ရန်ကုန်ရှိ ပုဂ္ဂလိက ဘဏ်များတွင် ကျပ်သိန်း ၁၀၀ အထိ ထုတ်ယူနိုင်ပြီဟုဆို
စီးပွားရေး သတင်း
1 min read
184

ရန်ကုန်ရှိ ပုဂ္ဂလိက ဘဏ်များတွင် ကျပ်သိန်း ၁၀၀ အထိ ထုတ်ယူနိုင်ပြီဟုဆို

ဇူလိုင် ၁၆ - ၂၀၂၄
0

ရန်ကုန်တိုင်းဒေသအတွင်း ပုဂ္ဂလိကဘဏ်များနှင့် ATM စက်များတွင် ကျပ် ၁၀ သိန်း မှ ကျပ်သိန်း ၁၀၀ အထိ တိုးမြှင့်ထုတ်ယူနိုင်ပြီဟု ငွေထုတ်ယူသူများထံမှ သိရသည်။ ကျပ်တစ်သောင်းတန်ငွေစက္ကူများဖြင့် ထုတ်ယူနိုင်ပြီး ဧရာဝတီ၊ CB ဘဏ်၊ ကမ္ဘောဇ၊ ရိုးမ၊ အပါအဝင် ပုဂ္ဂလိကဘဏ်များတွင် ပြန်လည်ထုတ်ယူနိုင်ပြီဟု ပြောသည်။ မြောက်ဒဂုံမြို့နယ်တွင် ငွေထုတ်ခဲ့သူတစ်ဦးက “ဧရာ၀တီဘဏ်မှာက Special Account က သိန်း ၁၀၀ အထိ ထုတ်ပေးတယ်။ ATM က တစ်ခါထုတ်ရင် ၁၀ သိန်းရတယ်။ KBZ က Special Account က ၁၀ သိန်းထုတ်ပေးတယ်။ ရိုးမလည်းအတူတူပဲ။ ငွေစက္ကူတွေကတော့ ၁

Continue Reading
AA က တစ်နိုင်ငံလုံးလွှမ်းခြုံသည့် အာဏာကို လုပ်မည်မဟုတ်ဟု ICG မြန်မာအကြံပေးပြော
စစ်ရေး သတင်း
1 min read
348

AA က တစ်နိုင်ငံလုံးလွှမ်းခြုံသည့် အာဏာကို လုပ်မည်မဟုတ်ဟု ICG မြန်မာအကြံပေးပြော

ဇူလိုင် ၁၆ - ၂၀၂၄
0

အာဏာသိမ်း စစ်ကောင်စီ ကျဆုံးရှုံးသွားမည်ကို မြင်ချင်သော်လည်း စစ်ကောင်စီနေရာတွင် အစားထိုးနေရာယူမည်ဆိုသည်မှာ အာရက္ခတပ်တော် AA ၏ မူလရည်မှန်းချက် မဟုတ်ကြောင်း International Crisis Group (ICG) မြန်မာ့အရေး အကြီးတန်း အကြံပေး ရစ်ချက်ဟော်ဆီက ပြောသည်။ အာရက္ခတပ်တော် AA အနေဖြင့် ၎င်းတို့၏ မူလရည်မှန်းချက်ဖြစ်သော အာရက္ခအိပ်မက်ကို အကောင်အထည်ဖော်မှာ ရင်ဆိုင်ကိုင်တွယ်ရမည့်အရာ များပြားလှကြောင်း ရစ်ချက်ဟော်ဆီက သုံးသပ်ထားသည်။ နိုင်ငံတကာ ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး နည်းလမ်းများ အကြံပြုရန် ဖွဲ့စည်းထားသည့် ဘရပ်ဆဲလ်စ်မြို့ အခြေစိုက် ICG အဖွဲ့မှ မြန်မာ့အရေး အကြီးတန်းအကြံပေး ရစ်ချက်ဟော်ဆီက ဘီဘီစီနှင့် တာဗျူးတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အာရက္ခတပ်တော် အနေဖြင့် နေပြည်တော်အထိ

Continue Reading
ရခိုင်မှာ ကျပ်ငွေ တစ်သိန်းထုတ်ယူလျှင် ငွေထုတ်ခအဖြစ် ကျပ် ၂၀,၀၀၀ ပေးနေရ
စီးပွားရေး ရုပ်သံ သတင်း
1 min read
350

ရခိုင်မှာ ကျပ်ငွေ တစ်သိန်းထုတ်ယူလျှင် ငွေထုတ်ခအဖြစ် ကျပ် ၂၀,၀၀၀ ပေးနေရ

ဇူလိုင် ၁၆ - ၂၀၂၄
0

Continue Reading
စစ်ကောင်စီတပ်သား ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်က လက်မခံတဲ့အတွက် မောင်တော နတ်မြစ်မှာ မျောနေ
စစ်ရေး ရုပ်သံ သတင်း
1 min read
266

စစ်ကောင်စီတပ်သား ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်က လက်မခံတဲ့အတွက် မောင်တော နတ်မြစ်မှာ မျောနေ

ဇူလိုင် ၁၅ - ၂၀၂၄
0

Continue Reading
AA ရဲ့ မူလရည်မှန်းချက်က တစ်နိုင်ငံလုံးအာဏာ ရယူရေး မဟုတ်ဟု ICG မြန်မာအကြံပေးပြော
စစ်ရေး ရုပ်သံ သတင်း
1 min read
437

AA ရဲ့ မူလရည်မှန်းချက်က တစ်နိုင်ငံလုံးအာဏာ ရယူရေး မဟုတ်ဟု ICG မြန်မာအကြံပေးပြော

ဇူလိုင် ၁၅ - ၂၀၂၄
0

Continue Reading
တရုတ်အစည်းအဝေး ကျင်းပနေချိန် MNDAA ထိုးစစ်ရပ်မည်
စစ်ရေး သတင်း
1 min read
257

တရုတ်အစည်းအဝေး ကျင်းပနေချိန် MNDAA ထိုးစစ်ရပ်မည်

ဇူလိုင် ၁၅ - ၂၀၂၄
1

တရုတ်ကွန်မြနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးကျင်းပနေချိန် ကိုးကန့်တပ် MNDAA က စစ်ကောင်စီတပ်အား ထိုးစစ်ရပ်နားမည်ဟု ထုတ်ပြန်ကြေညာထားသည်။ တရုတ်အစည်းအဝေး ကျင်းပမည့် ဇူလိုင်လ ၁၄ ရက် ည ၁၂ နာရီကနေ ၁၈ ရက်အတွင်း ၄ ရက်တာကာလ စစ်ကောင်စီတပ်အား ပစ်ခတ်မှုရပ်နားမည်ဟု MNDAA က ပြောဆိုထားခြင်းဖြစ်သည်။ သို့သော်လည်း ၄ ရက်တာကာလ အပစ်ရပ်နားထားချိန် စစ်ကောင်စီတပ်မှ တိုက်ခိုက်လာပါက တန်ပြန်ခုခံတိုက်ခိုက်နိုင်ကြောင်း MNDAA ၎င်းတို့တပ်ရင်းများကို ညွှန်ကြားထားသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အစည်းအဝေးကျင်းပနေချိန် ရက်အတွင်း ထိုးစစ်ပစ်မှုနားရခြင်းကို မည်သည့်အတွက်ကြောင့်ဟုဆိုကာ အသေးစိတ်ရှင်းလင်းမှုအား MNDAA က ပြောဆိုထားခြင်းမရှိပေ။ အပစ်ရပ်ခြင်းနှင့် တရုတ်အစည်းအဝေး မည်ကဲ့သို့

Continue Reading
ကိုးကန့်တပ် MNDAA ထိုးစစ်ဆင်နေသည့် မိုင်းရယ်မြို့ကို SSPP တပ်စွဲ နေရာဝင်ယူ
စစ်ရေး သတင်း
1 min read
160

ကိုးကန့်တပ် MNDAA ထိုးစစ်ဆင်နေသည့် မိုင်းရယ်မြို့ကို SSPP တပ်စွဲ နေရာဝင်ယူ

ဇူလိုင် ၁၅ - ၂၀၂၄
0

ရှမ်းပြည်နယ် မိုင်းရယ်မြို့နယ်တွင် ကိုးကန့်တပ် MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေချိန် ရှမ်းတပ်တစ်ခုဖြစ်သည့် SSPP/SSA က မိုင်းရယ်ဒေသမှာ အင်အား ၁၀၀၀ ကျော်ဖြင့် တပ်စွဲနေရာယူလိုက်ကြောင်း သိရသည်။ မဟာမိတ် ကိုးကန့်တပ် MNDAA ကို အကြောင်းကြားပြီး မိုင်းရယ်ဒေသကို ဇူလိုင်လ ၁၂ ရက်နေ့ ညက ဝင်ရောက်ခဲ့ကြောင်း SSPP က ထုတ်ပြန်ထားသည်။ မိုင်းရယ်မြို့က စစ်ကောင်စီတပ်ရင်းများကို MNDAA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယင်းအချိန်တွင် SSPP က ဝင်ရောက်တပ်စွဲရသည့် အကြောင်းအရင်းကို ယခုလိုပြောသည်။ SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆုက “ ဒီဒေသက ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေ

Continue Reading
သံတွဲနှင့် မောင်တောတွင် မိုင်းအန္တရာယ်ရှိကြောင်း AA သတိပေး
စစ်ရေး သတင်း
1 min read
170

သံတွဲနှင့် မောင်တောတွင် မိုင်းအန္တရာယ်ရှိကြောင်း AA သတိပေး

ဇူလိုင် ၁၅ - ၂၀၂၄
0

သံတွဲမြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် တပ်ဆုတ်သွားသော စစ်ကောင်စီတပ်သားများ စွန့်လွှတ်မိုင်းများ ထားရှိခဲ့၍ ဒေသခံပြည်သူများ အထူးသတိပြုကြရန် အာရက္ခတပ်တော် AA က သတိပေးလိုက်သည်။ စစ်ရေးပြင်းထန်နေသော သံတွဲနှင့် မောင်တောမြို့များတွင် စစ်ကောင်စီသည် အဆိုပါ မြို့နှစ်မြို့အား ခံစစ်အဖြစ်ပြင်ဆင်နေသကဲ့သို့ မြို့တွင်းသို့ဝင်ရောက်နိုင်သည့် နေရာများ၊ တံတားများနှင့် ၎င်းတို့စခန်းချခဲ့သော နေရာများတွင် စွန့်လွှတ်မိုင်း၊ မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည်ကို တွေ့ရသည်ဟု AA က ထုတ်ပြန်ထားသည်။ သိမ်းပိုက်ထားသော မြို့နယ်များတွင်လည်း စစ်ကောင်စီတပ်သားများက စွန့်လွှတ်မိုင်းများထားခဲ့၍ အရပ်သားပြည်သူလူထုများမှာ နေ့တိုင်းလိုလို အသက်သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခြင်းများကို ကြုံတွေ့နေရဆဲဖြစ်သည်ဟု AA က ဆိုသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း သံတွဲမြို့၊

Continue Reading
သံတွဲနှင့် ငပလီက စစ်ရှောင် ၂၀၀၀ ကျော် ဂွမြို့နယ်တွင် အကူအညီလိုအပ်နေ
စစ်ရေး သတင်း
1 min read
148

သံတွဲနှင့် ငပလီက စစ်ရှောင် ၂၀၀၀ ကျော် ဂွမြို့နယ်တွင် အကူအညီလိုအပ်နေ

ဇူလိုင် ၁၅ - ၂၀၂၄
0

(သံတွဲမြို့က စစ်ပွဲဇုန်ဖြစ်နေ၍ ဒေသခံများ ယာယီထွက်ခွာပေးကြရန် တက်ကြွလှုပ်ရှားသူတစ်ဦးတိုက်တွန်း) ရခိုင်ပြည် သံတွဲမြို့နယ်နှင့် ငပလီမြို့က ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် စစ်ရှောင် ၂,၀၀၀ ကျော် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တွင် စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။ စစ်ရှောင်အခြေအနေသိသူတစ်ဦးက ” သံတွဲမြို့နယ်နဲ့ ငပလီမြို့ဘက်က နေရပ်စွန့်ခွာလာကြတဲ့ စစ်ရှောင်တွေ ဂွမြို့နယ်နဲ့ ကျိန္တလီမြို့တွေမှာ ဖြစ်သလို နေနေရပါတယ်။ တချို့အိမ်တွေမှာ တောင်းစားနေရတာတောင် မြင်ခဲ့ရတယ်။ တော်တော်လေး အခက်အခဲဖြစ်နေကြတာပါ။ နေစရာမရှိ စားစရာမရှိ။ တတ်နိုင်တဲ့သူတွေ ကူညီထောက်ပံ့ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ” ဟု ပြောသည်။ သံတွဲမြို့နယ် ကျေးလက်ဒေသရွာများတွင် စစ်ရှောင် ၁၀,၀၀၀ ကျော်ရှိပြီး သံတွဲမြို့ထဲတွင် ၅၀၀ နှင့်အထက်ရှိကာ

Continue Reading
သံတွဲအကျဉ်းထောင်က ဝန်ထမ်း ၇၀ ကျော်ထွက်ပြေး
စစ်ရေး သတင်း
1 min read
222

သံတွဲအကျဉ်းထောင်က ဝန်ထမ်း ၇၀ ကျော်ထွက်ပြေး

ဇူလိုင် ၁၅ - ၂၀၂၄
0

(ထောင်ပိုင်နှင့် တစ်ပွင့် အရာရှိတစ်ဦး အပါအဝင် ၅ ဦးသာကျန်ရှိ) ရခိုင်ပြည် သံတွဲအကျဉ်းထောင်တွင် ထောင်ဝန်ထမ်း ၈၀ ဦးခန့်ရှိသည့်အနက် ၇၀ ကျော်မှာ ထွက်ပြေးသွားပြီး ထောင်ပိုင်နှင့် အရာရှိ မျိုးမင်းထွန်းဆိုသူအပါအဝင် ၅ ဦးသာ ကျန်ရှိတော့ကြောင်း ထွက်ပြေးလွတ်မြောက်လာသူများက ပြောသည်။ သံတွဲမြို့နယ် အခြေစိုက် တပ်ရင်းနှစ်ခုနှင့် စစ်စခန်းငယ်များကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် ကျန်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ သံတွဲအကျဉ်းထောင်၌ တပ်စွဲကာ ခံစစ်ပြင်ဆင်နေကြသည်။ သံတွဲထောင်ကို စစ်ကောင်စီက စစ်ရေးအတွက်အသုံးပြုနေ၍ အကျဉ်းထောင်ဝန်ထမ်းများမှာ စစ်ပွဲအတွင်း ကြားညှပ်မည်ကို စိုးရိမ်၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူ အကျဉ်းဝန်ထမ်းတစ်ဦးက ပြောသည်။ ” ပြီးခဲ့တဲ့ နှစ်ရက်ကနေ သံတွဲအကျဉ်းထောင်ကနေ

Continue Reading