ဘုတလင်နှင့် မုံရွာမှာ လက်နက်ကြီးထိ၍ ကလေးအပါအဝင် ၉ ဦးသေဆုံး
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်က ကျေးရွာများသို့ စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဘုတလင်မြို့နယ်က ထနောင်းကုန်းရွာဆေးခန်းနှင့် မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာကို စစ်ကောင်စီတပ်က ဒရုန်းများဖြင့် ဗုံးကြဲပစ်ခတ်ခဲ့သလို လက်နက်ကြီးများဖြင့်လည်း တိုက်ခိုက်ခဲ့သည်။ ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၁၁ နာရီက ဘုတလင်မြို့နယ် လမ်းပိုင်း၊ ထနောင်းကုန်းရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကလေးနှင့် သူ၏ မိခင် သေဆုံးခဲ့ရသည်။ ဘုတလင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “လမ်းပိုင်း စစ်ဆေးရေးဂိတ်ကို ပထမ ချခံရတာ။ အဲ့ဒီမှာ ဒဏ်ရာရလို့
သံတွဲမှာ လက်နက်ကြီးကျည်ထိ၍ အသက် ၆၀ ကျော်အရွယ် လင်မယားနှစ်ဦးထိခိုက်
(မျက်လုံးဒဏ်ရာ ပြင်းထန်သော အမျိုးသမီးကို ရန်ကုန်သို့ ပို့ဆောင်) ရခိုင်ပြည် သံတွဲမြို့ပေါ်က ရပ်ကွက်များကို စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ ကျော်အရွယ် လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့ ညက စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးမှာ အမှတ် ၅ ရပ်ကွက် ညောင်ပင်ဈေးက အောင်မင်္ဂလာလမ်းကို ကျရောက်ခဲ့သည်။ ဒေသခံတစ်ဦးက ” ညောင်ပင်ဈေးက လင်မယားနှစ်ဦး လက်နက်ကြီးကျည်ထိလို့ ပြင်းထန်ဒဏ်ရာ ရရသွားတယ်။ ဇနီးဖြစ်သူ အမျိုးသမီးမှာ မျက်လုံးမှာ တော်တော်လေး ဒဏ်ရာ ပြင်းထန်တယ်။ အဲဒါ ဒီနေ့ ရန်ကုန်မှာ ကုဖို့
ဗျိုင်းဖြူရွာသားများကို ရုံးချိန်းသော်လည်း စစ်ဆေးခြင်းမရှိ
မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသော စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာသားများကို ရုံးချိန်းများချိန်းဆိုသော်လည်း တစ်စုံတစ်ရာစစ်ဆေးခြင်းများ မပြုလုပ်ကြောင်း တရားစွဲဆိုခံထားရသူများ၏ မိသားစုဝင်များက ပြောသည်။ ဗျိုင်းဖြူကျေးရွာသားများကို ပြီးခဲ့သည့် မေလအတွင်းက စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီး ဇွန် ၂၅ ရက်နေ့တွင် စတင်ရုံးထုတ်ခဲ့ကာ ရုံးချိန်း ၂ ကြိမ်မြောက်အထိ တစ်စုံတစ်ရာ စစ်ဆေးခြင်းများ မပြုလုပ်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ “ရုံးချိန်းမှာ ဘာမှ မစစ်ဆေးပါဘူး။ ထောင်က ခေါ်လာတယ် တရားရုံးသွားတယ်။ ထောင်ကို ပြန်ပို့တယ်။ တရားသူကြီးကလည်း ဘာမှ မစစ်ဆေးပါဘူး။ အခုလည်း ထပ်ချိန်းထားတယ်။ အမှုနဲ့ပတ်သက်ပြီး ၁၇(၁) အမှုလို့ပဲ သိထားတယ်။ တစ်ခြားဘာမှလည်း မသိရဘူး” ဟုပြောသည်။ ဗျိုင်းဖြူကျေးရွာသားများကို
စစ်ကောင်စီ ဂျက်ဖိုက်တာကြောင့် မိုးမိတ်က ကလေး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
ရှမ်းမြောက် တအောင်းဒေသ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့၍ အသက် ၁၁ နှစ်အရွယ် ကလေး ၁ ဦး နေရာ၌ သေဆုံးခဲ့ရပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ ယနေ့ ဇူလိုင်လ ၉ ရက် နံနက်ပိုင်းက မိုးမိတ်မြို့နယ် ရွှေတောင်ဦးကျေးရွာနှင့် သရက်တောကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရွှေတောင်ဦးကျေးရွာက နေအိမ် အများအပြား ပျက်စီးသွားသည်။ သေဆုံးသွားသော ကလေးငယ်မှာ ရွှေတောင်ဦးကျေးရွာကဖြစ်ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ကျန်တစ်ဦးမှာ သရက်တောကျေးရွာက ဘုန်းတော်ကြီးဖြစ်သည်။ ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့ကလည်း စစ်ကောင်စီ လေတပ်က မိုးမိတ်မြို့
ပုဏ္ဏားကျွန်းမှာ စစ်ရှောင်ကလေးငယ်များ တုပ်ကွေးနှင့် ဝမ်းရောဂါဖြစ်နေ
ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်နေကြသည့် ကလေးငယ်များ တုပ်ကွေးနှင့် ဝမ်းရောဂါ ဖြစ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးသူများက ပြောသည်။ မိုးရာသီကာလ သန့်ရှင်းသော ပတ်ဝန်းကျင်မှာ မနေရခြင်း၊ တကိုယ်ရည်သုံး ပစ္စည်းများလုံလောက်စွာမရှိခြင်းတို့ကြောင့် ကလေးငယ်အများစု ရောဂါဖြစ်နေကြသည်ဟု စစ်ရှောင်ကူညီရေးအဖွဲ့ လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အများအားဖြင့် မြေပေါ်မှာပဲ တဲတွေထိုးပြီး ဖြစ်သလို နေကြရပါတယ်။ ပတ်ဝန်းကျင်နဲ့ သောက်သုံးရေ သန့်ရှင်းမှုမရှိကြဘူး။ ခြင်တွေ တအားများတယ်။ ခြင်ထောင်တွေလည်း အလုံလောက်မရှိကြတော့ ခြင်ကိုက်ပြီး တုတ်ကွေး အဖြစ်များကြပါတယ်။ ဝမ်းပျက်ဝမ်းလျှော့ရောပဲ တော်တော်ဖြစ်ကြတယ်။ ဆေးဝါးတွေကလည်း အလုံလောက်မပေးနိုင်ဘူး။ ကျနော်တို့လည်း တတ်နိုင်သလောက် ကူပေးနေပေမယ့် မလုံလောက်နိုင်ဘူး ဖြစ်နေပါတယ်” ဟုပြောသည်။ ဝမ်းပျက်ဝမ်းလျှော့နှင့် တုပ်ကွေးဖြစ်နေသည့် ကလေးငယ်များမှာ အသက်
တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်နှင့် AA တို့ သံတွဲ လင်းသာတွင် တိုက်ပွဲပြင်းထန်နေ
တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ ယနေ့ ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းက သံတွဲမြို့ လင်းသာကမ်းခြေတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေသည့် နေရာများအပါအဝင် ငပလီကမ်းခြေ၊ ရွှေကျောင်းပြင်ရွာ၊ သံတွဲမြို့ရပ်ကွက်များကို လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်နေပြီး အရပ်သားများ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။ AA ၏ ထိုးစစ်ကြောင့် ငပလီမှတပ်ဆုတ်လာသည့် စစ်ကောင်စီတပ်၏ ခလရ (၅၅)၊ ခမရ (၅၆၆) နှင့် ပြည်သူ့စစ်များသည် ဂျိတ္တောရပ်ကွက်တွင် ပူးပေါင်းခံစစ်ဖြင့် တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။ သံတွဲ ဒေသခံတစ်ဦးက “စစ်ကောင်စီတပ်ဖွဲ့တွေက တပ်ဆုတ်လာကြတယ်။ အဲ့ဒီ
စစ်ကောင်စီထံ စစ်မှုမထမ်းလို၍ ပြည်သူ ၁၂ ဦး မိမိကိုယ်ကို အဆုံးစီရင်
(သတ်သေ စာရင်းထဲ ရခိုင် မာန်အောင်က လူငယ်တစ်ဦးလည်း ပါဝင်) အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတဝှမ်း စစ်ရှုံးနေချိန် တပ်အင်အား ပြန်လည်ဖြည့်ဆည်းရန် နိုင်ငံအတွင်းက လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူပြီးနောက် ပြည်သူ ၁၂ ဦး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သိရသည်။ ပြည်သူ့ထောက်ခံချက်မပါသော စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြဌာန်းပြီး နိုင်ငံအတွင်းက လူငယ် ၅၆၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် ပြည်သူ ၁၂ ဦးမှာ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု Spring Revolution Database (SRD) ၏ အစီရင်ခံစာအရ သိရသည်။ စစ်ကောင်စီက ယခုနှစ် ၆ လတာ ကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် အရပ်သား ပြည်သူ
ရန်ကုန်-ရခိုင် သွားလာကြသူများ ဖမ်းဆီးခံရမှု များပြား
ရန်ကုန်-ရခိုင်ပြည်ကို တောလမ်းများမှ ပွဲစားဖြင့်သွားလာကြသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးနေကြောင်း သိရသည်။ စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်ထားချက်များကြောင့် ရန်ကုန်မှ ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်၍ မရဖြစ်နေကြသည့် ရခိုင်အများစုမှာ ရခိုင်သို့ လာရောက်နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းလျှက်ရှိနေကြသည်။ ထိုကဲ့သို့ ကြိုးပမ်းသူများမှာ ရသည့်နည်းဖြင့် သွားလာကြရာမှ လမ်းခရီးတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုကို ခံကြရခြင်းဖြစ်သည်ဟု ရန်ကုန်ရောက် ရခိုင်အမျိုးသမီးတစ်ဦးကပြောသည်။ “အများအားဖြင့် အဖမ်းခံကြရတယ်။ ကျမတို့ ရခိုင်ပြန်တုန်းကဆိုရင် အယောက် ၃၀ လောက်ပါတယ်။ တစ်ယောက်ကို ကျပ် ၆ သိန်းစီပေးပြီး သွားရတာ။ ရခိုင်ကိုလည်း မရောက်ခဲ့ပါဘူး။ လမ်းခုလတ်မှာ စစ်ကောင်စီထံမှာ အဖမ်းခံရတယ်။ ပြန်လွှတ်လိုက်ပေမယ့် သူတို့က ရခိုင်ကိုဘယ်တော့မှ မပို့ပါဘူး။ ရန်ကုန်ကိုပဲ ပြန်လာကြရတယ်။