မတူပီမြို့သိမ်းတိုက်ပွဲ ချင်းတော်လှန်ရေး နှစ်ဖွဲ့ တင်းမာနေဆဲ
(မတူပီတိုက်ပွဲမှာ CNA နှင့် AA တိုက်ပွဲ အသွင်ဆောင်လာဟု စွပ်စွဲ) ချင်းပြည်တောင်ပိုင်း မတူပီမြို့တိုက်ပွဲအတွင်း CNA ဦးဆောင်သော ချင်းလဲန်းကောင်စီတပ်ကို ဇွန်လ ၂၄ ရက်နေ့ကစ၍ မောင်းထုတ်နိုင်ခဲ့ပြီဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သော်လည်း ချင်းလဲန်းကောင်စီတပ် ဆုတ်ခွာခြင်းမရှိဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောဆိုထားသည်။ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းလဲန်းကောင်စီတပ်အနေဖြင့် ဆုတ်ခွာခြင်းမရှိဘဲ စစ်ဆင်ရေး ဆက်လက်ဖော်ဆောင်နေသည်ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောကြောင်း ချင်းသတင်းဌာန ခိုနူမ်းသုန်သတင်းအရ သိရသည်။ ” “ငါတို့တပ်တွေ မတူပီကနေ မဆုတ်ခွာပါဘူး။ စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်နေပါတယ် ” ဟု ပြောသည်။ ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် ချင်းညီနောင်ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာမှုမှာ ဇွန်လ ၁၈
ရန်ကုန်သံဃာတော်များ ကံဆောင်သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်
ရန်ကုန်မြို့ပေါ်တွင် ပြည်သူ့အင်အားစု သပိတ်အဖွဲ့လူငယ်များက သံဃာတော်များ၏ ကံဆောင် သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုကို ယနေ့ ဇွန်လ ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်ချို ခမရ ၁၁၅ တပ်က လက်နက် ၃၈၀ ကျော်နှင့် ခဲယမ်းအများအပြား ရရှိကြောင်း TNLA ထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် TNLA က သိမ်းပိုက်ရရှိထားသော ခမရ ၁၁၅ စခန်းမှ လက်နက် ၃၈၀ ကျော်နှင့် ခဲယမ်းအမြောက်အများရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။ ဇွန်လ ၂၅ ရက်နေ့နှင့် ဇွန်လ ၂၆ ရက်နေ့တို့တွင် နောင်ချိုမြို့ စစ်ကောင်စီ၏ ခမရ ၁၁၅ တပ်စခန်းကို TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို တိုက်ခိုက်သိမ်းပိုက်ရာ စခန်းအတွင်း စစ်ကောင်စီလက်နက်မျိုးစုံ ၃၈၀ ကျော် သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။ သိမ်းပိုက်ရရှိထားသည့် လက်နက်များမှာ MA-1 ၂၄ လက်၊ MA-2 ၁၃ လက်၊ MA-3 ၃၆ လက်၊ MA-4 ၃
ဗျိုင်းဖြူရွာသား ၄၀ ကျော် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံရ
(ဇွန်လ ၂၅ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး) ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား ၄၀ ကျော်ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် စစ်ကောင်စီက အမှုဖွင့်တရားစွဲဆိုထားကြောင်း မိသားစုဝင်များထံမှ သိရသည်။ မေလ ၂၉ ရက်နေ့က ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ရွာသား ၂၀၀ ခန့်ကို ဖမ်းဆီးနှိပ်စက်ကာ ယင်းအထဲက ၇၈ ဦးကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ ကျန်ရွာသားများကို စစ်ကြောရေးသို့ ခေါ်ဆောင်သွားပြီး ယင်းအထဲက ၄၅ ဦးခန့်ကို စစ်ကောင်စီ တပ်သားများက မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲထားကြောင်း စွဲဆိုခံရသူ မိသားစုဝင်တစ်ဦးက ပြောသည်။
နောင်ချိုရဲစခန်းမှာ မူးယစ်ဆေးဝါး တွေ့ရဟု TNLA ထုတ်ပြန်
ရှမ်းမြောက် နောင်ချိုမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးအများအပြား တွေ့ရကြောင်း တအောင်းတပ် TNLA က ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။ နောင်ချိုမြို့က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများအား TNLA က တိုက်ခိုက်သိမ်းပိုက်ရာမှာ မြို့မရဲစခန်းအတွင်း မူးယစ်ဆေးဝါး ပစ္စည်းနှင့် ယာမဆေးပြား အမြောက်အများ ဖမ်းဆီးရမိသည်ဟု TNLA က ဆိုသည်။ နောင်ချိုမြိုအတွင်းသို့ ဇွန်လ ၂၆ ရက်တွင် ဝင်ရောက်တိုက်ခိုက်ပြီး ဇွန်လ ၂၇ ရက်တွင် ဌာနဆိုင်ရာရုံးများအား လိုက်လံစစ်ဆေးကာ မြို့မရဲစခန်းတွင် အဆိုပါ မူးယစ်ဆေးဝါးများကို ရှာဖွေ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
အရပ်သားများကို အကြမ်းဖက်နေ၍ MSF က ရခိုင်ပြည်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ရပ်ဆိုင်း
ရခိုင်ပြည်အတွင်း လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာခြင်းနှင့်အတူ အရပ်သားများကို ထိခိုက်သည့် အကြမ်းဖက်မှုများ လုပ်ဆောင်လာ၍ လူသားချင်းစာနာမှုကူညီပေးနေသည့် MSF ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဟု သိရသည်။ အရပ်သားများအား အကြမ်းဖက်ခြင်းနှင့် လူသားချင်းစာနာထောက်ထားခြင်း ဝန်ဆောင်မှုများပေးရန် ကန့်သတ်ချက်များစွာရှိနေ၍ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ရပ်ဆိုင်းလိုက်ကြောင်း ယနေ့ ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ “ကျွန်ုပ်တို့၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းကြောင့် အဆိုပါ လူထုအတွက် လိုအပ်ချက် များပြားနေချိန်၌ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ခြင်း အခွင့်အလမ်းများ အလုံးစုံ ပြတ်တောက် သွားရပါသည်။” ဟု MSF က ထုတ်ပြန်ပြောဆိုထားသည်။ ဇွန်လ
တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး TNLA က စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်
(နောင်ချို အမှတ် ၆၀၆ ဒုံးတပ်ရင်း၊ အုမ္မခါးရွာတပ်စခန်းနှင့် တပ်မ ၃၃ တပ်စခန်းကို သိမ်းပိုက်) ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အမှတ် ၆၀၆ ဒုံးတပ်ရင်း၊ အုမ္မခါးရွာတပ်စခန်း၊ တပ်မ ၃၃ တပ်စခန်းတို့ကို လက်နက်ခဲယမ်းများနှင့်အတူ သိမ်းပိုက်ရရှိကြောင်း တအောင်းတပ် TNLA က သတင်းထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၂၇ ရက် နံနက် ၁၀ နာရီအချိန် နောင်ချိုမြို့နယ် အုမ္မခါးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနှင့် နံနက် ၁၁ နာရီအချိန် စစ်ကောင်စီတပ်ရင်း အမှတ် ၆၀၆ ဒုံးတပ်ရင်းစခန်းတို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ
ဆရာတော်ကို သတ်ဖြတ်သော စစ်ကောင်စီကို သံဃာထု ချီတက်ဆန္ဒပြ
(စစ်ကောင်စီကို ကံဆောင်သပိတ်ပြုလုပ်မြို့ ၆ ခုအထိ ရှိလာ) မကွေးတိုင်း၊ မြိုင်မြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီး ပြည်သူများနှင့်အတူ ချီတက်ဆန္ဒပြကြကြောင်း သိရသည်။ ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မြိုင်မြိုနယ်အတွင်းရှိ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ခဲ့ကြသည်။ ပဲခူးတိုင်းက အထင်ကရဆရာတော်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့၍ ကံဆောင်သပိတ်သို့ သံဃာတော်အပါး ၁၀၀ ကျော်နှင့် ဒါကာ၊ ဒါကာမများဝန်းရံ၍ စစ်ကောင်စီကို ဆန္ဒပြနေခြင်းဖြစ်သည်။ ပဲခူးမြိုရှိ ဝင်းနိမ္မိတာရုံစာသင်တိုက်၏ ပဓာနနာယက၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲဝင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို စစ်တပ်က ဇွန်လ ၁၉ ရက်မှာ