တရုတ်နိုင်ငံသည် မြန်မာအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ISP စစ်တမ်းက ဖော်ပြ
နိုင်ငံရေး သတင်း
1 min read
776

တရုတ်နိုင်ငံသည် မြန်မာအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ISP စစ်တမ်းက ဖော်ပြ

ဧပြီ ၃ - ၂၀၂၄
0

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar) က ယမန်နေ့ ဧပြီလ ၂ ရက်နေ့ထုတ် စစ်တမ်းတွင် ဖော်ပြထားသည်။  တရုတ်-မြန်မာဆက်ဆံရေးအပေါ် ISP Myanmar က မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်များကို အလွှာစုံက လူပေါင်း ၂၅၀ ဦးကို မေးခွန်း ၁၀၀ ဖြင့် မေးမြန်းကာ စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။  အလွှာစုံဖြစ်သည့် နိုင်ငံရေးနယ်ပယ်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့အစည်းများ၊ ထင်ရှားကျော်ကြားသူများ၊ တိုင်းရင်းသားတော်လှန်ရေး EAOs နှင့် PDFs/LDFs တို့ကို မေးမြန်း စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။  ထိုစစ်တမ်းတွင် ဖြေဆိုသူအများစုက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းကောင်း နိုင်ငံမဟုတ်ဟု ပြောဆိုကြသည်။  ယခင်နှစ်ကလည်း

Continue Reading
အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ကြောင်း AA အရေးပေါ်ထုတ်ပြန်
သတင်း
1 min read
737

အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ကြောင်း AA အရေးပေါ်ထုတ်ပြန်

ဧပြီ ၂ - ၂၀၂၄
1

ရခိုင်ပြည် အမ်းမြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသော ကားလမ်းများတွင် စစ်ကောင်စီက မိုင်းထောင်ခြင်း၊ အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်နေ၍ အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ထားကြောင်း AA က အရေးပေါ်ထုတ်ပြန် အသိပေးသည်။  အမ်းနှင့် မကွေးတိုင်း ဆက်သွယ်ထားသော ကားလမ်းများတွင် အာဏာသိမ်း စစ်ကောင်စီသည် အရပ်သားကားများကို အသုံးပြု၍ တပ်ပြောင်းရွှေ့ခြင်း၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများသယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စွန့်လွှတ်မိုင်းများ ထောင်နေ၍ ကားလမ်းမတစ်လျှောက် တိုက်ပွဲဖြစ်လာနိုင်သည်ဟု ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA ၏ နိုဗာ (၁) စစ်ဒေသက ထုတ်ပြန် သတိပေးလိုက်ခြင်းဖြစ်သည်။  တိုက်ပွဲများဖြစ်ပွားပါက ပြည်သူများထိခိုက်သွားမည်ကို စိုးရိမ်၍ AA

Continue Reading
စစ်ထဲဆွဲခေါ်ခံရသည့် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ နှိပ်စက်ခံရပြီးသေဆုံး
သတင်း
1 min read
818

စစ်ထဲဆွဲခေါ်ခံရသည့် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ နှိပ်စက်ခံရပြီးသေဆုံး

ဧပြီ ၂ - ၂၀၂၄
0

စစ်မှုထမ်းဥပဒေကြောင့် စစ်ထဲ အတင်းဆွဲခေါ်ခံရသည့် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့ မီးလောင်စခန်းကျေးရွာမှ အစ္စလမ်ဘာသာဝင် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ဟုဆိုကာ စစ်ကောင်စီတပ်သားများမှ ဝိုင်းဝန်းနှိပ်စက်ကြပြီး သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။  အမာနွတ်လာ မှာ စစ်မှုထမ်းရန် မဲပေါက်၍ စစ်ကောင်စီတပ်သားများမှ မတ်လ ၂၉ ရက်နေ့က လာရောက်ခေါ်ယူသွားပြီး စစ်သင်တန်းတက်ရောက်နေချိန် ထမင်းစားရာ၌ ဝက်သားကို ရိုက်နှိက်ကာ စားခိုင်းခဲ့သည်ဟု ဆိုသည်။  အမာနွတ်လာမှာ ပါးစပ်က သွေးထွက်အောင်အထိ စစ်ကောင်စီတပ်များ၏ ဝိုင်းဝန်းရိုက်နှက်မှုကို ခံရ၍ မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေသွားရသည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ” စစ်ကောင်စီ ခေါ်သွားတုန်းက အကောင်းကြီးပါ။

Continue Reading
ရသေ့တောင်က စစ်ကောင်စီတပ်သားများ အလံဖြူထောင် လက်နက်ချခဲ့
မှတ်တမ်းမှတ်ရာ ရုပ်သံ
1 min read
826

ရသေ့တောင်က စစ်ကောင်စီတပ်သားများ အလံဖြူထောင် လက်နက်ချခဲ့

ဧပြီ ၂ - ၂၀၂၄
0

ရခိုင်ပြည် ရသေ့တောင်မြို့ကို ရက္ခိုင့်တပ်တော် AA က မတ်လ ၁၇ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်။ ထိုမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများနှင့် တပ်မိသားစုဝင်များမှာ အလံဖြူထောင်၍ လက်နက်ချအညံ့ခံခဲ့သည့် ရုပ်သံဖိုင်ဖြစ်သည်။

Continue Reading
မာန်အောင်က စီးပွားရေးလုပ်ငန်းရှင် ဦးစည်သူအောင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ
နိုင်ငံရေး သတင်း
1 min read
185

မာန်အောင်က စီးပွားရေးလုပ်ငန်းရှင် ဦးစည်သူအောင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

ဧပြီ ၂ - ၂၀၂၄
0

Western News| ဧပြီ ၁ ရခိုင်ပြည် မာန်အောင်မြို့ဒေသခံ မေဃသစ္စာဖုန်းအရောင်းဆိုင်ပိုင်ရှင် ဦးစည်သူအောင်ကို အာဏာသိမ်း စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုပြီး မတ်လ ၂၉ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ ဦးစည်သူအောင်မှာ PDF နှင့် ဆက်သွယ်၍ဆိုပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရကာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဦးစည်သူအောင်သည် အသက် ၅၀ ကျော်အရွယ်ရှိပြီး ဗမာအမျိုးသားဖြစ်ကာ မာန်အောင်မြို့တွင် အိမ်ထောင်ကျ၍ ဖုန်းအရောင်းဆိုင်ဖွင့်လှစ်ပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက် နေထိုင်သူလည်းဖြစ်သည်။

Continue Reading
စစ်ကောင်စီဗုံးကြဲ၍ သေဆုံးဒဏ်ရာရခဲ့သည့် ရမ်းဗြဲဖက်ကြပ် ရွာလုံးကျွတ် တိမ်းရှောင်
သတင်း
1 min read
245

စစ်ကောင်စီဗုံးကြဲ၍ သေဆုံးဒဏ်ရာရခဲ့သည့် ရမ်းဗြဲဖက်ကြပ် ရွာလုံးကျွတ် တိမ်းရှောင်

ဧပြီ ၂ - ၂၀၂၄
0

Western News| ဧပြီ ၁ စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့်ဗုံးလာကြဲမှုကြောင့် သေဆုံးဒဏ်ရာရသူများရှိခဲ့သည့် ရမ်းဗြဲမြို့နယ် ဖက်ကြပ်ကျေးရွာတွင် တစ်ရွာလုံးနီးပါး ကျေးရွာမှတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။ဖက်ကြပ်ကျေးရွာမှာ ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က လေယာဥ်ဖြင့် ဗုံးလာကြဲခြင်းခံခဲ့ရပြီး အသက်မပြည့်သေးသည့် ကလေးငယ် ၁ ဦး သေဆုံးကာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်းနှင့် နေအိမ် ၄ ဆောင်၊ ဓမ္မာရုံတို့ ပျက်စီးမှုရှိခဲ့သည်။ ထိုသို့ ဗုံးကြဲမှုနောက်ပိုင်း ကျေးရွာတွင်းနေထိုင်သူများမှာ ရွာတွင်းနေထိုင်ရန်ကြောက်ရွံ့ကာ တိမ်းရှောင်နေကြရသည်ဟု ကျေးရွာဒေသခံတစ်ဦးက ပြောသည်။” ရွာကို အခုလို ဗုံးလာကြဲတာတွေရှိတော့ ဘယ်နေရဲတော့မလဲ။ ဒီအတိုင်းအလွတ်ကြီးလာချသွားတာ။ ကလေးတစ်ယောက်သေသွားရတယ်။ အခုရွာထဲမှ အားလုံးလိုလိုက

Continue Reading
စစ်ကောင်စီက စစ်မှုထမ်းရန် အတင်းခေါ်ယူနေ၍ သံတွဲနှင့် မာန်အောင်က လူငယ်အများအပြား တိမ်းရှောင်နေရ
သတင်း
1 min read
242

စစ်ကောင်စီက စစ်မှုထမ်းရန် အတင်းခေါ်ယူနေ၍ သံတွဲနှင့် မာန်အောင်က လူငယ်အများအပြား တိမ်းရှောင်နေရ

ဧပြီ ၂ - ၂၀၂၄
0

Western News| ဧပြီ ၁ အာဏာသိမ်း စစ်ကောင်စီက ရခိုင်ပြည် သံတွဲမြို့နယ်နှင့် မာန်အောင်မြို့နယ်အတွင်းက လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓ္ဓမခေါ်ယူနေ၍ ယင်းဒေသရှိ လူငယ်အများအပြားမှာ ဘေးကင်းရာနေရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီသည် နိုင်ငံအနှံ့ စစ်ရှုံးနေချိန် အထူးသဖြင့် ရခိုင်ပြည်အတွင်းမှာ တပ်စခန်းတစ်ခုပြီးတစ်ခုနှင့် တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးနေရချိန် ရခိုင်မြောက်ပိုင်းက လူငယ်များကို စစ်မှုထမ်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖိအားပေးကာ စစ်သားသစ် စုဆောင်းနေသည်။ မာန်အောင်မြို့နယ်တွင် ကျေးရွာတစ်ရွာကို လူ ၇ ဦးကျစီ ပေးရန် တောင်းဆိုနေသလို သံတွဲမြို့နယ်တွင် ကျေးရွာတစ်ရွာကို လူ ၅၀ ဦးအထိ ပေးရန် စစ်ကောင်စီက တောင်းဆိုနေခြင်းဖြစ်သည်။ မာန်အောင်ဒေသခံတစ်ဦးက ”

Continue Reading
ဘင်္ဂလားဒေ့ရှ်ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၅၀၀ ကျော်ရှိ၊ ၃၀၀ ကျော်ကို ပြန်ပို့ထား
သတင်း
1 min read
299

ဘင်္ဂလားဒေ့ရှ်ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၅၀၀ ကျော်ရှိ၊ ၃၀၀ ကျော်ကို ပြန်ပို့ထား

ဧပြီ ၂ - ၂၀၂၄
0

Western News| ဧပြီ ၁AA ထိုးစစ်ကြောင့် ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်သား ၅၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြပြီး ယင်းအထဲက ၃၀၀ ကျော်ကို မတ်လ ၁၅ ရက်နေ့က မြန်မာဘက်သို့ ပြန်လည်ပို့ထားပြီဟု ဘင်္ဂလားဒေ့ရှ် သတင်းဌာနများက ပြောဆိုကြသည်။ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၅၀၄ ဦးရှိခဲ့ပြီး ယင်းအထဲက ၃၀၀ ကျော်ကို ပြန်ပို့ထားကာ ကျန် ၁၈၂ ဦးကိုမူ ဘင်္ဂလားဒေ့ရှ်အစိုးရက ယာယီခိုလှုံခွင့်ပေးထားကြောင်း သိရသည်။ကျန် ၁၈၂ ဦးကို မည်သည့်အချိန်တွင် မြန်မာဘက်သို့ ပြန်လည်လွှဲပေးမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။ ထွက်ပြေး စစ်ကောင်စီတပ်သားများမှာ ပါလာသည့် လက်နက်ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ် စစ်တပ်က ဖြုတ်သိမ်းထားပြီး

Continue Reading
ထိုင်းတွင် ကရိန်း မတော်တဆပြိုကျမှုကြောင့် သေဆုံးသူ ၆ဦးတွင် ရခိုင်တစ်ဦးပါဝင်၊ နစ်နာကြေးကို ပွဲစားတစ်ဦးက ထုတ်ယူ၊ မိဘများနှင့် အဆက်အသွယ် လိုနေ
စီးပွားရေး သတင်း
1 min read
1023

ထိုင်းတွင် ကရိန်း မတော်တဆပြိုကျမှုကြောင့် သေဆုံးသူ ၆ဦးတွင် ရခိုင်တစ်ဦးပါဝင်၊ နစ်နာကြေးကို ပွဲစားတစ်ဦးက ထုတ်ယူ၊ မိဘများနှင့် အဆက်အသွယ် လိုနေ

မတ် ၃၁ - ၂၀၂၄
0

ထိုင်းနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုတွင် ကရိန်း မတော်တဆပြိုကျမှုကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၆ဦး သေဆုံးခဲ့မှုတွင် ရခိုင်လူမျိုးတစ်ဦးပါဝင်ပြီး ၎င်း၏ မိသားစုနှင့် တိုက်ရိုက် အဆက်အသွယ် ရရှိရေး လိုအပ်နေကြောင်း သိရသည်။ မတ် ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ လယောင်မြို့တွင် Xin Ke Yuan Steel factory အမည်ရှိ တရုတ်ကုမ္ပဏီတွင် ဆောက်လုပ်ရေး ကရိန်းပြိုကျခဲ့သဖြင့် မြန်မာအလုပ်သမား ၆ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦး သေဆုံးခဲ့သည်။အဆိုပါ သေဆုံးသူများထဲမှာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ အသက် ၂၆ နှစ်အရွယ် အလုပ်သမားတစ်ဦး ပါဝင်ပြီး ၎င်းမိဘများနှင့် အဆက်အသွယ်

Continue Reading
စစ်ရှောင် ရခိုင်အမျိုးသမီးများ၏ စစ်ဘေးကာလ အခက်အခဲများ
အင်တာဗျူး
1 min read
186

စစ်ရှောင် ရခိုင်အမျိုးသမီးများ၏ စစ်ဘေးကာလ အခက်အခဲများ

မတ် ၂၃ - ၂၀၂၄
1

ရခိုင်ပြည်၌ လတ်တလောဖြစ်ပွားနေသည့် စစ်ပွဲများကြား ရုန်းကန်လှုပ်ရှားနေကြရသည့် အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်အမျိုးသမီးများ၏ ဘဝအခြေနေများကို Western News မှ မေးမြန်းစုစည်းတင်ပြထားခြင်းဖြစ်သည်။ကြမ်းတမ်းသည့် စစ်ဘေးကာလများကို ရခိုင်အမျိုးသမီးများ မည်ကဲ့သို့ရင်ဆိုင်နေကြရသည်နှင့် မည်သည့်အခက်ခဲများ တွေ့ကြုံနေရပြီး မည်ကဲ့သို့ ဖြတ်ကျော် ဖြေရှင်းနေရသည်ကို သိရှိရမည်ဖြစ်သည်။ ပုဏ္ဏားကျွန်း စစ်ရှောင်အမျိုးသမီး(မြောက်ဦးမြို့ကို ထွက်ပြေးတိမ်းရှောင်လာသူ) ” ပုဏ္ဏားကျွန်းက တစ်ခြားမြို့နယ်တွေထက် စစ်ရှောင်ကာလက ပိုများနေတယ်လို့ ပြောရမယ်။ မြို့တွင်း ဘာတိုက်ပွဲမှ မဖြစ်ခင်ကတည်းက မြို့ကို လက်နက်ကြီးပစ်ခတ်တာတွေ လုပ်တာကြောင့် မြို့ကိုစွန့်ခဲ့ကြရပြီ။ အခုထိလည်း မပြန်ကြရသေးဘူး။ အခက်ခဲလို့ပြောရင် ဒီကာလမှာအားလုံးက အခက်ခဲတွေပဲ။ ကျမမှာ ၉ နှစ်အောက် ကလေး ၃ ယောက်ရှိတယ်။ ယောက်ကျားကလည်း အနားမှာမရှိဘူး။ နိုင်ငံခြားမှာ

Continue Reading