ရခိုင်ပြည်အတွင်း ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်နေ
■ ရခိုင်ပြည်အတွင်း ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်နေ
စစ်ကောင်စီကို တိုက်မည်ဖြစ်၍ မောင်တောပြည်သူများ မြို့ကထွက်ခွာရန် AA သတိပေး
(မွတ်ဆလင်၊ ရခိုင်၊ ဟိန္ဒူ တခြားတိုင်းရင်းသား မည်သူမျှ မြို့ထဲ၌ ရှိမနေသင့်ဟုဆို) ရခိုင်ပြည် မောင်တောမြို့ပေါ်နှင့် မြို့အနီးအနားက ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် အတူပူးတွဲနေထိုင်ခြင်းကို ရှောင်ရှားရန် အာရက္ခတပ်တော် AA က သတိပေးလိုက်သည်။ မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းပိုက်ထားပြီး မြို့ကိုအပြီးသတ်သိမ်းပိုက်ရန် လက်ကျန်စခန်းများအား ဝိုင်းရံပိတ်ဆို့ထားကြောင်း AA က ဆိုသည်။ ပိတ်ဆိုပြီး မကြာမီရက်ပိုင်းအတွင်း AA တပ် မြို့ထဲဝင်တော့မည်ဖြစ်၍ မောင်တောမြို့ထဲက ရခိုင်တိုင်းရင်းသား မျိုးနွယ်စုပဲဖြစ်ဖြစ်၊ မွတ်ဆလင်ပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ် တခြား တိုင်းရင်းသားပဲဖြစ်ဖြစ် မည်သူတစ်ဦးတစ်ယောက်မျှ စစ်ကောင်စီနှင့် အတူနေထိုင်းခြင်းမျိုးကို မပြုလုပ်ရန် AA က သတိပေးနေခြင်းဖြစ်သည်။ အကြောင်းမှာ စစ်ကောင်စီတပ်ရင်းများ၊ တပ်ဖွဲ့ဝင်များသည် မောင်တောမြို့ကို
စစ်ကောင်စီ ဖမ်းဆီးသွားသည့် စစ်တွေမြို့က အရပ်သား ၂၀၀ ကျော် ပြန်လွတ်လာခြင်း မရှိသေး (ရုပ်သံ)
ရခိုင်ပြည်၊ စစ်တွေမြို့ မင်းဂံ ရပ်ကွက်များက အရပ်သား အမျိုးသား၊အမျိုးသမီး၊ ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က ညဉ့်အချိန်တွင် ဝင်ရောက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေထိုင်သူများက Western News ကိုပြောသည်။ ဇွန် ၁၆ ရက်နေ့ ညဉ့် ၁၂ နာရီခွဲခန့်မှ စ၍ မင်းဂံ ရပ်ကွက် အကွက် ၈၊ ၉၊ ၁၀နှင့် အကွက် ၅ တို့ကို တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး အမျိုးသား၊ အမျိုးသမီး အယောက် ၂၀၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “ညီမတို့ အကွက် ၉ က ဆိုရင် အသက်ကြီးပိုင်းနဲ့
စစ်တွေ မင်းဂံရပ်ကွက်က အရပ်သား ၂၀၀ ကျော် ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွား
ပုံစာ – ၂၀၂၂ ခုနှစ်၊ ရခိုင်စစ်ရေးကာလ စစ်တွေမြို့တွင် စစ်ကောင်စီက ဒေသခံများအား ဖမ်းဆီးသွားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ -CJ)
မနေ့က တောင်ကုတ်မြို့ တိုက်ပွဲအတွင်း စကခ (၅)မှ ဗိုလ်ကြီး အောင်ဇော်ထွန်း ကျ
Western News| ဇွန် ၁၆ ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် အာရက္ခတပ်တော် AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး အောင်ဇော်ထွန်း ကျသွားကြောင်း ခိုင်လုံသည့် စစ်ရေး သတင်းရင်းမြစ်အရ သိရသည်။ ဇွန် ၁၅ရက်နေ့ ည ၈နာရီအချိန်ခန့်က တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း တောင်ကုတ်မြို့ခံများက Western News ကိုပြောသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့ က ညတိုက်ပွဲမှာ စကခ၅ က တပ်ထောက်ဗိုလ်ကြီး အောင်ဇော်ထွန်းကျတယ်။ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်မှာ ထိတွေ့မှုဖြစ်ကြတာပါ။
သံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လက်ရှိတွင် စစ်ရှောင် ၂၅,၀၀၀ ခန့်သည် အလှူရှင်များလိုအပ်နေ
အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရခိုင်ပြည် သံတွဲမြို့နယ်တွင် စစ်ဘေးရှောင် ၂၅,၀၀၀ ခန့်ရှိနေသည်။ဂေါ့ကျေးရွာနှင့် ဆင်ခေါင်းကျေးရွာက ပိတ်မိနေသော အရပ်သားပြည်သူများ ထောင်နှင့်ချီကို အာရက္ခတပ်တော် AA က ကယ်ထုတ်ပေးနိုင်ခဲ့သည်။
၄ လအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက် လူ ၃၆၉ ဦးကို သတ်ဖြတ်
(ရခိုင်မှာ မေ၊ ဇွန် ပထမပတ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူ ၁၂၂ ဦး ကျော်ရှိ) ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လအတွင်း အာဏာသိမ်း စစ်ကောင်စီသည် မြန်မာနိုင်ငံတစ်ဝှမ်း အစုလိုက်အပြုံလိုက် လူ ၃၆၉ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ဉာဏ်လမ်းသစ်သုတေသနအဖွဲ့က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ၄ လတာ ကာလအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် ဖြစ်စဉ်ပေါင်း ၄၆ ကြိမ်ရှိပြီး အရပ်သားသေဆုံးသူ ၃၆၉ ဦးရှိခဲ့သည်ဟု ဉာဏ်လင်းသစ်အဖွဲ့က ဆိုသည်။ ၎င်းတို့အပေါ် စစ်ကောင်စီသည် လေကြောင်းအသုံးပြုခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ လက်နက်ကြီးနှင့်
တောင်ကုတ်မှာ စစ်ကောင်စီနှင့် AA စစ်ရေးတင်းမာ၊ ယနေ့ စစ်ကောင်စီက ဗုံးကြဲနေ
ပုံစာ - တောင်ကုတ်မြို့ထဲတစ်နေရာ။ (ဓါတ်ပုံ - CJ)