DMG သတင်းထောက် လွတ်မြောက်ရေး RSF တောင်းဆို
ရခိုင်အခြေစိုက် DMG သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်အောင်တို့ နှစ်ဦး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေး စစ်ကောင်စီကို ဖိအားပေးရန် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က တောင်းဆိုလိုက်သည်။ DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းအပြင် မြန်မာနိုင်ငံအတွင်း မတရားထောင်ဒဏ်ချမှတ်ခံထားရခြင်းနှင့် ဖမ်းဆီးခံထားရသော သတင်းများအားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် နိုင်ငံတကာကို RSF က ဇူလိုင်လ ၅ ရက်နေ့တွင် တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်း စစ်ကောင်စီသည် DMG ဝန်ထမ်းနှစ်ဦးက မတရားထောင်ဒဏ်ချမှတ်ခဲ့သည်ဟု RSF က ပြောဆိုထားသည်။ ၂၀၂၃ အောက်တိုဘာ ၂၉ ရက်က DMG သတင်းထောက် ကိုထက်အောင်မှာ ဘာသာရေးအလှူပွဲ သတင်းဓာတ်ပုံရိုက်ကူးရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး
လားရှိုး နမ့်ပေါင်စခန်းကို ကိုးကန့်တပ် သိမ်းပိုက်
ရှမ်းပြည်နယ် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို ကိုးကန့်တပ် MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ခလရ ၆၈ နှင့် ခမရ ၅၀၇ တပ်ရင်းတို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်။ ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့က နမ့်ပေါင်တပ်စခန်းကို ကိုးကန့်က သိမ်းပိုက်ခဲ့ပြီး အဆိုပါ တပ်စခန်းက လက်နက်ကြီး ဟောင်ဝစ်ဇာ အမြောက်ကို သိမ်းဆည်းရမိခဲ့သည်။ နမ့်ပေါင်တပ်စခန်းကို မသိမ်းပိုက်ခင်က ဟောင်ဝစ်ဇာ အမြောက်ဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် လူနေကျေးရွာများအား အမြဲလိုလို ပစ်ခတ်ခဲ့ပြီး လက်ရှိတွင် MNDAA တပ်ဖွဲ့ဝင်အများအပြားမှာ လားရှိုးမြို့ဘက်သို့ တက်သွားကြောင်း သိရသည်။ လားရှိုးမြို့ စစ်ရေးသိသူတစ်ဦးက
တအောင်းတပ်ကို စစ်ကောင်စီက အဆိပ်ငွေဗုံးဖြင့် တိုက်ခိုက်
ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့နယ် စစ်ကောင်စီ ဒုံးတပ်ရင်း ၆၀၆ က တအောင်းတပ် TNLA ကို အဆိပ်ငွေ့ဗုံး ၃ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းကို တအောင်းတပ် TNLA မှ ဇွန်လ ၄ ရက်နေ့က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ရင်းမှ ပြန်လည်တိုက်ခိုက်ရာတွင် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် တအောင်းတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းမှာ အဆိပ်ငွေ့သင့်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ ယင်းတပ်ဖွဲ့ဝင်များမှာ အဆိပ်ငွေ့သင့်ပြီး အသက်ရှုမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ကို ခံစားနေရပြီး ဆေးကုသမှု ခံယူနေကြရသည်ဟု
အလှူငွေထောက်ပံ့မှု နည်းလာ၍ ABC မိဘမဲ့ဂေဟာ ရပ်တည်ရ ခက်ခဲလာ
ရခိုင်ပြည် စစ်တွေမြို့ရှိ ABC မိဘမဲ့ကလေးဂေဟာမှာ အလှူငွေထောက်ပံ့မှုများ အလွန်နည်းပါးလာ၍ ရပ်တည်ရေးအခက်ခဲများ ရှိနေသည်ဟု ဂေဟာတာဝန်ရှိသူများက ပြောသည်။ ယခင် အလှူငွေထောက်ပံ့နေကျဖြစ်သူများမှာ ဒေသမတည်ငြိမ်သည့် အခြေနေများကြောင့် မိမိနေထိုင်ရာဒေသများမှ တိမ်းရှောင်လျှက်ရှိနေကြပြီး အလှူငွေများ မထည့်ဝင်ပေးကြတော့ဟု ဂေဟာအုပ်ချုပ်ရေးမှူး ဦးလှဝင်းကျော်က ပြောသည်။ ” အလှူငွေနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းဆိုတော့ အလှူရှင်တွေ မရောက်ရင် ခက်ခဲလာတာပါပဲ။ အခုက အလှူရှင်တွေလည်း မရောက်နိုင်၊ အလှူငွေတွေလည်း မရနိုင်တဲ့အပြင် လစဉ်ကြေးတွေလည်း ကောက်မရဘူးဖြစ်နေတယ်။ ပြီးတော့ ရာသက်ပန်အလှူရှင်တွေကလည်း မရှိတော့တာကြောင့် တော်တော်ခက်ခဲနေတယ်။ အလှူရှင်တွေကတော့ ဒီမြို့မှာ မနေတော့ဘဲ တိမ်းရှောင်သွားကြတာကြောင့် မရောက်ကြတာမျိုးပါ” ဟု ပြောသည်။ ယခင် ဒေသတည်ငြိမ်စဉ်က ABC မိဘမဲ့ကလေးဂေဟာကို
လားရှိုးမြို့ထဲ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ
ရှမ်းမြောက် တအောင်းဒေသ လားရှိုးမြို့ထဲသို့ အာဏာသိမ်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်၍ အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း တအောင်းတပ် TNLA က ယနေ့ ဇူလိုင်လ ၄ ရက်တွင် ထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၇ နာရီကစ၍ စစ်ကောင်စီတပ်များသည် လားရှိုးမြို့တွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး အရပ်သားများ ထိခိုက်သေဆုံးသည့်အပြင် နေအိမ်များလည်း ပျက်စီးခဲ့သည်။ ရပ်ကွက် ၉ တွင် လက်နက်ကြီးတစ်လုံးကျရောက် ပေါက်ကွဲမှုကြောင့် သားမိနှစ်ဦး သေဆုံးပြီး ရပ်ကွက် ၁၁ တွင်လည်း လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့၍ နောက်ထပ် အရပ်သား ၃ ဦး သေဆုံးခဲ့ရသည်။ ထိုအပြင်
ရခိုင်က စစ်ရှောင်များ မိုးတွင်းကာလ စားသောက်နေထိုင်ရေးများ ပိုမိုကျပ်တည်းနေ
ရခိုင်တွင် မိမိနေရပ်မှ တစ်ခြားမြို့ရွာ အသီးသီးသို့ စစ်ဘေးရှောင်လျှက် ရှိနေကြဆဲသူများမှာ လက်ရှိ မိုးတွင်းကာလအတွင်း စားဝတ်နေရေး အကျပ်အတည်း ပိုဖြစ်လာနေကြောင်း စစ်ဘေးရှောင်နေကြရသူများဖြစ်သည်။ နေရပ်မှစွန့်ခွာပြီး နီးစပ်ရာများတွင် ကပ်ခိုနေကြရခြင်းဖြစ်၍ မိုးတွင်းကာလ နေထိုင်ရေးမှာ အကျပ်တည်းဖြစ်နေရသည်ဟု ပုဏ္ဏားကျွန်းမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ “တိုက်ပွဲတွေ မဖြစ်ခင်ကတည်းကနေ မြို့ကရှောင်နေရတာ။ သူများအိမ်တွေမှာ ကပ်ခိုပြီးနေကြရတာ။ တိုက်ပွဲတွေဖြစ်ပြီး အခုချိန်ထိလည်း မြို့ကိုပြန်ဝင်ခွင့်မရသေးတော့ ဒီအတိုင်းပဲဆက်နေကြရသေးတယ်။ စစ်ရှောင်စတုန်းက နွေရာသီဆိုတော့ ဘယ်လိုပဲနေနေ အဆင်ပြေသေးတယ်။ မိသားစုလိုက် ကပ်ခိုနေကြရတာဆိုတော့ အခုမိုးတွင်းမှာက နေရေးထိုင်ရေးတွေ အတော့်ကိုအကျပ်တည်းဖြစ်ရပါတယ်” ဟု ပြောသည်။ လက်ရှိ ဖြစ်ပွားနေသည့် တကျော့ပြန်တိုက်ပွဲတွင် စစ်ဘေးရှောင်ရသူများမှာ ယခင်တိုက်ပွဲများ ဖြစ်စဉ်ကဲ့သို့ ယာယီစစ်ရှောင်စခန်းများတွင် ခိုလှုံရခြင်းမဟုတ်ဘဲ မိမိနှင့်
ဓာတ်မြေသြဇာရှားပါး၍ ရခိုင်လယ်သမားများ ဆန်မှုန့်၊ ပဲနှင့် မုန်ညင်းဖတ်များကို အစားထိုးအသုံးပြု
ဓာတ်မြေသြဇာများ စျေးမြင့်ပြီးရှားပါးနေခြင်းကြောင့် ရခိုင်ပြည်အတွင်းက လယ်ယာလုပ်ကိုင်သူများမှာ မိမိတို့လယ်ယာများတွင် ဓာတ်မြေသြဇာအစားထိုးအနေဖြင့် ဆန်မှုန့်၊ ပဲဖတ်နှင့် မုန်ညင်းဖတ်များကြဲနေကြရကြောင်း လယ်ယာလုပ်ကိုင်သူများက ပြောသည်။ လယ်ယာများ ထွန်ယက်ပြီးနောက် အသုံးပြုသည့် မြေသြဇာမှာ ဒေသတွင်းရောင်းချကြခြင်းမရှိ၍ အစားထိုးအနေဖြင့် ဆန်မှုန့်များကြဲနေကြရခြင်းဖြစ်သည်ဟု မြောက်ဦးမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။ “မြေသြဇာအမဲကရှာမရဘူးဗျ။ ကျနော်တို့ကအဲ့ဒါကို ထွန်ယက်ပြီးနောက်ပိုင်းမြေမှာကြဲချကြတာလေ။ အခုကမရှိတော့ ဆန်မှုန့်တွေပဲကြဲနေကြရတယ်။ ထိရောက်မထိရောက်တော့မသိဘူး။ ဒါပေမယ့် ဆန်မှုန့်ကြဲတာက ပိုးမွှားကျတယ်လို့လည်းကြားနေရတော့ စိုးရိမ်နေရသေးတယ်” ဟု ပြောသည်။ မြေသြဇာမှာရှားပါးသည့်အပြင် ရှိသည့်ဓာတ်မြေသြဇာများမှာလည်း စျေးမြင့်နေသည့်အတွက် ဒေသတွင်းမြေသြဇာအဖြစ် အသုံးပြု၍ရသည့် အရာများကိုသာ အားထားရမည်ဖြစ်သည်ဟု ကျောက်တော်မြို့မှ လယ်သမားတစ်ဦးက ဆိုသည်။ “ရှိတဲ့ မြေသြဇာတွေကလည်း စျေးက အင်မတန်မြင့်နေတော့ လယ်သမားတွေအနေနဲ့ ဝယ်သုံးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
သံတွဲမှာ စစ်ကောင်စီ လေကြောင်းပစ်ခတ်၍ အရပ်သား အမျိုးသမီး ၅ ဦးဒဏ်ရာရ
ရခိုင်ပြည် သံတွဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲပစ်ခတ်၍ အပြစ်မဲ့ ကလေးငယ်များအပါအဝင် အမျိုးသမီး ၅ ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ယမန်နေ့ ဇူလိုင်လ ၂ နေ့လယ် ၁ နာရီအချိန်ခန့်တွင် အရပ်သားပြည်သူများနေထိုင်သည့် သံတွဲမြို့နယ် မြုံပြင်ကျေးရွာကို စစ်ကောင်စီလေတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။ ဒဏ်ရာရသူများမှာ အသက် ၁၄ နှစ်ခန့် မယုယမြင့်မွန်၊ အသက် ၁၈ နှစ်ခန့် မကြည်ဖြူခင်၊ အသက် ၂၁ နှစ်ခန့် မဝေဝေထွေး၊ အသက် ၄၅ နှစ်ခန့် ဒေါ်မြလေးစိန်၊ အသက် ၇၆ နှစ်ခန့် ဒေါ်သိန်းဟန်တို့ ဖြစ်ကြသည်။ မြုံပြင်ရွာနှင့်နီးစပ်သူတစ်ဦးက