စဉ့်ကူးက စစ်ကောင်စီတပ်စခန်း ၁၁ ခုကို မန္တလေး PDF သိမ်းပိုက်
စစ်ရေး သတင်း
1 min read
144

စဉ့်ကူးက စစ်ကောင်စီတပ်စခန်း ၁၁ ခုကို မန္တလေး PDF သိမ်းပိုက်

ဇူလိုင် ၉ - ၂၀၂၄
0

(ဒုတပ်မှူး ဒုဗိုလ်မှူးကြီး လှိုင်းထွန်းအောင်အပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးကို အရှင် ဖမ်းဆီးရမိ) မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်း ၁၁ ခုကို မန္တလေး PDF က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းအများအပြား အပြင် ဒုတိယတပ်မှူး ဒုဗိုလ်မှူးကြီး လှိုင်းထွန်းအောင်နှင့် ၁၄ ဦးကို အရှင်းဖမ်းဆီးရမိကြောင်း သိရသည်။ မန္တလေးတိုင်း စစ်ရေးအခြေအနေကို မန္တလေး PDF က ယနေ့ ဇူလိုင်လ ၈ ရက်နေ့က ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မန္တလေး PDF မှာ စဉ့်ကူးမြို့နယ်အတွင်းက စစ်ကောင်စီ၏ ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်းနှင့် ပလယ်ကြီးတပ်စခန်း စသဖြင့်

Continue Reading
မာန်အောင်မှာ ကုန်ပစ္စည်းသယ် စက်လှေများဖမ်းဆီးခံရ
စစ်ရေး သတင်း
1 min read
175

မာန်အောင်မှာ ကုန်ပစ္စည်းသယ် စက်လှေများဖမ်းဆီးခံရ

ဇူလိုင် ၉ - ၂၀၂၄
0

ရခိုင်ပြည် မာန်အောင်မြို့နယ်မှာ ပြီးခဲ့သည့်သီတင်းပတ်စ၍ ကုန်ပစ္စည်းများသယ်ယူလာသည့် စက်လှေများကို စစ်ကောင်စီ စစ်ရေယာဉ်များက ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ စက်လှေများမှာ ဇွန်လနောက်ဆုံး သီတင်းပတ်စပြီး ဖမ်းဆီးခံနေရကာ တပိုင်တနိုင် ကုန်စည်သယ်ယူသူများ များစွာနစ်နာဆုံးရှုံးနေရသည်ဟု မာန်အောင်ဒေသခံတစ်ဦးက ပြောသည်။ “အဖမ်းအဆီးများတာကတော့ ဇွန်လ နောက်ဆုံးအပတ်ထဲကနေ စတာပါ။ ကုန်တင်လာတဲ့ဘယ်ဘုတ်မဆို ဖမ်းတယ်။ ကုန်စည်သယ်ခွင့် ပိတ်တာကတော့ အစကတည်းက ပိတ်တာပဲ။ ဒါပေမယ့် စစ်တပ်ကလူတွေနဲ့ ညှိလို့ အဆင်ပြေရင် သွားလို့ရကြတယ်။ အခုနောက်ပိုင်းကျ ညှိပြီးသွားရင်တောင် အဖမ်းခံရတာမျိုးတွေဖြစ်လာတာ။ ” ဟု ပြောသည်။ ဖမ်းဆီးခံရသူများကို ပြန်လည်ရွေးထုတ်ရာတွင် ကျပ်သိန်းရာနှင့်ချီပေးနေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငွေညှစ်တောင်းယူနေကြသည်။ စက်လှေများကို တောင်ကုတ်-မာန်အောင် ရေလက်ကြားရှိ စစ်ကောင်စီ နေဗီမှ အဓိက

Continue Reading
ပုဂ္ဂလိကဘဏ်အချို့တွင် စပယ်ရှယ်အကောင့်ကို တစ်ရက် ငွေကျပ် ၁၀ သိန်းသာ ထုတ်ပေး
စီးပွားရေး သတင်း
1 min read
124

ပုဂ္ဂလိကဘဏ်အချို့တွင် စပယ်ရှယ်အကောင့်ကို တစ်ရက် ငွေကျပ် ၁၀ သိန်းသာ ထုတ်ပေး

ဇူလိုင် ၉ - ၂၀၂၄
0

မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ်များတွင် စပယ်ရှယ်ဘဏ်အကောင့်များကို တစ်ရက်လျှင် ကြိုက်သလောက် ထုတ်ခွင့်ရခဲ့သော်လည်း လက်ရှိတွင် တစ်ရက်လျှင် ငွေကျပ် ၁၀ သိန်းသာ ထုတ်ပေးတော့ကြောင်း စုံစမ်းသိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပုဂ္ဂိလကဘဏ်များတွင် အကောင့်များကို ငွေထုတ်ကန့်သတ်ခဲ့ပြီးနောက် ငွေသွင်းငွေထုတ် ပိုမိုလွယ်ကူစေရန် စပယ်ရှယ် (Special Account) ဘဏ်အကောင့်များကို ထပ်မံ ဖွင့်လှစ်ပေးခဲ့သော်လည်း ယခုအခါ ကြိုက်သလောက် ငွေထုတ်၍ မရတော့ပေ။ ဗဟိုဘဏ်က သတ်မှတ်ထားသော ချေးငွေထက် ပိုလွန်၍ ချေးငွေပိုထုတ်ချေးခဲ့သည်ဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီက ပုဂ္ဂလိက ဘဏ် ၇ ခုကို အရေးယူမည်ဟု ဇူလိုင်လ ၁ ရက်နေ့က ကြေညာခဲ့သည်။ ထိုသို့ ကြေညာပြီးနောက် ဇူလိုင်လ ၂ ရက်နေ့ကစ၍

Continue Reading
AA ထုတ်ပြန်သော သံတွဲမြို့သိမ်းတိုက်ပွဲ
စစ်ရေး သတင်း
1 min read
224

AA ထုတ်ပြန်သော သံတွဲမြို့သိမ်းတိုက်ပွဲ

ဇူလိုင် ၈ - ၂၀၂၄
0

(မြန်မာ့တော်လှန်ရေးသမိုင်းတွင် လေဆိပ်သိမ်းသည့်တပ် AA ဖြစ်လာ) သံတွဲမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ နံနက် ၆ နာရီတွင် စတင်ခဲ့ပြီး စစ်ကောင်စီ၏ ခလရ ၅၅ နှင့် ကြိုကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ အစောပိုင်းတွင် ကြိုကြားတိုက်ပွဲများဖြင့် စတင်ခဲ့သော်လည်း မေလနှင့် ဇွန်လတို့တွင် နေ့စဉ်နီးပါး တိုက်ပွဲများပြင်းထန်ကာ ဇူလိုင်လ ပထမ အပတ်မှာ တိုက်ပွဲအရှိန် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း AA က ထုတ်ပြန်ပြောထားသည်။ သံတွဲမြို့နယ်နှင့် ငပလီမြို့တို့တွင် အာဏာသိမ်း စစ်ကောင်စီမှာ ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ တပ်ရင်းအပြင် တပ်မ

Continue Reading
ထိုင်းမှာလုပ်ရမည့် MOU ဆောက်လုပ်ရေး အလုပ်ခေါ်စာသစ် စစ်ကောင်စီ ယာယီဆိုင်းငံ့
စီးပွားရေး သတင်း
1 min read
127

ထိုင်းမှာလုပ်ရမည့် MOU ဆောက်လုပ်ရေး အလုပ်ခေါ်စာသစ် စစ်ကောင်စီ ယာယီဆိုင်းငံ့

ဇူလိုင် ၈ - ၂၀၂၄
0

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွင်း အဆင်မပြေမှုများရှိနေ၍ မြန်မာနိုင်ငံက တရားဝင်စေလွှတ်မည့် MOU လုပ်သားများများကို စစ်ကောင်စီက ယာယီဆိုင်းငံ့လိုက်ကြောင်း သိရသည်။ ထိုင်းဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် လုပ်ခလစာ အပြည့်အဝမရရှိခြင်းနှင့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရ၍ အေဂျင်စီများက ထပ်မံစေလွှတ်ကြမည့် MOU ရွှေ့ပြောင်းအလုပ်ခေါ်စာကို စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဇူလိုင်လ ၄ ရက်နေ့က ယာယီပိတ်ပင်လိုက်သည်။ အမည်မဖော်လိုသည့် အေဂျင်စီတာဝန်ရှိသူတစ်ဦးက ” အလည က စာထုတ်လိုက်တာပါ။ အေဂျင်စီအချို့က ထိုင်းကို ဆောက်လုပ်ရေးနဲ့ (R) စာချုပ်ချုပ်ပြီးတော့ ပို့တယ်။ ထိုင်းရောက်တော့ အလုပ်သမားတွေကို ပြောထားတဲ့ အလုပ်နေရာ မပို့ဘဲ အခြားနေရာတွေကို ပို့တယ်။ လုပ်ငန်းခွင်ထဲကို အလုပ်သမားရောက်တော့ အလုပ်မပေးနိုင်တော့ ပြဿနာတွေ

Continue Reading
ရခိုင်က စစ်ကောင်စီ၏ ကျန်ရှိ တပ်ရင်းဌာနချုပ်များနှင့် ကျောက်ဖြူရေတပ်ကို AA က ပိတ်ဆို့ထား
စစ်ရေး သတင်း
1 min read
387

ရခိုင်က စစ်ကောင်စီ၏ ကျန်ရှိ တပ်ရင်းဌာနချုပ်များနှင့် ကျောက်ဖြူရေတပ်ကို AA က ပိတ်ဆို့ထား

ဇူလိုင် ၈ - ၂၀၂၄
0

ရခိုင်ပြည်အတွင်း အာဏာသိမ်း စစ်ကောင်စီမှာ ကျန်ရှိနေသေးသော အမ်း နပခ ဌာနချုပ်၊ စကခ ၅ တောင်ကုတ်ဌာနချုပ်၊ စစ်တွေ ဒကစ ဌာနချုပ်နှင့် ကျောက်ဖြူမြို့က ဓညဝတီရေတပ်ဌာနချုပ်တို့ကို အာရက္ခတပ်တော် AA က ဝိုင်းရံပိတ်ဆို့ထားကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့ ရခိုင်ပြည်အတွင်း စစ်ရေးသတင်းထုတ်ပြန်ချက်တွင် အာရက္ခတပ်တော် AA က ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲကို AA က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ခဲ့ပြီး လက်ရှိတွင် ၇ လခွဲကျော် ကြာမြင့်ကာ မြို့နယ် ၁၀ ခုနှင့် စစ်ကောင်စီတပ်စခန်း အမြောက်အများကို သိမ်းပိုက်ထားပြီဖြစ်သည်။

Continue Reading
မီဇိုရမ်လူငယ်တွေ မြန်မာပြဿနာမှာ မစွပ်ဖက်ဖို AA သတိပေး
စီးပွားရေး နိုင်ငံရေး ရုပ်သံ သတင်း
1 min read
341

မီဇိုရမ်လူငယ်တွေ မြန်မာပြဿနာမှာ မစွပ်ဖက်ဖို AA သတိပေး

ဇူလိုင် ၈ - ၂၀၂၄
0

Continue Reading
ထိုင်း မြန်မာသံရုံးအရှေ့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအချို့ သွားရောက်ဆန္ဒပြ
စီးပွားရေး သတင်း
1 min read
123

ထိုင်း မြန်မာသံရုံးအရှေ့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအချို့ သွားရောက်ဆန္ဒပြ

ဇူလိုင် ၈ - ၂၀၂၄
0

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးအရှေ့တွင် ဇူလိုင် ၇ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့ သွားရောက်ဆန္ဒပြခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြကြသည်။ အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို ထိုင်းနိုင်ငံရောက် Bright Future- တောက်ပသော အနာဂတ်အဖွဲ့မှ ဦးဆောင်၍ ဘန်ကောက်ရှိ မြန်မာသံရုံးအရှေ့တွင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများအား အသိအမှတ်ပြုကတ် “ပန်းရောင်ကတ်” နှင့် Work Permit ကို ထိုင်းအစိုးရမှ အသိအမှတ်ပြုပေးရေးကို တောင်းဆိုခဲ့ကြသည်။ နိုင်ငံအနှံ့သွားလာခွင့် CI စာအုပ် (အစိမ်းရောင် ပါ့စ်ပို့) ကို ပယ်ဖျက်ပြီး ပန်းရောင်ကဒ်ဖြင့်သာ နိုင်ငံအနှံ့သွားလာခွင့် ပြုလုပ်ပေးရန် မြန်မာရွှေ့ပြောင်းလုပ်သားများက တောင်းဆိုကြသည်။ ဆန္ဒပြရာတွင် ပါဝင်သူ အလုပ်သမားတစ်ဦးက ” အရင်ကဆို

Continue Reading
သံတွဲလေဆိပ်နှင့် ငပလီရှိ ခမရ ၅၆၆ တပ်ရင်းကို AA သိမ်းပိုက်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
416

သံတွဲလေဆိပ်နှင့် ငပလီရှိ ခမရ ၅၆၆ တပ်ရင်းကို AA သိမ်းပိုက်

ဇူလိုင် ၇ - ၂၀၂၄
0

(အမ်းက တောဟိန်းတောင်ဗျူဟာကိုလည်း AA သိမ်းပိုက်) အပြင်းအထန် ထိုးစစ်ဆင်တိုက်ခဲ့သော သံတွဲမြို့နယ်တွင် သံတွဲလေဆိပ် (မဇင်လေဆိပ်) နှင့်အနီးရှိ ခမရ ၅၆၆ တပ်ရင်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီဟု သိရသည်။ သံတွဲ ငပလီမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၆၆ တပ်ရင်းကို ဇွန်လ ၂၇ ရက်နေ့က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်းနှင့် သံတွဲလေဆိပ်ကို ဇူလိုင်လ ၅ ရက်က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု AA က ယနေ့တွင် ထုတ်ပြန်ထားသည်။ သံတွဲမြို့နယ်တွင် ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ခလရ ၅၅ နှင့် အခြားသောတပ်ရင်း၊ တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်နေပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီ

Continue Reading
မီဇိုရမ်လူငယ်များကြောင့် ကုန်စည်များ ဖျက်ဆီးခံနေရ၍ ရခိုင်ကုန်သည်များ နစ်နာနေ
စီးပွားရေး နိုင်ငံရေး သတင်း
1 min read
349

မီဇိုရမ်လူငယ်များကြောင့် ကုန်စည်များ ဖျက်ဆီးခံနေရ၍ ရခိုင်ကုန်သည်များ နစ်နာနေ

ဇူလိုင် ၇ - ၂၀၂၄
0

(မြန်မာ့အရေး ဝင်ရောက်မစွပ်ဖက်ရန် မီဇိုရမ်လူငယ်အဖွဲ့ကို AA သတိပေး) ပလဝမြို့ကတစ်ဆင့် ရခိုင်ပြည်သို့ သယ်ယူလာကြမည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ ရခိုင်ကုန်သည်များ၏ ပစ္စည်းများမှာ ဖျက်ဆီးခံနေရ၍ ပျက်စီးဆုံးရှုံးနစ်နာမှုများရှိနေကြောင်း စုံစမ်းသိရသည်။ ရခိုင်မြောက်ပိုင်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်အတွင်း ကုန်စည်များ မပြတ်လပ်ရေး အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ်က အဓိက တင်သွင်းကာ ရခိုင်ကုန်သည်များက ကုန်စည်များ သယ်ယူတင်သွင်းနေကြခြင်းဖြစ်သည်။ သို့သော်လည်း မီဇိုရမ်အခြေစိုက် ဗဟိုလိုင်လူငယ်အစည်းအရုံး CYLA က ဒေသအာဏာပိုင်များ၏ အထောက်အပံ့ကိုရယူကာ ချင်းပြည်ထဲက တိုက်ပွဲများကို အကြောင်းပြပြီး ပြီးခဲ့သည့် နှစ်ပတ်ကျော်ကစ၍ နယ်စပ်ကုန်စည်သယ်ယူရေးလမ်းများအားလုံးကို ပိတ်လိုက်သည်။ ရခိုင်နှင့် ချင်းပြည်ထဲက ကုန်သွယ်ရေးလုပ်ငန်းရှင်များမှာ ပစ္စည်းများ ဝယ်ယူပြီး သယ်ယူလာအချိန်တွင်

Continue Reading