆင်ရေး တအောင်းဒေသမှာ သေဆုံးသူ ၁၀၉ ဦးအထိရှိလာ
စစ်ရေး သတင်း
1 min read
125

တကျော့ပြန်စစ်ဆင်ရေး တအောင်းဒေသမှာ သေဆုံးသူ ၁၀၉ ဦးအထိရှိလာ

ဇူလိုင် ၂၃ - ၂၀၂၄
0

ရှမ်းပြည်မြောက်ပိုင်း တအောင်းဒေသ တကျော့ပြန် စစ်ဆင်ရေးတိုက်ပွဲအတွင်း စစ်ကောင်စီကြောင့် အရပ်သားသေဆုံးသူ ၁၀၉ ဦးအထိရှိလာပြီး ၁၃၆ ဦးအထိ ဒဏ်ရာရရှိထားကြောင်း သိရသည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့သည့် ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၂၂ ရက်နေ့အထိ တိုက်ပွဲ ၂၈ ရက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားရခြင်းဖြစ်သည်ဟု TNLA က ထုတ်ပြန်ထားသည်။ ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၄ ရက်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ နေအိမ် ၉ လုံး

Continue Reading
ဒေါ်လာ ၅၂၃ သန်း တန်ဖိုးရှိ ရခိုင်က ရွှေဓာတ်ငွေ့စီမံကိန်း တရုတ်က ထပ်မံရရှိ
စီးပွားရေး သတင်း
1 min read
222

ဒေါ်လာ ၅၂၃ သန်း တန်ဖိုးရှိ ရခိုင်က ရွှေဓာတ်ငွေ့စီမံကိန်း တရုတ်က ထပ်မံရရှိ

ဇူလိုင် ၂၃ - ၂၀၂၄
0

ရခိုင်ကမ်းလွန်တွင် တောင်ကိုရီးယား Posco ကုမ္ပဏီက ဆောင်ရွက်နေသော ရွှေသဘာ၀ဓာတ်ငွေ့စီမံကိန်း၏ စတုတ္တအဆင့် တည်ဆောက်ရေး တင်ဒါကို တရုတ် COOEC က ရရှိပြီး အမေရိကန်ဒေါ်လာ ၅၂၃ သန်းတန်ဖိုးရှိကြောင်း တရုတ်သတင်းများက ဖော်ပြသည်။ တောင်ကိုးရီးယား သံမဏိထုတ်လုပ်သူ Posco International က ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ ပရောဂျက်၏ စတုတ္ထအဆင့် တည်ဆောက်ရန် တရုတ်ကုမ္ပဏီဖြစ်သော Chinese contractor Offshore Oil Engineering Company (COOEC) ထံသို့ တင်ဒါ ပေးလိုက်သည်။ လိုအပ်သော ပစ္စည်းများဝယ်ယူရေးနှင့် တည်ဆောက်ရေးများ၊ စီမံကိန်းကို ဒီဇိုင်းဆွဲခြင်း၊ ဓာတ်ငွေ့တူးဖော်ရေးဆိုင်ရာများကို ပြန်လည်မွမ်းမံခြင်း၊ ရေအောက် အဆောက်အဦများ တပ်ဆင်ခြင်းနှင့် လုပ်ငန်းမစတင်မီ

Continue Reading