ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်နေ
လားရှိုး လေကြောင်းလိုင်းများပိတ်ထား Western News|အောက်တိုဘာ ၂၇ ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ သိန္နီ၊ ချင်းရွှေဟော်၊ လားရှိုးတို့တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အပါအဝင် BPLA တို့ ယနေ့ နံနက်ပိုင်းမှ စ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။ စစ်ကောင်စီနှင့် ယင်းတို့ လက်အောက်ခံ ပြည်သူ့စစ်များကို နှိမ်နှင်းနိုင်ဖို့ ၁၀၂၇ စစ်ဆင်ရေးကို ဟန်ချက်ညီ ပူးပေါင်းဆင်နွဲလိုက်ကြောင်း AA ပါဝင်သည့် မဟာမိတ်အဖွဲ့ အောက်တိုဘာ ၂၇ ရက်နေ့ ညီနောင် မဟာမိတ် (၃) က ထုတ်ပြန်ကြေညာလိုက်သည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဖြစ်ကြသည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်ဖွဲ့
စစ်တွေ ကမ်းနားလမ်း ကမ်းခြေအား ယနေ့ ညနေပိုင်း အခြေအနေ (ရုပ်သံ)
Western News| မေ ၁၂ မိုခါမုန်တိုင်း အရှိန်ကြောင့် ယနေ့ မေ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် မြင်တွေ့ရသည့် စစ်တွေမြို့ ကမ်းနားလမ်း ပွိုင့်ကမ်းခြေ ရေလှိုင်း အခြေအနေအား ရိုက်ကူထားသည်ကို တင်ပြလိုက်ပါသည်။ Western News-WN
နိုင်ငံတစ်ခု တည်ဆောက်ခြင်း
Western News-မတ်လ ၄ ရက် မတူကွဲပြားသည့် လူမှုအဖွဲ့အစည်းများသည် ဂုဏ်သိက္ခာရှိရှိ ရပ်တည်ရန်အတွက် နိုင်ငံသို့မဟုတ် ဒေသတို့ကို တည်ထောင်တတ်ကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အင်အားသာလွန်သည့် အသိုင်းအဝိုင်း ဖိအားများ၊ ဖိနှိပ်ချုပ်ခြယ်မှုတို့ကို တွန်းလှန်ရန် အာရုံအများဆုံးထားပြီး သီးခြား ရပ်တည်ရန် ဆုံးဖြတ်ကြခြင်းလည်းဖြစ်သည်။ တခြားတစ်ဘက် ကွဲပြားဆန့်ကျင်ခြင်းဆိုင်ရာ သီအိုရီများတွင် အချို့သော လူအုပ်စုက တစ်ခြားသော လူအုပ်စုအပေါ် ပဋိပက္ခနှင့် လွှမ်းမိုးမှုသည် နိုင်ငံဖြစ်ပေါ်ခြင်း၏ အဓိကအချက်ဖြစ်သည်ကို လည်းတွေ့ရသည် ။ ယင်းတွင် ကိုယ်ပိုင်စိတ်ဆန္ဒအရ အုပ်စုတစ်ခုက တခြားအပေါ် ဖိနှိပ်မှုတစုံ တရာ ကြောင့်လည်းနိုင်ငံတည် ထောင်ကြသည်။ ယင်းသို့ နိုင်ငံထူထောင်ရာတွင် တော်လှန်ရေး စစ်ပွဲများနှင့် နိုင်ငံရေး ဝိဝါဒမတူညီမှုများတဆင့် တိုင်းပြည်၏
NUG၊ စစ်ကောင်စီ၊ AA ဆုံးဖြတ်ချက်နှင့် ရခိုင်တို့အနာဂတ်
ဆောင်းပါး၊ Western News- ဧပြီ ၂၉ ရက် အာဏာသိမ်းစစ်ကောင်စီဟာ ဘေးပတ်လည်ဝိုင်းရန်ခံရမယ့် ရန်ကိုစိုးရိမ်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေကို လိုက်လံစည်းရုံးနေပါတယ်။ အင်အားအကြီးဆုံးဖြစ်တဲ့ UWSA “ဝ” တပ်ဖွဲ့နဲ့ရှမ်းလက်နက်ကိုင်တစ်ဖွဲ့ဖြစ်တဲ့ SSPP ကိုစည်းရုံးတဲ့အခါ ပစ်ခတ်မှုကြောင့် ဘူးပေါ်သလိုဖြစ်ခဲ့ပါတယ်။ ဧပြီ ၂၆ ရက်နေ့တုန်းက ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ DKBA နဲ့ KNU ခွဲထွက် KNLA-PC အဖွဲ့တို့ကိုလည်း နေပြည်တော်မှခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ်။ ဒါပေမဲ့ လူမသိဘဲ မြုပ်နေတဲ့ ဗိုလ်ချုပ်ရာပြည့်ရဲ့ ခြေလှမ်းကတော့ အနောက်ဘက်စစ်မျက်နှာကိုထိန်းထားတဲ့ ရက္ခိုင့်တပ်တော် (AA) ဘက်ကိုပါရောက်ရှိလာပါတယ်။ ရခိုင်ကို ၂ နှစ်ဆက်တိုက် တပ်မခြောက်ခုအပါအဝင်၊ ကြည်း-ရေ-လေ စစ်ဆင်ရေးလုပ်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုက ချက်ချင်းပြောင်းလဲသွားတာပါ။ အတည်မပြုနိုင်တဲ့ သတင်းတစ်ခုအရ ဗိုလ်ချုပ်ရာပြည့်ဟာ
PR စနစ်က စစ်ကောင်စီရဲ့ နိုင်ငံရေး ထွက်ပေါက်လား
Western News-ဇန်နဝါရီ ၅ ရက် ဆောင်းပါး အနှစ်ချုပ်ဤဆောင်းပါးတွင် စစ်ကောင်စီ တင်မြှောက်ထားသော UEC က စီစဉ်နေသည့် PR ရွေးကောက်ပွဲ စနစ်ကို ရခိုင်ပါတီတို့၏ အမြင်၊ PR စနစ်၏ အားနည်းချက် အားသာချက်၊ နိုင်ငံရေးပါတီတို့နှင့် မတူညီသည့် သဘောထား၊ ၊ PR စနစ် ရှုပ်ထွေးပုံ၊ PR စနစ်က အကျိုးအမြတ်ကို ဘယ်သူရသလဲ စသည့် အကြောင်း အရာတို့ကို လေ့လာ ထောက်ပြ ရေးသားထားသည်။ နိဒါန်း၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုပြုလုပ်ခဲ့သည် ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး ဆယ်လကျော်အကြာမှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်
၂၀၂၁ ရခိုင်နိုင်ငံရေးကို ပြန်ကြည့်ခြင်း
Western News-ဒီဇင်ဘာ ၂၉ ရက် ဆောင်းပါး အနှစ်ချုပ်ဤဆောင်းပါးသည် ကုန်ဆုံးတော့မည့် ၂၀၂၁ ခုနှစ်က ရခိုင်နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေး၊ စစ်ရေး အပြောင်းအလဲ ဖြတ်သန်းခဲ့မှု အဆိုးအကောင်းတို့ကို ၁ နှစ်စာအချက်အလက်တို့ကို ခြုံငုံ ခြေရာကောက်ကာ ရေးသားထားခြင်းဖြစ်သည်။ နိဒါန်း“သာလီစွပါ” ၂၀၂၁ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၂ နှစ်သစ်ကူး တော့မည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စစ်ကောင်စီအနေဖြင့် တနိုင်ငံလုံရှိ လက်နက်ကိုင်အာင်အားစုများကို တိုက်ခိုက်နေရမှုကြောင့် အရူးမီးဝိုင်း ဖြစ်နေသည်။ သို့သော်လည်း အနောက်ဘက် ရခိုင်ဒေသတွင် လက်နက်ကိုင်ပဋိပက္ခများ မရှိခဲ့ပဲ တည်ငြိမ်နေသည့် ရလာဒ်ရှိနေသည်။ ယင်းကြောင့် ၂၀၂၁ ခုနှစ်က ရခိုင်တွင် ဘာဖြစ်ခဲ့သလဲ။ ဘာကြောင့် အေးချမ်း
အမှောင်ခေတ်နှင့် အဖြည့်ခံ ရခိုင်ပြည်
Western News-မတ်လ ၂၃ ရက် မြန်မာ ပြည်ထောင်စုထဲတွင် ဒုတိယအဆင်းရဲဆုံးဟု သတ်မှတ်ခံထားရသည့် ရခိုင်ပြည်နယ်သည် ပြီးခဲ့သည့် ကာလများက စစ်တပ်နှင့် AA တို့၏ စစ်ရေးပဋိပက္ခနှင့် ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေး၊ ပညားရေး၊ ကျန်းမာရေးကဏ္ဍတိုင်းတွင် ဒဏ်ရာဒဏ်ချက်များစွာဖြင့် နာလန်မထူဖြစ်ခဲ့သည်။ ယခုအချိန်တွင်လည်း ရွှေဈေး ဆီဈေး၊ ကုန်ပစ္စည်းများကအစ သောက်ရေအထိ ဈေးများ တရိပ်ရိပ်မြင့် တက်သည့် ကာလကိုဖြတ်သန်းနေရသည်။ ထို့ကြောင့် ရခိုင်ပြည်တွင် စစ်ဘေးရှောင်အပါအဝင် အခြေခံလူတန်းစားက အစ စီးပွားရေး လုပ်ငန်းရှင်များအဆုံး အဆင်မပြေဆိုသည့် ညီးတွားသံများကို ယခုနှစ်တွင် ကျယ်လောင်စွာကြားလာရသည်။ ထဲအထဲ၌ လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေရခြင်းမှာ ပိုပြီးဆိုးဝါးစေသည်။ အမှောင်ခေတ်သို့ ထိုးကျခြင်း တိုင်းပြည်တပြည်ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာ၌ ပြည်သူလူထု၏
ရခိုင့် အမျိုးသားရေး ဘုံရန်သူ
Western News-မတ်လ ၂၆ ရက် ရွာဝင်ကန်ဘောင်လမ်းတွင် ကျေးလက်နေ အမျိုးသမီးတို့မှာ ရေအိုးကိုယ်စီရွက်ကာ ရေခပ်သွားလာရင်း စိတ်ဝင်စားစရာ စကားသံတချိုကိုပြောနေကြသည်။ “မနေ့က ငါ မြွေကို မြင်ပြီးမက်တယ်။ ဒီနေ့တော့ “ ၇” သေချာတယ်” ဟု အမျိုးသမီးတဦးက ပြောဆိုနေသည်။ ထို့အတူ အမျိုးသားတစ်စုမှာလည်း ရွာလယ် လက်ဖက်ရည်ဆိုင်အတွင်း စကားဝိုင်းဖွဲ့နေကြပြီး ရယ်မော ပျော်ရွှင်စွာဖြင့် တစ်ဦးနှင့် တစ်ဦး အသိအမြင်နှင့် ၎င်းတို့၏ အိပ်မက်များအကြောင်းကို ဆွေးနွေးကာ “ဒီနေ့တော့“ ၄ ” တလုံး သေချာတယ် ” စသည်ဖြင့် စကားသံများက သာလီစွ နံနက်ခင်းကို ဖြတ်သန်းနေကြသည်။ တစ်ရွာလုံးရှိ အမျိုးသမီး၊ အမျိုးသားများ အားလုံးသော
မြောက်ဦးကို ရာဇဝင်ထဲက နိုးထခွင့်
Western News-သြဂုတ် ၁၇ ရက် ၂၀၂၁-ခုနှစ်၊ မေလ-၆ ရက်နေ့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် မြောက်ဦးကို ကမ္ဘာ့အ မွေအနှစ် စာရင်းတင်သွင်းနိုင်ရေးနှင့်ပတ်သတ်၍ ညှိနှိုင်းအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြသည်။ ထိုအစည်းအ ဝေးသို့ ဒေါက်တာဒေါ်တင်မာအောင် တက်ရောက်ခဲ့ပြီး မြောက်ဦးကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ကျန်ရှိနေသေးသောကိစ္စရပ်များအား ပြီးပြတ်အောင်ဆောင်ရွက်နိုင်ရန် တင်ပြဆွေးနွေးခဲ့ကြောင်း ရခိုင်သတင်း ဌာနများမှ ဖော်ပြသည်။ မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်ဝင်နိုင်ရေးနှင့်ပတ်သတ်၍ ရခိုင်လူထုတို့ မျှော်လင့်နေ ကြသည်မှာ ဆယ်စုနှစ်တစ်ဝက်ကျော်မျှပင် ကြာမြင့်လာခဲ့ပြီးဖြစ်သည်။ သို့သော် ရခိုင်လူထုတို့၏ရင်ထဲမှ မျှော် လင့်ချက်များ ပြည့်ဝမလာနိုင်သေးဘဲ မြောက်ဦးသည်လည်း ရာဇဝင်ထဲ၌သာ ဆက်လက် လည်နေခဲ့ရသည်။ မြောက်ဦးကို ရာဇဝင်ထဲမှ နိုးထခွင့်မှာ လက်ရှိတိုင်အောင် ဝေဝါးနေဆဲပင် ဖြစ်လေသည်။ (တစ်) ၂၀၁၉
အာဏာပိုင်တို့၏ ပျားရည် (သို့မဟုတ်) ရခိုင်ပြည်နယ်နေ့
Western News|ဒီဇင်ဘာ၊ ၁၅ ရက် ယနေ့ ကျရောက်သည့် ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့သည် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ယာယီအပစ်ရပ်ထားသည့် အချိန်နှင့် တိုက်ဆိုင်နေ၏။ ယင်းကြောင့် ရခိုင်ပြည်နယ်နေ့ကို စစ်ကောင်စီက အစည်ကားဆုံးဖြစ်အောင် ငွေကြေးအကုန်အကျခံကာ စီစဉ်ထားသည်။ ယင်းအပြင် ရခိုင်ပြည်နယ် စစ်ကောင်စီသည် ဒီဇင်ဘာ ၁၅ မတိုင်မီနေကပင် တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲ၊ မာန်အောင် ကျောက်ဖြူ စသည့် မြို့နယ်ရှိ မြို့တွင်း၊ ရွာတွင်း ကွန်ကရက် လမ်းပိုင်းများဖွင့်လှစ်ခြင်းတို့ကို ၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အကြိုဟု သတ်မှတ်ကာ ၎င်းတို့ ထိန်းချုပ်ရာ လူမှုကွန်ရက်၊ သတင်းစာတို့တွင် ဝေဆာစွာ