မန္တလေး သာသနာ့ဗိမာန်ကျောင်းမှာ သံဃာတော် ၅၅ ပါးကို အသက်ရှင် ကယ်ထုတ်နိုင်
သတင်း သဘာဝဘေး
0 min read
0

မန္တလေး သာသနာ့ဗိမာန်ကျောင်းမှာ သံဃာတော် ၅၅ ပါးကို အသက်ရှင် ကယ်ထုတ်နိုင်

မတ် ၂၉ - ၂၀၂၅
0

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် သာသနာ့ဗိမာန်ကျောင်း ပြိုကျမှုမှ သံဃာတော် ၆ ပါး၏ ရုပ်အလောင်းများ တွေ့ရှိထားပြီး သံဃာတော် ၅၅ ပါးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် ချမ်းအေးသာစံမြို့နယ်ရှိ သာသနာ့ဗိမာန်ကျောင်း အဆောက်အဦး ပြိုကျ၍ ပိတ်မိနေသော သံဃာတော်များကို ကယ်ထုတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ထုတ်ပြန်သည်။ သံဃာတော်များကို မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

Continue Reading
စင်္ကာပူ ကယ်ဆယ်ရေး အဖွဲ့ဝင် ၈၀ ဦး မြန်မာနိုင်ငံ ရောက်ရှိ
သတင်း သဘာဝဘေး
1 min read
0

စင်္ကာပူ ကယ်ဆယ်ရေး အဖွဲ့ဝင် ၈၀ ဦး မြန်မာနိုင်ငံ ရောက်ရှိ

မတ် ၂၉ - ၂၀၂၅
0

မြန်မာနိုင်ငံက ငလျင်ဘေးကို ကူညီရန်အတွက် စင်ကာပူနိုင်ငံ၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၈၀ ဦးခန့်သည် ယနေ့ မတ်လ ၂၉ ရက် ညနေက မြန်မာနိုင်ငံရှိ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပြီး ဖြစ်သည်။ စင်ကာပူနိုင်ငံ၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် စင်္ကာပူ ဒေသစံတော်ချိန် နေ့ခင်းပိုင်း ၁ နာရီ မိနစ် ၂၀ က ချန်ဂီလေဆိပ်ကနေထွက်ခွါ လာပြီး ယနေ့ ညပိုင်း ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း Yangon International Airport က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။ ကယ်ဆယ်ရေးသမားများထဲတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် ရှာဖွေရေး ကျွမ်းကျင်သူများ ပါဝင်ပြီး ၎င်းတို့မှာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး လှုပ်ခတ်သွားကြောင်း ငလျင်ဘေး ကို

Continue Reading
ငလျင်ဘေးသင့် ပြည်သူများနှင့်အတူ ဝမ်းနည်းရပြီး စိတ်မကောင်း ဖြစ်ရကြောင်း ညီနောင် မဟာမိတ် ထုတ်ပြန်
သတင်း သဘာဝဘေး
1 min read
0

ငလျင်ဘေးသင့် ပြည်သူများနှင့်အတူ ဝမ်းနည်းရပြီး စိတ်မကောင်း ဖြစ်ရကြောင်း ညီနောင် မဟာမိတ် ထုတ်ပြန်

မတ် ၂၉ - ၂၀၂၅
0

(ငလျင်ဘေးသင့်သူများအား တတ်နိုင်သည်များ အမြန်ဆုံးကူညီမည်ဟုလည်း ဆို) ငလျင်ကြောင့် ပြည်သူလူထုများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် အဆောက်အဦးများ၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးရခြင်းတို့အတွက် မိသားစုများ၊ ဆွေမျိုးများနှင့် ထပ်တူ ဝမ်းနည်းရပြီး များစွာ စိတ်မကောင်းဖြစ်ရသည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။ ယမန်နေ့ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် တို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပြည်သူများအတိဒုက္ခရောက်ကြခြင်းအပေါ် ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ပါဝင်သော ညီနောင်မဟာမိတ်အဖွဲ့က ယနေ့ မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ပြောဆိုခြင်းဖြစ်သည်။ “သဘာဝဘေးဒဏ်ကြောင့် ပြည်သူလူထုများ အသက်အိုးအိမ်စည်းစိမ်နှင့် အဆောက်အအုံများ စွာတို့

Continue Reading
ငလျင်ကြောင့် ဒဏ်ရာရပြည်သူများ လားရှိုးမြို့သို့ လာရောက် အခမဲ့ ဆေးကုသနိုင်ကြောင်း MNDAA ပြော
စစ်ရေး သတင်း သဘာဝဘေး
1 min read
0

ငလျင်ကြောင့် ဒဏ်ရာရပြည်သူများ လားရှိုးမြို့သို့ လာရောက် အခမဲ့ ဆေးကုသနိုင်ကြောင်း MNDAA ပြော

မတ် ၂၉ - ၂၀၂၅
0

ငလျင်ဘေးသင့် ဒဏ်ရာရပြည်သူလူထုများအနေဖြင့် MNDAA ၏ ထိန်းချုပ်ဒေသ လားရှိုးမြို့ ကျန်းမာရေးဌာနသို့ လာရောက် အခမဲ့ဆေးကုသမှု ခံယူနိုင်ကြောင်း ကိုးကန့်တပ် MNDAA က ယနေ့ မတ်လ ၂၉ ရက်တွင် ထုတ်ပြန်သည်။ ယမန်နေ့ မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အားပြင်းသော ငလျင်ဒဏ်ကြောင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် ဆက်စပ်ဒေသများတွင် ထိခိုက်ဒဏ်ရာရရှိသူ များစွာရှိကြောင်း မြေပြင်သတင်းများအရ သိရသည်ဟု MNDAA က ဖော်ပြထားသည်။ မန္တလေးမြို့၊ စစ်ကိုင်းနှင့် ဆက်စပ်ဒေသများမှ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအနေဖြင့် လားရှိုးမြို့ကျန်းမာရေးဌာနသို့ လာရောက် ဆေးကုသမှုခံယူပါက လူသားချင်းစာနာထောက်ထားမှု ပြည့်ဝစွာဖြင့် အခမဲ့ ကုသပေးမည်ဟု MNDAA က ပြောသည်။ ငလျင်ဒဏ်သင့် ဒေသများမှ

Continue Reading
ငလျင်ကြောင့် မြန်မာက ခရစ်ယာန်ဘုရားကျောင်း ၂၀ ပျက်စီး
သတင်း သဘာဝဘေး
1 min read
0

ငလျင်ကြောင့် မြန်မာက ခရစ်ယာန်ဘုရားကျောင်း ၂၀ ပျက်စီး

မတ် ၂၉ - ၂၀၂၅
0

(နှစ်ပေါင်း ၁၀၀ ကျော်ရှိ ခရစ်ယာန်ဘုရားကျောင်းများလည်း ပါဝင်) ငလျင်ကြောင့် နှစ်ပေါင်း သက်တမ်း ၁၀၀ ကျော် ခရစ်ယာန်ဘုရားကျောင်းများ အပါအဝင် မြန်မာနိုင်ငံအတွင်း ခရစ်ယာန်ဘုရားကျောင်း ၂၀ ပျက်စီးသွားကြောင်း သိရသည်။ ၂၀၂၅ မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် မြန်မာပြည်အလယ်ရှိ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရှမ်း တို့တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သည်။ မန္တလေးမြို့က စိန့်ဂျိုးဇက်၊ စိန့်မိုက်ကယ်၊ ချမ်းသာကုန်း၊ ရှင်မာရိ စသည့် ခရစ်ယာန်ဘုရားကျောင်းများနှင့် ရမည်းသင်းမြို့နယ်က ဆုတောင်းပြည့်လုဒ်မယ်တော်၊ ဇော်ဂျီဘုရားကျောင်းတို့ ပျက်စီးသွားသည်။ မန္တလေးမြို့က စိန့်ဂျိုးဇက်ဘုရားကျောင်းမှာ နှစ်ပေါင်း

Continue Reading
ငလျင်သင့် မြန်မာပြည်သူများကို တရုတ်က ယွမ် ၁၀၀ သန်း ထောက်ပံ့
သတင်း သဘာဝဘေး
1 min read
0

ငလျင်သင့် မြန်မာပြည်သူများကို တရုတ်က ယွမ် ၁၀၀ သန်း ထောက်ပံ့

မတ် ၂၉ - ၂၀၂၅
0

ငလျင်ဘေးသင့်သော မြန်မာပြည်သူများအတွက် တရုတ်အစိုးရက ယွမ် ၁၀၀ သန်း တန်ဖိုးရှိသော အရေးပေါ်လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးမည်ဟု ယနေ့ မတ်လ ၂၉ ရက်တွင် တရုတ် မြန်မာသံရုံးက ထုတ်ပြန်သည်။ “မြန်မာအစိုးရရဲ့ တောင်းဆိုချက်အရ တရုတ်အစိုးရဟာ မြန်မာနိုင်ငံကို အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ယွမ် ၁၀၀ သန်း ပံ့ပိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ပြောခွင့်ရ Mr. Li Ming က ဆိုသည်။ ငလျင်သင့် မြန်မာပြည်သူများအတွက် တဲများ၊ စောင်များ၊ အရေးပေါ်ဆေးဘက်ဆိုင်ရာ အထုပ်များ၊ အစားအစာနှင့် သောက်သုံးရေစင်များ စသည့် အရေးတကြီးလိုအပ်နေသော ပစ္စည်းများ ထောက်ပံ့မည်ဟု တရုတ်က ထုတ်ပြန်သည်။ တရုတ်အစိုးရ၏

Continue Reading
သတင်း သဘာဝဘေး
1 min read
0

မန္တလေး Sky Villa အဆောက်အအုံမှ ၄၃ဦး ကယ်ထုတ်နိုင်ပြီး အလောင်း ၉ လောင်း တွေ့ရှိထား

မတ် ၂၉ - ၂၀၂၅
0

ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦး ပြိုကျ၍ အလောင်း ၉ လောင်း တွေ့ရှိထားပြီး ၄၃ဦး ကယ်ထုတ်ထားကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ ပိတ်မိနေသူများအား ဗဟိုမီးသတ်သင်တန်းကျောင်းနှင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းတို့မှ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ပူးပေါင်း၍ ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအချိန်အထိ ၄၃ ဦးတို့အား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၉ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ ငလျင်ကြောင့် မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုတွင် သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်

Continue Reading
ငလျင်ကြောင့် ပြည်သူများဒုက္ခရောက်နေချိန် စစ်ကောင်စီက နေရာ ၅ ခုကို ဗုံးကြဲတိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

ငလျင်ကြောင့် ပြည်သူများဒုက္ခရောက်နေချိန် စစ်ကောင်စီက နေရာ ၅ ခုကို ဗုံးကြဲတိုက်ခိုက်

မတ် ၂၉ - ၂၀၂၅
0

ယမန်နေ့ ငလျင်လှုပ်ခတ်ပြီး ပြည်သူများ အတိဒုက္ခရောက်နေကြချိန် အာဏာသိမ်း စစ်ကောင်စီက တိုင်းနှင့်ပြည်နယ်မှ နေရာ ၅ ခုကို လေကြောင်းဗုံးကြဲတိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်ပြီး မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နောင်ချိုမြို့နယ် ကံကြီးကျေးရွာနှင့် နောင်လင်ကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။ နောင်လင်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဗုံးခိုကျင်းတွင် ဝင်ပုန်းနေသော DPLA ဓနုတပ်ဖွဲ့မှ စစ်မေ ၆ ဦးနှင့် တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ကံကြီးကျေးရွာကိုလည်း စစ်ကောင်စီက နေ့လယ် ၁ နာရီနှင့် ၂ နာရီကြားတွင်

Continue Reading
ငလျင်ကြောင့် နေပြည်တော်နှင့် အင်းလေး ဒေသတို့တွင် သေဆုံး ၇၀ ကျော်အထိ ရှိလာ
သတင်း သဘာဝဘေး
0 min read
0

ငလျင်ကြောင့် နေပြည်တော်နှင့် အင်းလေး ဒေသတို့တွင် သေဆုံး ၇၀ ကျော်အထိ ရှိလာ

မတ် ၂၈ - ၂၀၂၅
0

ငလျင်ဒဏ်ကြောင့် နေပြည်တော် ပျဉ်းမနားနှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတို့ သေဆုံးသူ ၇၀ ကျော် ရှိနေပြီး ဒဏ်ရာ ရရှိသူ ရာနှင့်ချီ ရှိကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူများက ပြောသည်။ နေပြည်တော် ပျဉ်းမနားတွင် မြေငလျင်ဒဏ်ကြောင့် သေဆုံးသူ ၄၀ ကျော်၏ အလောင်းများကို ရရှိထားပြီး လူနာ ၁၃၀ ကျော်ရှိကာ အများအပြား ပိတ်မိနေကြောင်း မိုးစေတနာပရဟိတအသင်း က ပြောသည်။ လက်ရှိတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လက်ရှိအခြေအနေထိ အလောင်း ၄၀ ကျော် ရရှိထားပြီး လူနာ ၁၃၀ ကျော်နှင့် အများအပြား ပိတ်မိနေကြောင်း (ရန်ကုန်) နေပြည်တော် ရုံးခွဲမှ

Continue Reading
ငလျင်ကြောင့် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ပျက်စီးမှု မြင်ကွင်း
သတင်း သဘာဝဘေး
0 min read
0

ငလျင်ကြောင့် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ပျက်စီးမှု မြင်ကွင်း

မတ် ၂၈ - ၂၀၂၅
0

ငလျင်ကြောင့် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ်များ၊ ဘာသာရေး အဆောက်အအုံအများအပြား ပျက်စီးခဲ့ကြောင်းသိရသည်။ မန္တလေမြို့ပေါ်တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများပြီး ထိခိုက်သေဆုံးသူများပြားကာ အပျက်အစီးများကြား ပိတ်မိနေသူများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Continue Reading