မွတ်ဆလင်များကို လာမည့်နှစ် ရခိုင်ကို ပို့မည်ဟု ဘင်္ဂလားဒေ့ရှ်အကြီးအကဲပြော
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်ဆလင်ဒုက္ခသည်များကို လာမည့်နှစ် ၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည်သို့ ပြန်လည်ပို့ဆောင်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် အကြီးအကဲ မိုဟာမက် ယူနွတ်စ်က ကတိပေး ပြောကြားခဲ့သည်။ ယမန်နေ့ မတ်လ ၁၄ ရက်နေ့တွင် ကော့ဘဇားက မွတ်ဆလင်ဒုက္ခသည်စခန်းများသို့ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့်အတူ ရောက်ရှိနေချိန် မွတ်ဆလင်များနှင့် တွေ့ဆုံရာတွင် မစ္စတာ ယူနွတ်စ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ မွတ်ဆလင်ဒုက္ခသည်များအနေဖြင့် လာမည့်နှစ် ရမဒန်ဥပုသ်လ ပွဲတော်အတွင်း ရခိုင်ပြည်က နေရပ်များတွင် ကျင်းပနိုင်ရေး ကြိုးပမ်းသွားမည်ဟု မစ္စတာ ယူနွတ်စ်က ထပ်မံ ကတိပေးခဲ့သည်။ မွတ်ဆလင်များ နေရပ် ရခိုင်ပြည်သို့ ပြန်သွားနိုင်ရေးကို ကုလသမဂ္ဂအဖွဲ့ UN နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ယူနွတ်စ်က ဆိုသည်။ သို့သော်
AA တပ်ဖွဲ့ဝင် အရာရှိတစ်ဦး မေ့ကျန်ခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်၍ မြောက်ဦးတွင် ကလေးငယ်တစ်ဦး ဒဏ်ရာရ
အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် အရာရှိတစ်ဦး ပစ္စတိုသေနတ် တစ်လတ် နေအိမ်အတွင်း မေ့ကျန်ခဲ့ရာ ကလေးငယ်များက ဆော့ကစကားရာကနေ ပစ်ခတ်မှုဖြစ်၍ ကလေးငယ်တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ရခိုင်ပြည် မြောက်ဦးမြို့နယ် ဝက်လှကျေးရွာတွင် AA အရာရှိတစ်ဦး မေ့ကျန်ခဲ့သော သေနတ်အား ကလေးငယ်နှစ်ဦး သေနတ်ပစ်ခတ်ပြီး ဆော့ကစားရာမှ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ လက်တွင် ဒဏ်ရာရရှိသွားသည်။ ဖြစ်စဉ်မှာ မတ်လ ၁၂ ရက် နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မေ့ကျန်ခဲ့သော သေနတ်ဖြင့် ကလေးငယ်များက ဆော့ကစားရာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေနတ်ပစ်ခတ်ခံရသူ ကလေးငယ်မှာ အသက် ၈ နှစ်အရွယ် ၂ တန်းကျောင်းသားဖြစ်ပြီး ပစ်ခတ်သူမှာလည်း ကလေးငယ်ဖြစ်ကာ
ရန်ပုံငွေ မလုံလောက်၍ ရခိုင်က လူ ၁ သိန်းအပါအဝင် မြန်မာနိုင်ငံက လူဦးရေ ၁ သန်းအတွက် ထောက်ပံ့မှု ရပ်ဆိုင်းမည်ဟု WFP ကြေညာ
ရန်ပုံငွေ မလုံလောက်တော့သဖြင့် ရခိုင်ပြည် အလယ်ပိုင်းက လူ ၁ သိန်းအပါအဝင် မြန်မာနိုင်ငံက လူပေါင်း ၁ သန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းသွားမည်ဟု ယနေ့ မတ်လ ၁၄ ရက်တွင် ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ WFP က ထုတ်ပြန်ကြေညာသည်။ နိုင်ငံအတွင်းတွင် ပဋိပက္ခများ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုများနှင့် သွားရောက်ကူညီခွင့်ကန့်သတ်ချက်များ တိုးမြင့်လာခြင်းကြောင့် စားနပ်ရိက္ခာအကူအညီလိုအပ်ချက်များ ပိုမိုများပြားလာနေသည့် အချိန်မှာမှ ယခုကဲ့သို့ အထောက်အပံ့ရပ်ဆိုင်းမှု ဖြစ်လာရခြင်းဖြစ်သည်ဟု WFP က ဆိုသည်။ WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က “အခုဖြစ်လာမယ့် အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီ တစ်ခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတစ်ဝန်းက
AA နှင့် ဆက်ဆံရေး ပြေလည်မှုရှိကြောင်း ဘင်္ဂလားဒေ့ရှ်ပြော
အာရက္ခတပ်တော် AA နှင့် နယ်စပ်အရေးအပါအဝင် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ပြေလည်မှုရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့က ပြောသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ခရီးစဉ်နှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့နှင့် မီဒီယာများ ယမန်နေ့ မတ်လ ၁၃ ရက်တွင် တွေ့ဆုံချိန် အကြံပေးအရာရှိချုပ် Shafiqul Alam က ပြောကြားခြင်းဖြစ်သည်။ “နယ်စပ်မှာ AA နဲ့ ဆက်ဆံရေး ပြေလည်မှုရှိပါတယ်။ စစ်ဘက်ဆိုင်ရာ ကိစ္စ အဆက်အသွယ်တွေကို ကျနော်တို့ ဆက်လက် ထိန်းသိမ်းထားပါတယ်” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ အာရက္ခတပ်တော် AA နှင့် ဆက်ဆံရာတွင် ရခိုင်ပြည်အတွင်း ပေါ်ပေါက်နေသော အခြေအနေများကို အမြဲစောင့်ကြည့်ကာ နယ်စပ်အရေးကို
ပဲခူးတိုင်းက စစ်ကောင်စီ ညောင်ကျိုးတပ်စခန်းကို AA သိမ်းလိုက်ပြီဟုဆို
နှစ်လ နီးပါးကြာ တိုက်ပွဲပြင်းထန်ခဲ့သော ပဲခူးတိုင်းထဲက အာဏာသိမ်း စစ်ကောင်စီ၏ ညောင်ကျိုးတပ်စခန်းကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။ သတင်းရင်းမြစ်က “မတ်လ ၁၁ ရက်နေ့ ကတည်းက ညောင်းကျိုးစခန်းကနေ စစ်တပ်က စဆုတ်ခွာတာ။ အခုတော့ စခန်းတော့ ရသွားပြီလို့ ကြေးနန်းရတယ်” ဟု ပြောသည်။ ညောင်ကျိုးတပ်စခန်းသည် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်ပြီး ရခိုင်ရိုးမနှင့် ပဲခူးတိုင်းအစပ်တွင်ရှိသည်။ အာရက္ခတပ်တော် AA သည် ရခိုင်ရိုးမပေါ်က စစ်ကောင်စီ၏ မိုးထိတောင်တပ်စခန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တစ်ဆက်တည်းရှိ ပဲခူးတိုင်းထဲက ညောင်ကျိုးတပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ CDM ဗိုလ်ကြီး ဇင်ယော်က
စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် ရခိုင်မှာ နှစ်လကျော်အတွင်း အရပ်သား ၄၅ ဦးသေဆုံး
အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရခိုင်မှာ နှစ်လကျော်အတွင်း အရပ်သား ၄၅ ဦးသေဆုံးသွားကြောင်း သိရသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၁ ရက်နေ့အထိ ကောက်ယူထားသော စာရင်းအရ ရခိုင်ပြည်အတွင်း အမျိုးသမီး ၂၄ ဦးနှင့် အမျိုးသား ၂၁ ဦး သေဆုံးသွားခဲ့ရသည်ဟု AAPP က မတ်လ ၁၁ ရက်တွင် ပြောသည်။ ရခိုင်မှာ နှစ်လကျော်အတွင်း အရပ်သား ၄၅ ဦးသေဆုံးခဲ့သည်ကို AAPP က အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟုလည်း ပြောဆိုထားသည်။ ထိုအထဲတွင် အသက် ၂ နှစ်အရွယ် ကလေးငယ် (အမျိုးသား) တစ်ဦးအပါအဝင်
နေရပ်ပြန်လာသည့် တောင်ကုတ်က ပြည်သူများကို ဗုံးခိုကျင်းများ တူးထားရန် AA က အသိပေး
Western News| မတ် ၁၃ စစ်ရှောင်နေရာမှ နေရပ်ပြန်လာကြသည့် ရခိုင်ပြည် တောင်ကုတ်မြို့က ဒေသခံပြည်သူများမှာ မိမိအိမ်တွင် ဗုံးခိုကျင်းများ တူးထားကြရန် အာရက္ခတပ်တော် AA က အသိပေးတိုက်တွန်းနေသည်။ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည့် တောင်ကုတ်မြို့က ပြည်သူများအနေဖြင့် မြို့ထဲသို့ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီဖြစ်ကြောင်း သိရသည်။ “ဖေဖော်ဝါရီလ ကတည်းက စစ်ရှောင်တွေကို မြို့ထဲသို့ ဝင်ရောက်နေထိုင်ခွင့် တပ်တော်က ခွင့်ပြုလိုက်ပါပြီ။ ဒေသခံတွေကလည်း ပြန်လာနေကြပါတယ်။ အိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ တူးထားဖို့လည်း တပ်တော်က နှိုးဆော်ထားပါတယ်။ လေကြောင်းအန္တရာယ်ကိုလည်း အထူးဂရိုက်စိုက်ကြဖို့ မှာကြားနေတာရှိပါတယ်။ မိုင်းတွေကြောင့် တားမြစ်ထားတဲ့ နေရာတွေကို မသွားဖို့ ပြောဆိုတာတွေလည်းရှိပါတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။ ပြည်သူများ
အင်အားထောင်သောင်းချီဖြင့် ထိုးစစ်ဆင်ပြီး အာဏာသိမ်းမှု အဆုံးသတ်မည်ဟု NUG ပြော
နိုင်ငံအနှံ့တွင် အင်အား ထောင်သောင်းချီ အသုံးပြုပြီး စစ်ကောင်စီ၏ အာဏာသိမ်းမှုအား အဆုံးသတ်ရန် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောသည်။ မတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တပ်မှူးသင်တန်း အပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲသို့ ပေးပို့သောသဝဏ်လွှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေး ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြို့သိမ်းတိုက်ပွဲ အတွေ့အကြုံများ ရယူခဲ့ပြီးသဖြင့် PDF၊ ပကဖနှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များ အားလုံးလက်တွဲကာ စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားဖြင့် အထွေထွေထိုးစစ်ကြီး စစ်ဆင်နွှဲ၍ စစ်အာဏာသိမ်းမှု အဆုံးသတ်ကြရမည်ဟု ဦးရည်မွန်က ပြောသည်။ “တော်လှန်ရေး အစောပိုင်းကာလမှာ တဖက်က တပ်တည်ဆောက်ရင်း တဖက်က တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားနိုင်အောင် ပထမအဆင့်
ရခိုင်က မြိုရိုးရာ ရက်ကန်းလုပ်ငန်း ဆက်ခံသူမရှိဖြစ်လာ
ရခိုင်ပြည်က မျိုးနွယ်တစ်ခုဖြစ်သည့် မြိုတိုင်းရင်းသားများထဲတွင် မြိုရိုးရာ ရက်ကန်းလုပ်ကိုင်ရန် ဆက်ခံသူမရှိဖြစ်လာကြောင်း သိရသည်။ မြိုရိုးရာ ရက်ကန်းလုပ်ငန်းကို မြိုအမျိုးသမီးတိုင်း နှစ်စဉ် ဆက်ခံလေ့ရှိသော်လည်း ယခုနှစ်တွင် ဆက်ခံသူမရှိဖြစ်လာကြောင်း မြိုအမျိုးသမီးများက ပြောသည်။ ကျောက်တော်မြို့နယ်မှ မြိုရိုးရာရက်ကန်းထည်များ ရက်လုပ်သူ အမျိုးသမီးတစ်ဦးက “ဒီဂျပ်ခုတ်အလုပ်က မြိုအမျိုးသမီးကြီးငယ်မရွေး တတ်ကြပါတယ်။ ဝင်ငွေပိုင်းလေးအဆင်ပြေတော့ ဒီဂျပ်ခုတ်အလုပ်နဲ့ပဲ အသက်မွေးကြတာများတယ်လေ။ ခုနောက်ပိုင်းကျတော့ အထည်တွေက ဝယ်မယ့်သူတွေမရှိတော့တာနဲ့ မလုပ်ကြတော့ဘဲ ရပ်လိုက်ကြရတာ။ နောက်ပိုင်း အမျိုးသမီးငယ်လေးတွေလည်း တစ်ခြား ဝင်ငွေအဆင်ပြေမယ့် အလုပ်ကိုင်တွေကိုလုပ်ရင်း ဒီဂျပ်ခုတ်အလုပ်ကို မသင်ဖြစ်ကြတော့ဘူး” ဟု ပြောသည်။ မြိုလူမျိုးများတွင် လက်ရက်ထည်များရက်လုပ်ခြင်းနှင့် ရက်ကန်းခတ်ခြင်းကို ဂျပ်ခုတ်သည်ဟုခေါ်ဆိုကြပြီး မြိုလူမျိုးများ၏ နေအိမ်တိုင်းတွင် ဂျပ်ခုတ်စင် (ရက်ကန်းစင်) တစ်စင်ခန့် ရှိမြဲဖြစ်သည်။
ရခိုင်မှာ ဟောင်းနွမ်း ငွေစက္ကူ အသုံးမဝင်မှု ပြန်ဖြစ်လာ၍ ပြည်သူများကြား အခက်အခဲဖြစ်
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော နယ်မြေများတွင် ဟောင်းနွမ်းငွေစက္ကူ အသုံးမဝင်မှု ပြန်ဖြစ်လာ၍ ဒေသခံပြည်သူများကြားတွင် အခက်အခဲဖြစ်ပွားနေပြီး တာဝန်ရှိသူများက ကြပ်မက်ပေးရန် တောင်းဆိုနေကြသည်။ “ပိုက်ဆံတွေ ဒီလောက်ရှားပါးနေရတဲ့အထဲ ဟောင်းနွမ်းသွားတဲ့ ပိုက်ဆံကို အသုံးပြုလို့မရဘူးဆိုတော့ တော်တော်လေးကို အခက်အခဲဖြစ်ရပါတယ်။ ပြဲသွားတာလဲ မဟုတ်ဘူး။ ဟောင်းနေရုံနဲ့ မရဘူးဆိုတော့ ကျမတို့မှာ ဘေးဖယ်ထားရတော့ တော်တော် ကျပ်တည်းသွားတာပေါ့။ လက်ထဲ ငွေ ၅ သောင်းရှိတယ်ဆိုရင် နှစ်သောင်းလောက် ဟောင်းနေတဲ့ ပိုက်ဆံဖြစ်နေရတယ်။ အဲပိုက်ဆံ အသုံးမဝင်ဘူးဆိုရင် ကျမတို့ ဒုက္ခ ရောက်ရတာပေါ့” ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။ ဟောင်းနွမ်းငွေစက္ကူကြောင့် ပြဿနာ တက်ရသည့်အတွက် စုတ်ပြဲနေသည့် ပိုက်ဆံ သို့မဟုတ် အလွန်ဟောင်းနွမ်းနေသည့် ပိုက်ဆံဆို