လက်လွှတ်ခဲ့ရသော မြောက်ဦးက ရဲတပ်ရင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်(ကျွဲ/နွားများ သေဆုံး)
လက်လွှတ်ဆုံးခဲ့ရသော ရခိုင်ပြည် မြောက်ဦးမြို့ပြင်က စစ်ကောင်စီ၏ အမှတ် ၃၁ ရဲတပ်ရင်းကို ယမန်နေ့ မတ်လ ၁၈ ရက်နေ့ နံနက် ၁ နာရီ ၅၀ မိနစ်တွင် စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ အဆိုပါနေရာတွင် နေထိုင်သည်ဟု အထင်ဖြင့် အမှတ် ၃၁ ရဲတပ်ရင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ဒေသခံများက ပြောဆိုကြသည်။ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ ရဲတပ်ရင်းကို မကျဘဲ အနီးက ပန်းဈီးမြောင်း (ပန်းဈေးမြောင်း) ခေါ်သည့် ကျွဲ/နွားများ ရေသောက်ရာနေရာ မြောင်းကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြောက်ဦး ဒေသခံတစ်ဦးက ပြောသည်။ “မနေ့က ည ၁ နာရီ
ရခိုင်မှာ တစ်အိမ်တစ်ယောက်ကျ AA က စစ်မှုထမ်းခေါ်ယူမည်ဟု သတင်းထွက်
အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်း တစ်အိမ်တစ်ယောက်ကျ စစ်မှုထမ်းခေါ်ယူသွားမည်ဟု ဒေသခံပြည်သူများကြားတွင် သတင်းထွက်ပေါ်နေသည်။ ယခင်က အလျဉ်းသင့်သလို စစ်မှုထမ်းများ ခေါ်ယူခဲ့သော်လည်း လာမည့် လများတွင် တစ်အိမ်တစ်ယောက်ကျ မဖြစ်မနေ စစ်မှုထမ်း ခေါ်ယူသွားမည်ဟု မြေပြင်တာဝန်ရှိသူများက ပြည်သူများအား သတင်းစကားပါးထားကြောင်း စုံစမ်းသိရသည်။ စစ်မှုထမ်းခေါ်ယူရန် အာရက္ခတပ်တော် AA တွင် မြို့နယ်အလိုက် ခေါ်ယူရေးကော်မတီ ဖွဲ့စည်းထားပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပြောဆိုနေခြင်းနှင့် မကြာခင်ခေါ်ယူတော့မည်ဟုလည်း အမည်မဖော်လိုသည့် ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။ “မဖြစ်မနေ တစ်အိမ်တစ်ယောက်ကျ ဝင်ရမယ်ဆိုပြီး ပြောပါတယ်။ မိသားစုထဲက တစ်ယောက်ယောက် တပ်ထဲဝင်ထားတာရှိတယ်ဆိုရင်တော့ ထပ်ဝင်စရာ မလိုတော့ဘူးတဲ့။ ရွာမှာ အစည်းဝေးခေါ်ပြီးပြောတယ်။ ကျနော်တို့ ရွာနည်းတူ တခြားရွာတွေလည်း ဒီအတိုင်းပဲကြားပါတယ်။
တောင်ကုတ်ဒေသခံ တစ်ဦး ပြင်ဦးလွင်မြို့တွင် ဖမ်းဆီးခံရ
ရခိုင်ပြည် တောင်ကုတ်ဒေသခံ ပြင်ဦးလွင်မြို့တွင်နေထိုင်သော ကိုနေစိုး (ခေါ်) သူရိယစိုး ကို CRPH, NUG နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။ မတ်လ ၁၇ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာ မြန်မာ့အလင်းတွင် စစ်ကောင်စီက ဖော်ပြထားသည်။ CRPH, NUG နှင့် ပတ်သက်ဆက်နွယ်သည်ဆိုပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်တွင် ဝါဒဖြန့်လှုံ့ဆော် ရေးသားသည်ဟု ခေါင်းစဉ်ဖြင့် စစ်ကောင်စီက ကိုနေစိုးအား ဖမ်းဆီးသွားသည်။ မတ်လ ၁၅ ရက် နေ့လယ် ၃ နာရီအချိန်ခန့်က ပြင်ဦးလွင်မြို့ယ် ရေချမ်းအိုးကျေးရွာတွင် ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ ကိုနေစိုး အား
AA ဦးဆောင်သည့် ရခိုင်ပညာရေးတွင် ရခိုင်သမိုင်းကို အစားထိုးမည်ဖြစ်၍ မြန်မာ့သမိုင်း သင်ကြားမှုကို ယာယီရပ်ဆိုင်းထား
အာရက္ခတပ်တော် AA ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ စီစဉ်သော ရခိုင်ပညာရေးစနစ်တွင် သမိုင်းဘာသာရပ်ကို ရခိုင့်သမိုင်း အဓိကထား သင်ကြားမည်ဖြစ်၍ မြန်မာ့သမိုင်းသင်ကြားမှုကို ယာယီရပ်ဆိုင်းထားသည်ဟု သိရသည်။ AA ပညာရေးဌာန အသိုင်းအဝိုင်းထဲက ဦးဆောင်သူတစ်ဦးနှင့် Western News တွေ့ဆုံမေးမြန်းမှုတွင် ပြောဆိုထားခြင်းဖြစ်သည်။ “ဘာသာရပ်တွေက သိပ်အပြောင်းအလဲမရှိဘူး။ သမိုင်းဘာသာရပ်လောက်ပဲ လောလောဆယ် အပြောင်းအလဲရှိမယ်။ မြန်မာ့သမိုင်းကို သင်ကြားမှု ယာယီရပ်ဆိုင်းထားတယ်။ ရခိုင့်သမိုင်းကို အစားထိုးမယ်ပေါ့လေ။ သမိုင်းဘာသာရပ်မှာ ရခိုင့်သမိုင်းတွေ ပါမယ်။ ကမ္ဘာ့သမိုင်းတွေပါမယ်။ ကမ္ဘာ့သမိုင်းထဲမှာ မြန်မာသမိုင်းလည်း ပါသွားမယ် အဲလိုသဘောတော့ စီစဉ်ထားပါတယ်။ လောလောဆယ်က ရေးဆွဲနေတုန်းပါ” ဟု ပြောသည်။ ရခိုင့်သမိုင်းထဲတွင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ်တို့က အဓိကအကြောင်းအရာများ
မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေးအတွက် AA နှင့် ဆွေးနွေးရန်လိုအပ်ဟု ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်ပြော
ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် အာရက္ခတပ်တော် AA နှင့် တွေ့ဆုံဆွေးနွေး စကားပြောရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောသည်။ ကုလအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေပြီး မွတ်ဆလင်ဒုက္ခသည်များနှင့် တွေ့ဆုံပြီး အပြန် မတ်လ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “အာရက္ခတပ်တော် ဟာ သီးခြားအဖွဲ့ဖြစ်တာကြောင့် မွတ်ဆလင်တွေရဲ့ နေရပြန်ရေးနဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ဆိုရင် AA နဲ့ စကားပြောဖို့လို့ လိုအပ်တယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု အန်တိုနီယို ဂူတာရက်စ်က ပြောသည်။ မွတ်ဆလင်များ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာရှိသော နေရပ်ပြန်နိုင်ရေး ဖြစ်စေရန်အတွက် အာရက္ခတပ်တော်
နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီ ဗုံးကြဲပြီး စက်သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် သံဃာတော် ၉ ပါးနှင့် အရပ်သား ၅ ဦး သေဆုံး
ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲမှုကြောင့် သံဃာတော် ၉ ပါးနှင့် အရပ်သား ၅ ဦး သေဆုံးသွားကြောင်း သိရသည်။ ယနေ့ မတ် ၁၆ ရက်နေ့တွင် စစ်ကောင်စီလေကြောင်းမှ နောင်ချိုမြို့မှ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က သတင်းထုတ်ပြန်သည်။ မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၅ နာရီ ၂၆ မိနစ်အချိန်မှ စတင်၍ စစ်ကောင်စီ၏ တိုက်လေယာဉ်က ဗုံး ၄ လုံး ၂ ကြိမ်ကြဲချပြီး လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် အတွဲလိုက်
PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား ကျင်းပ
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ယနေ့ မတ်လ ၁၅ ရက်နေ့က လွတ်မြောက်ဒေသ တစ်နေရာတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား လွှင့်တင်ခြင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အလံတော်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား တပ်မှူးတပ်သားအပေါင်းမှ အလေးပြုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ကျဆုံးရဲဘော်များအား သေနတ်ပစ်ဖောက်၍ အလေးပြုခြင်း၊ ပြည်သူ့တပ်မတော်သီချင်း သီဆိုခြင်း၊ စစ်ရေးပြ ချီတက်ခြင်း၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ကို ချီတက်အလေးပြုခြင်းနှင့် ခေါင်းဆောင်များက မိန့်ခွန်းပြောကြားခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
စဉ့်ကူး၊ လက်ပံလှရွာကို စစ်ကောင်စီ ဗုံးကြဲမှု သေဆုံးသူ ၂၇ ဦးထိ ရှိလာနေ
တိုက်ပွဲ တစုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများ နေထိုင်ရာ နေရာကို စစ်ကောင်စီတပ်က အကြမ်းဖက် အကြောင့်မဲ လေးကြောင်းက ပစ်ခတ်မှုကြောင့် ကလေး ၆ ဦး အပါအဝင် အရပ်သား ၂၇ ဦး သေဆုံးပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာရှိ လူစည်ကားရာ စျေးဆိုင်တန်းများအား မတ်လ ၁၄ ရက်နေ့ နေ့လယ် ၃ နာရီဝန်းကျင်ခန့်တွင် အကြောင်းမဲ့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ပြည်သူ့ ကာကွယ်ရေးတပ်မတော် မန္တလေး–MDY PDF ၏ နောက်ဆက်တွဲ ထုတ်ပြန်ချက်အရ ကလေးသူငယ် ၆ဦး အပါအဝင် ဒေသခံ ပြည်သူ
တရားမဝင် နယ်စပ်ဖြတ်ကျော် ပြဿနာကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းလိုကြောင်း AA ပြော
ရခိုင်ရေပိုင်နက်ဖြစ်သော ဘူးသီးတောင်၊ မောင်တောဒေသတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး အကြိမ်ကြိမ်ဝင်ရောက် ငါးဖမ်းနေကြသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများအရေးနှင့် ပတ်သက်၍ ပူးပေါင်းဖြေရှင်းဆောင်ရွက်လိုကြောင်း အာရက္ခတပ်တော် AA က ပြောသည်။ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြဿနာအား ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိထိရောက်ရောက် ဖြေရှင်းရန် မျှော်လင့်ထားကြောင်း ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ယနေ့ မတ်လ ၁၅ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။ “ULA အနေနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော် ငါးဖမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ကြား ပူးပေါင်းလုပ်ဆောင်ပြီး ထိရောက်တဲ့ အဖြေတစ်ခုရရှိဖို့ မျှော်လင့်ပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။ အာရက္ခတပ်တော် AA သည် စစ်ကောင်စီထံမှ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်
သတင်းသမား ကိုဇော်ဇော် (ခ) ကိုဇော်မင်းသန့် ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာ
ရခိုင်အခြေစိုက် Development Media Group (DMG) သတင်းသမား ကိုဇော်ဇော် (ခ) ကိုဇော်မင်းသန့် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ ညဉ့် ၁၁ နာရီအချိန်ခန့်တွင် မွေးရပ်ဇာတိ၌ ကွယ်လွန်သွားကြောင်း ကြားသိရပါသည်။ ကိုဇော်ဇော် သည် ရခိုင်ပြည် ရမ်းဗြဲမြို့နယ် စကုကျွန်း၊ အောင်ချမ်းသာကျေးရွာမှဖြစ်ပြီး Western News သတင်းဌာနတွင် လုပ်ကိုင်ဆောင်ရွက်နေသော သတင်းသမားများအားလုံးနှင့် အလွန်ချစ်ခင် ရင်းနှီးသော သတင်းသမား မိတ်ဆွေတစ်ဦး ဖြစ်ပါသည်။ ကိုဇော်ဇော်သည် ၂၀၁၈ ခုနှစ်တွင် သတင်းမီဒီယာလောကသို့ စတင်ဝင်ရောက်လာပြီး “ရမ္မာကျော်စော” ကလောင်အမည်ဖြင့် ရခိုင်ပြည်၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး စသည့် အကြောင်း