လောက်ကိုင် ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်း သေဒဏ်ချခံရ၊ ဗိုလ်ချုပ်နှင့် ဗိုလ်မှူးကြီး အပါအဝင် ၅ဦးကို ထောင်ဒဏ် ၁ နှစ်မှ ၁၅ နှစ် အထိ ချမှတ်ခံရ
ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို စစ်ကောင်စီက သေဒဏ်ကြိုးမိန့်ချမှတ်လိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လအတွင်းတွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းကို ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း အပါအဝင် အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်တို့နှင့်အတူ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ ထို့နောက် မေလအတွင်းတွင် ဗိုလ်ချုပ်ဇော်မင်း အပါအဝင် ဗိုလ်ချုပ်များကို ထောင်ဒဏ်များ အသီးသီးချမှတ်ပြီး ပိုင်ဆိုင်မှုများကို ချိတ်ပိတ် သိမ်းဆည်းခဲ့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ တရုတ်ဘက်မှ တောင်းဆိုလာမှုများအရ ယခုဇူလိုင်ဆန်းပိုင်းတွင် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို ထပ်မံ၍ သေဒဏ်ကြိုးမိန့်
ခလရ ၅၅ တပ်ရင်းက ငပလီကမ်းခြေမှ ပြည်သူပိုင် မြေဧက ၃၅ ဧကကို သိမ်းယူခဲ့
(သိမ်းယူခဲ့သော မြေယာများကို မြန်မာစစ်တပ်က ကုမ္ပဏီ ၅ ခုကို အငှားချထားခဲ့) ရခိုင်ပြည် သံတွဲအခြေစိုက် ခလရ ၅၅ တပ်ရင်းက ငပလီကမ်းခြေမှ ပြည်သူပိုင် မြေဧက ၃၅ ဧကကို သိမ်းယူခဲ့ကြောင်း သံတွဲမြေယာသိမ်းပြန်ရရေး လှုပ်ရှားသူများ၏ စာရင်းအရ သိရသည်။ ငပလီမြို့ထဲက ပြည်သူ ၅၈ ဦးပိုင် မြေယာများကို စစ်တပ် ခလရ ၅၅ တပ်ရင်းက သိမ်းယူခဲ့ခြင်းဖြစ်ပြီး လျော်ကြေးအပြည့်အဝ မပေးခဲ့ကြောင်း သိမ်းဆည်းမြေပြန်ရရေး မြေပိုင်ရှင်များက ပြောဆိုထားကြသည်။ ယင်းမြေယာများကို စစ်အုပ်စုနှင့်နီးစပ်သည့် ဟိုတယ်လုပ်ငန်းရှင်များကို အလွန်သက်သာသော ဈေးနှုန်းများဖြင့် စစ်အုပ်စုက ငှားရမ်းအသုံးပြုခဲ့သည်။ မြေယာသိမ်းဆည်းချိန်က မြန်မာစစ်တပ် ပြောဆိုချက်မှာ ခလရ ၅၅ တပ်ရင်း
စစ်ကောင်စီ လက်နက်ကြီးကြောင့် လားရှိုးမြို့တွင် အရပ်သား ၄ ဦး ထပ်မံသေဆုံး
(စာသင်ကျောင်းနှင့် နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီး) ရှမ်းမြောက် တအောင်းဒေသ လားရှိုးမြို့ကို အာဏာသိမ်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ယနေ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့ရကြောင်း TNLA က ထုတ်ပြန်ထားသည်။ ယနေ့ ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းက စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီး လားရှိုးမြို့ ရပ်ကွက် ၁၊ ရပ်ကွက် ၈၊ ရပ်ကွက် ၁၀ သို့ ကျရောက်ပေါက်ကွဲခဲ့၍ အပြစ်မဲ့ အရပ်သား ၄ ဦးသေဆုံးခဲ့ရသည်။ ရပ်ကွက် ၈ က နေအိမ်တစ်လုံးသို့ စစ်ကောင်စီ လက်နက်ကြီး တစ်လုံးကျရောက်ခဲ့၍
ရခိုင်က တက္ကသိုလ်များတွင် ကျောင်းတက်သူ ၁ ရာခိုင်နှုန်းသာရှိ
ရခိုင်ပြည်မှ တက္ကသိုလ်ကျောင်းများတွင် ကျောင်းတက်ရောက်သူ ကျောင်းသား/သူဦးရေမှာ ၁ ရာခိုင်နှုန်းသာရှိကြောင်း တက္ကသိုလ်အသိုင်းအဝိုင်းမှ သိရသည်။ ရခိုင်က တက္ကသိုလ်ကျောင်းအများစုမှာ စစ်ကောင်စီထိန်းချုပ်မြို့များတွင် ရှိနေဆဲဖြစ်ပြီး စစ်တွေ၊ တောင်ကုတ်မြို့တို့တွင် ရှိနေကြ၍ စစ်ကောင်စီက တက္ကသိုလ်များကို ဖွင့်လှစ်ထားသည်။ စစ်တွေတက္ကသိုလ်တွင် နေ့သင်တန်း (Day) နှင့် အဝေးသင် (UDE) မေဂျာအချို့ ကျောင်းတက်ရောက်ချိန်ဖြစ်ပြီး လက်ရှိ ကျောင်းတက်ရောက်နေသူ ဦးရေမှာ ၁ ရာခိုင်နှုန်းခန့်သာရှိကြောင်း စစ်တွေတက္ကသိုလ် ဆရာမတစ်ဦးက ပြောသည်။ “ကျောင်းဖွင့်တော့ တစ်ယောက်စ နှစ်ယောက်စ တက်ကြပါတယ်။ စာသင်ခန်းတစ်ခန်းမှာ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ ရှိတယ်။ ကျောင်းတက်ရောက်တဲ့ ရာခိုင်နှုန်းက ၁ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အခုက နေ့သင်တန်းတွေ တက်နေတယ်။ အဝေးသင်ကကျတော့
ငပလီကမ်းခြေကို AA ထိန်းချုပ်ပြီးနောက် ဘီလျံနှင့်ချီတန်ဖိုးရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ် ၆၅ လုံးကို ပိုင်ဆိုင်မည်
(ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်အများစုက စစ်အုပ်စုနှင့် နီးစပ်သူများဖြစ်) ရခိုင်ပြည် သံတွဲမြို့နယ်မှာရှိသည့် ကမ္ဘာကျော် ငပလီကမ်းခြေမှာ ကြယ်သုံးပွင့်မှ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် ၆၅ လုံးရှိသည်ဟု စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သံတွဲမြို့နယ်အတွက် ငပလီကမ်းခြေမှာ စစ်ကောင်စီ တပ်ရင်းနှစ်ခုသာရှိပြီး အဆိုပါ တပ်ရင်းများမှာ ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ တပ်ရင်းတို့ဖြစ်သည်။ အဆိုပါ တပ်ရင်း နှစ်ခုစလုံးကို အပြီးအပိုင် သိမ်းပိုက်လိုက်ပြီဟု အာရက္ခတပ်တော် AA က ဇူလိုင်လ ၇ ရက်နှင့် ဇူလိုင်လ ၁၁ ရက်တွင် တရားဝင်ထုတ်ပြန်ထားပြီး ငပလီကမ်းခြေကို ထိန်းချုပ်သိမ်းပိုက်နိုင်ပြီဟု သုံးသပ်သူများက ပြောသည်။ သုံးသပ်သူတစ်ဦးက ” သံတွဲမြို့နယ်အတွက်
တစ်ဒေါ်လာ ကျပ် ၅၀၀၀ ရောက်ရှိ၊ အခေါက်ရွှေဈေး ကျပ်သိန်း ၆၀ ဝန်းကျင်ရှိနေ
ပြည်တွင်း စီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၅၀၀၀ သို့ ရောက်ရှိနေပြီး အခေါက်ရွှေစျေးနှုန်းမှာ ငွေကျပ် သိန်း ၆၀ ဝန်းကျင်ရှိကြောင်း စုံစမ်းသိရသည်။ ရန်ကုန်မြို့မှ နိုင်ငံခြားငွေလဲ လက်ကြီးဒိုင်က “တစ်ဒေါ်လာကို ၄၉၆၀ နဲ့ ၅၀၀၀ အကြားရှိတယ်။ ၅၀၀၀ ရောက်သွားပြီလို့ ပြောလို့ရတယ်။ ထိုင်းတစ်ဘတ်ကို အခုက ၁၃၈ ကျပ် ကျော်ရှိနေပြီ။ ဒေါ်လာရော ဘတ်ရော စံချိန်တင်ပဲ။ အဝယ်ချည်းပဲ အရောင်းလုံး၀ မရှိဘူး” ဟု ပြောသည်။ ရွှေစျေးကွက်တွင် ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၀၈ တွင်ရှိနေပြီး မြန်မာ့ရွှေစျေးနှုန်းမှာ ၅၉ သိန်း ၃ သောင်းနှင့် သိန်း ၆၀
သံတွဲတိုက်ပွဲ စစ်မှုထမ်းသစ် ၁၀၀ ကျော် အပို့ခံရ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်နေ
ရခိုင်ပြည် သံတွဲတိုက်ပွဲကို စစ်မှုထမ်းသစ် အပတ်စဉ် ၁ ဆင်း တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို စစ်ကောင်စီက ပို့လိုက်ပြီး AA က ငပလီမြို့ရှိ တပ်ရင်းများကို သိမ်းပိုက်ပြီးနောက် မိသားစုဝင်များနှင့် အဆက်အသွယ်သွားပြီဟု သိရသည်။ ဇွန်လ ၂၈ ရက်နေ့က တိုက်ကြီး တန်းမြင့်လေ့ကျင့်ရေးကျောင်းဆင်းသော စစ်မှုထမ်းသစ်များထဲမှ တပ်ဖွဲ့ဝင် ၁၀၀ ကျော်မှာ ဇွန်လ ၂၉ ရက်နေ့က သံတွဲတိုက်ပွဲ ရှေ့စစ်မျက်နှာပြင်သို့ အပို့ခံရကြောင်း မိသားစုဝင်များက ပြောသည်။ သံတွဲအပို့ခံရသည့် စစ်မှုထမ်းသစ် တပ်သား အစ်ကိုဖြစ်သူက ” သူက ရန်ကုန်တိုက်ကြီး အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးကျောင်းက ဇွန်လ ၂၈ ရက်နေ့က သင်တန်းဆင်းသွားတဲ့
ရခိုင်ပြည်အတွင်း စစ်ရှုံးနေချိန် စစ်ကောင်စီက စစ်တွေမြို့တွင် ရန်ကာဘုရား နှစ်ဆူ တည်
ရခိုင်ပြည်အတွင်း တပ်စခန်း တစ်ခုပြီးတစ်ခု တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးနေရချိန် အာဏာသိမ်း စစ်ကောင်စီသည် မြို့တော် စစ်တွေမြို့တွင် ရန်ကာဘုရားနှစ်ဆူ တည်နေကြောင်း ဒေသခံများက ပြောသည်။ ရန်ကာဘုရားနှစ်ဆူကို ရန်ကုန်မြို့က ကုန်တင်သင်္ဘောဖြင့် ဇူလိုင်လ ၃ ရက်နေ့က စစ်တွေမြို့သို့ ပင့်ဆောင်လာပြီး လောကာနန္ဒာဘုရားဝန်းတွင် ထပ်မံ တည်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ” ဇူလိုင် ၃ ရက်နေ့က သင်္ဘောနဲ့ပင့်လာတာ။ သင်္ဘောကနေတစ်ဆင့် ကားနဲ့ယူလာတယ်။ ၄ ရက်နေ့မှာ အနေကဇာ တင်တယ်။ လောကာနန္ဒာဘုရားမှာပဲ မြောက်ဘက် တစ်ပါး၊ တောင်ဘက် တစ်ပါး တည်ထားတယ်” ဟု ပြောသည်။ အဆိုပါ ဘုရားနှစ်ဆူကို စစ်ကောင်စီက ရန်ကာဘုရားဟု အမည်ပေးထားပြီး
သံတွဲ၊ ငပလီ ကမ်းခြေရှိ ၅၅ တပ်ရင်းနှင့် မောင်တော မကျည်းချောင်းစခန်းတို့ကို AA သိမ်းပိုက်၊ နှစ်မြို့လုံ သိမ်းပိုက် ရရှိရေး ထိုးစစ်ဆင် တိုက်ခိုက်သွားမည်
စစ်ကောင်စီတပ်ရင်းတစ်ခု ဖြစ်သော သံတွဲမြို့ ငပလီကမ်းခြေရှိ ခလရ (၅၅) တပ်ရင်းအား အာရက္ခတပ်တော် AA က ဇူလိုင် ၉ ရက်နေ့တွင် သိမ်းပိုက် ရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိကြောင်း ယမန့်နေ့က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို AA မှထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ သံတွဲမြို့နယ်နှင့် မောင်တောမြိုနယ်အတွင်းမှ စစ်ကောင်စီ၏ တပ်စခန်း ၂ခုကို ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း AA ကထုတ်ပြန်သည်။ ယင်းအထဲမှ သံတွဲမြို့နယ်အတွင်း၌ သံတွဲမြို့၊ ငပလီ ကမ်းခြေတွင် အခြေစိုက်တပ်ရင်းများထဲမှ လက်ကျန်စခန်းတစ်ခုဖြစ်သော ခလရ (၅၅) တပ်ရင်းအား ဇူလိုင်လ ၉ ရက်၊ နံနက် ၁၀ နာရီခန့်က သိမ်းပိုက်