စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ၂ဦးသေဆုံးပြီး ကျောက်ဖြူတွင် ၁ဦးသေဆုံး
စစ်ရေး သတင်း
1 min read
134

စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ၂ဦးသေဆုံးပြီး ကျောက်ဖြူတွင် ၁ဦးသေဆုံး

ဇူလိုင် ၁၂ - ၂၀၂၄
0

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၂ဦး သေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကာ ကျောက်ဖြူတွင် ၁ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ဇူလိုင် ၁၁ ရက်နေ့ နံနက် ၉ နာရီကျော်တွင် သံတွဲမြို့နယ် ဂွသံတွဲလမ်းရှိ ပဒဲကောကျေးရွာကို သံတွဲဂျိတ္တော အနီးရှိ စစ်ကောင်စီ ရေတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကျေးရွာ တံတားအနီးတွင် ကျရောက်ခဲ့ခြင်းဖြစ်သည်။ သံတွဲဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တာ မရှိဘူးဗျ။ မောင်ရွှေလေးရေတပ်ကက လက်နက်ကြီးနဲ့ ပစ်ခတ်တာပါ။ အဲ့ဒီမှာ လက်နက်ကြီး ကျည်က ရွာထိပ် တံတားအနားကို ကျတယ်။ အဲ့ဒီမှာ အမျိုးသမီးတစ်ဦး လက်နက်ကျည်စင်ပြီး လည်ပင်းကို ထိတယ်။

Continue Reading
ရခိုင်မှာ ငွေထုတ်စျေး ၁၀ ရာခိုင်နှုန်းအထိ ထပ်မြင့်တက်
စီးပွားရေး သတင်း
1 min read
188

ရခိုင်မှာ ငွေထုတ်စျေး ၁၀ ရာခိုင်နှုန်းအထိ ထပ်မြင့်တက်

ဇူလိုင် ၁၂ - ၂၀၂၄
0

ရခိုင်ပြည် မြို့နယ်အများစုတွင် ငွေထုတ်ယူစျေးနှုန်းမှာ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လျှက်ရှိကြောင်း ငွေလွှဲငွေထုတ်လုပ်သူများက ပြောသည်။ ငွေသားရှားပါးလာ၍ဟုဆိုကာ လဝက်အတွင်း ဈေးမြင့်တက်သွားခြင်းဖြစ်သည်ဟု မင်းပြားမှ ငွေလွှဲငွေထုတ်လုပ်သူတစ်ဦးက ပြောသည်။ “ငွေထုတ်ခစျေး တက်တယ်ဆိုတာကတော့ ငွေရှားလို့ပဲပေါ့လေ။ အခုက တစ်နေ့နဲ့တစ်နေ့ စျေးချင်းမတူဘူး။ ဒီနေ့ ၁၀ ရာခိုင်နှုန်းဆို နောက်တစ်နေ့ ဒီစျေးနဲ့ ရချင်မှရမယ်။ ဒီစျေးဖြစ်သွားတာကလည်း သိပ်မကြာပါဘူး။ လဝက်လောက်ပဲကြာလိုက်တယ်” ဟု ပြောသည်။ လက်ရှိ ငွေထုတ်စျေး ၁၀ ရာခိုင်နှုန်းအထိ ဖြစ်နေသည့် မြို့များမှာ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များဖြစ်ပြီး တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲဒေသတို့တွင် ၈ ရာခိုင်နှုန်းခန့် ရှိနေကြောင်း သိရသည်။

Continue Reading
ကုလားတန်စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရေး အိန္ဒိယနှင့် စစ်ကောင်စီ ဆွေးနွေး
စီးပွားရေး သတင်း
1 min read
173

ကုလားတန်စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရေး အိန္ဒိယနှင့် စစ်ကောင်စီ ဆွေးနွေး

ဇူလိုင် ၁၂ - ၂၀၂၄
0

ရခိုင်ပြည် စစ်တွေမြို့တွင်ရှိသော ရေနက်ဆိပ်ကမ်း ကုလားတန်ဘက်စုံသုံးစီမံကိန်းကို နှစ်နိုင်ငံ ပူးပေါင်းပြီး ဆက်လက်အကောင်အထည်ဖော်ရေး အိန္ဒိယကောင်စစ်ဝန်နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ သတင်းစာက ထုတ်ပြန်ထားသည်။ စစ်တွေအခြေစိုက် အိန္ဒိယကောင်စစ်ဝန် ရုံးချုပ်မှ ကောင်စစ်ဝန်ချုပ် မစ္စတာ ဘီဘေကာနန္ဒာ ဘတ္တာမစ်ရှရာနှင့် စစ်ကောင်စီ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ ဇူလိုင်လ ၁၀ ရက် နံနက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံပွဲတွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအပြင် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရေးကို ပွင့်လင်းစွာ ဆွေးနွေးခဲ့သည်ဟု သိရသည်။ အာရက္ခတပ်တော် AA သည် ပလက်ဝမြို့အပါအဝင် ရခိုင်မြောက်ပိုင်းကို ထိန်းချုပ်သိမ်းပိုက်ထားသည့်အတွက် ကုလားတန်မြစ်ကြောင်းကို စီမံကိန်းခန့်ခွဲနေသည်။

Continue Reading
နောင်ချို့မြို့သိမ်းတိုက်ပွဲက သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ
စစ်ရေး သတင်း
1 min read
136

နောင်ချို့မြို့သိမ်းတိုက်ပွဲက သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ

ဇူလိုင် ၁၂ - ၂၀၂၄
0

(ဓါတ်ပုံသတင်း) ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို တအောင်းတပ် TNLA ယနေ့ နေ့လယ်က ထုတ်ပြန်လိုက်သည်။ နောင်ချိုမြို့ကို တအောင်းတပ် TNLA, မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် MDY PDF နှင့် DPLA တို့က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ နောင်ချိုမြို့သိမ်းတိုက်ပွဲကို ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၁၀ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ နောင်ချိုမြို့က စစ်ကောင်စီတပ်ရင်းတပ်စခန်းများဖြစ်သော ခမရ-၁၁၄ စခန်း၊ ခမရ-၁၁၅၊ ဒုံးတရ – ၆၀၆ နှင့် အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေညောင်ပင်စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊

Continue Reading
နောင်ချိုမြို့က လက်ကျန် စစ်ကောင်စီတပ်ကို TNLA သိမ်းပိုက်
စစ်ရေး သတင်း
1 min read
122

နောင်ချိုမြို့က လက်ကျန် စစ်ကောင်စီတပ်ကို TNLA သိမ်းပိုက်

ဇူလိုင် ၁၂ - ၂၀၂၄
0

ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့နယ်က လက်ကျန်စခန်းဖြစ်သော စစ်ကောင်စီတပ်ကို TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု ယမန်နေ့ ဇူလိုင်လ ၁၀ ရက်တွင် TNLA က ထုတ်ပြန်ထားသည်။ နောင်ချိုမြို့က လက်ကျန်စခန်း ဒုံးတရ ၆၀၆ တပ်စခန်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် သိမ်းပိုက်ရရှိခဲ့သော လက်နက်ခဲယမ်းများကို ထုတ်ပြန်ခဲ့သည်။ ဆက်လက်ပြီး နောင်ချို့မြို့နယ် သဲခေါ်ကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး လားရှိုး တန့်ယန်းမြို့နယ် နားဆောင်ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းများကို TNLA က ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ မိုးမိတ်မြို့နယ် ရွှေတောင်ဦးဘုရားအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ် စကခ-၂၁၊

Continue Reading
သံတွဲ ကျောက်ဆိပ်ရွာ လက်နက်ကြီးကျ ၁ ဦးသေ၊ ငပလီကမ်းခြေက စစ်ရှောင် ၃၀၀ အကူအညီလိုအပ်
စစ်ရေး သတင်း
1 min read
128

သံတွဲ ကျောက်ဆိပ်ရွာ လက်နက်ကြီးကျ ၁ ဦးသေ၊ ငပလီကမ်းခြေက စစ်ရှောင် ၃၀၀ အကူအညီလိုအပ်

ဇူလိုင် ၁၂ - ၂၀၂၄
0

စစ်ရေးပြင်းထန်နေသော ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီး ကျောက်ဆိပ်ကျေးရွာက လူနေအိမ်ကို ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင်လ ၁၀ ရက် ညက တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရင်းများမှ ယမ်းသန်းပစ်ခတ်သော လက်နက်ကြီး ကျောက်ဆိပ်ကျေးရွာ လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ” ရွာအနီး ဘာတိုက်ပွဲမှ မရှိဘူး။ စစ်ကောင်စီက နေ့စဉ် အချိန်ပြည့် လေယာဉ်နဲ့ လာဗုံးကြဲလိုက်၊ လက်နက်ကြီးနဲ့ ကျေးရွာတွေဆီ လှမ်းပစ်ခတ်လိုက် လုပ်နေတာ။ မနေ့ညက စစ်ကောင်စီတပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီး တစ်လုံးဟာ ကျောက်ဆိပ်ရွာက အိမ်တစ်အိမ်ကို တည့်တည့်ကျတာ။

Continue Reading
စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည် စစ်တွေမြို့မှာ ရန်ကာဘုရား နှစ်ဆူတည်
ရုပ်သံ သတင်း
1 min read
224

စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည် စစ်တွေမြို့မှာ ရန်ကာဘုရား နှစ်ဆူတည်

ဇူလိုင် ၁၂ - ၂၀၂၄
0

Continue Reading
ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများက မတူပီမြိုမှ တပ်ဆုတ်ပေးရန် CNA ကို တောင်းဆို
စစ်ရေး သတင်း
1 min read
287

ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများက မတူပီမြိုမှ တပ်ဆုတ်ပေးရန် CNA ကို တောင်းဆို

ဇူလိုင် ၁၁ - ၂၀၂၄
2

Continue Reading
မတူပီမြို့က တပ်ဆုတ်ပေးရန် CNA ကို ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများ တောင်းဆို
စစ်ရေး သတင်း
1 min read
462

မတူပီမြို့က တပ်ဆုတ်ပေးရန် CNA ကို ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများ တောင်းဆို

ဇူလိုင် ၁၁ - ၂၀၂၄
0

ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်များ သိမ်းပိုက်ထားသော မတူပီမြို့နယ်က ချင်းအမျိုးသားတပ်မတော် CNA အနေဖြင့် တပ်ပြန်ဆုတ်ပေးရန် ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများက တောင်းဆိုလိုက်သည်။ ချင်းညီနောင်တပ်ဖွဲ့နှင့် CNA တို့ မတူပီမြို့နယ်အတွင်း စစ်ရေးတင်းမာနေရခြင်းမှာ ချင်းညီနောင်တပ်ဖွဲ့၏ မဟာမိတ်တပ်များကို CNA မှ နောက်ကွယ်က စတင်ပစ်ခတ်၍ ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။ CNA ဦးဆောင်သော တပ်ဖွဲ့များအနေဖြင့် လက်ရှိပဋိပက္ခအား ပြီးဆုံးစေရန်ဆန္ဒရှိပါက တပ်ဖွဲ့ဝင်များ ပစ်ခတ်နေခြင်းကို ချက်ချင်းရပ်တန့်ရန် လိုအပ်သည်ဟု ကမ္ဘာလုံးဆိုင်ရာ မတူမျိုးနွယ်စုများက ယမန်နေ့ ဇူလိုင်လ ၁၀ ရက်တွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။ မတူပီမြို့ကို ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်များက သိမ်းထားခြင်းဖြစ်ပြီး CNA အနေဖြင့် မိမိတပ်ရင်းများသို့ ပြန်လည်ဆုတ်ခွာရန် လိုအပ်သလို CNA

Continue Reading
စစ်ကောင်စီ လက်နက်ကြီးကြောင့် လားရှိုးမြို့က အရပ်သား ၃ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
128

စစ်ကောင်စီ လက်နက်ကြီးကြောင့် လားရှိုးမြို့က အရပ်သား ၃ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

ဇူလိုင် ၁၁ - ၂၀၂၄
0

ရှမ်းမြောက် တအောင်းဒေသ လားရှိုးမြို့ ရပ်ကွက် ၉ ကို စစ်ကောင်စီ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း TNLA က ထုတ်ပြန်ထားသည်။ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့ပေါ်ရပ်ကွက်များကို စစ်ကောင်စီတပ်က လက်နက်ကြီး အများအပြား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လက်နက်ကြီးကျည်ကြောင့် ကလေးငယ် တစ်ဦးအပါအဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ၁၀ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။ အလားတူ မိုးမိတ်မြို့ အရှေ့ဘက် မင်းတံတားတွင် စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

Continue Reading