စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းသားများအား ထောင်ဝင်စာ တွေ့ခွင့်နှင့် ဆေးကုသခွင့် ကန့်သတ်ထားဆဲ
သတင်း
1 min read
132

စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းသားများအား ထောင်ဝင်စာ တွေ့ခွင့်နှင့် ဆေးကုသခွင့် ကန့်သတ်ထားဆဲ

October 18, 2023
0

Western News| အောက်တိုဘာ ၁၇ ရခိုင်ပြည် စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသားများအား ထောင်ဝင်စာ တွေ့ခွင့်ကန့်သတ်ခံ ထားရဆဲဖြစ်ပြီး ဆေးကုသမှုမှာလည်း မရရှိကြောင်း အကျဉ်းကျခံ နေရသူများ၏ မိသားစုဝင်များက ပြောသည်။ ထိုသို့ ထောင်ဝင်စာ တွေ့ခွင့်ကန့်သတ်ထံထားရမှုမှာပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကိုဗစ်ကာလအတွင်းမှ စတင်၍ ဖြစ်ပြီး ၃ နှစ်ကျော်ခန့်အကြာ လက်ရှိအချိန်ထိ အဆိုပါကန့်သတ်ချက်မှာ ဆက်လက်တည် ရှိနေခြင်းဖြစ်သည်။ စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ဝန်ကြီးဟောင်းများအားလည်း ထောင်ဝင်စာ တွေ့ခွင့်မရကြောင်း ထိုသို့တွေ့ခွင့်မရခြင်းမှာ အကျဉ်းထောင်မှ ချမှတ်ထားသည့် ကန့်သတ်ချက် တစ်ခုဖြစ်ပြီး အကျည်းကျခံနေရသူများအားလုံးမှာ မိသားစုဝင်များနှင့် တွေ့ခွင့်ကို ပိတ်ပင်ခံထားရဆဲ ဖြစ်ကြောင်း သိရသည်။ အကျဉ်းထောင်အတွင်း နေထိုင်နေရသူများမှာ အစားသောက်နှင့် ဆေးဝါး

Continue Reading
တော်လှန်ရေးကာလ ရှည်ကြာလျှင် လူထုယုံကြည်မှု လျှော့ကျမည်ဟု AA ကို ဒေါက်တာအေးမောင် သတိပေး
သတင်း
1 min read
273

တော်လှန်ရေးကာလ ရှည်ကြာလျှင် လူထုယုံကြည်မှု လျှော့ကျမည်ဟု AA ကို ဒေါက်တာအေးမောင် သတိပေး

October 18, 2023
0

Western News| အောက်တိုဘာ ၁၈ လက်နက်ကိုင်တော်လှန်ရေးသမိုင်း ပိုရှည်ကြာလျှင် လူထုယုံကြည်မှုလျှော့ကျသွားမည်ဟု ရက္ခိုင့်တပ်တော် ULA/AA ကို ရခိုင့်ဦးဆောင်ပါတီ AFP ဥက္ကဌ ဒေါက်တာအေးမောင်က သတိပေးပြောဆိုလိုက်သည်။ အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် NCA ၈ နှစ်ပြည့်အခမ်းအနားပွဲတွင် ဒေါက်တာအေးမောင်က သတင်းထောက်များ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။ “AA မှာ လက်နက်မော်ဒန်လေးတွေရှိနိုင်တယ်။ လက်နက်ကိုင်တော်လှန်ရေးသမိုင်းရှည်ကြာသည်နှင့်အမျှ လူထုသည် ယုံကြည်မှု လျှော့ကျလာနိုင်တယ်။ တော်လှန်ရေးဆိုတာ အချိန်တိုတိုလေးအတွင်းမှာ သူ့ရဲ့ပန်းတိုင်းကို ရောက်သွားရင် အောင်မြင်တယ်။ ဥပမာ ခင်ဗျားတော့ ချေဂွေဗားရားတော့ ခေတ်မှာ ကက်စထရိုတော့ကိုကြည့်။ ကြာလာရင် လူထုက ယုံကြည်မှုဘာတို့ ကျကျသွားတယ်။ တော်လှန်ရေးသမိုင်းက ရှည်သွားတာပေါ့။

Continue Reading
ဂါဇာဆေးရုံတိုက်ခိုက်ခံရပြီး လူ ၅၀၀ ခန့်သေဆုံး၊ သမ္မတဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံပွဲကို ဂျော်ဒန်ဖျက်သိမ်း
သတင်း
1 min read
84

ဂါဇာဆေးရုံတိုက်ခိုက်ခံရပြီး လူ ၅၀၀ ခန့်သေဆုံး၊ သမ္မတဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံပွဲကို ဂျော်ဒန်ဖျက်သိမ်း

October 18, 2023
0

Western News| အောက်တိုဘာ ၁၈ ဂါဇာအလယ်ပိုင်းရှိ အန်ဂလီယန် ခရစ်ယာန်အသင်းက ဖွင့်ထားသောဆေးရုံကို အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅၀၀ ခန့်သေဆုံးကြောင်း ဟားမတ်စ်အာဏာပိုင်များက ပြောသည်။ ဂါဇာအလယ်ပိုင်းရှိ Al-Ahli Arab ဆေးရုံတိုက်ခိုက်ခံရချိန်တွင် ဆေးရုံ၌ ဒဏ်ရာရလူနာများသာမက မြောက်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်လာသော ပါလက်စတိုင်းများ ခိုလှုံနေခဲ့ကြသည်။ သေဆုံးသူအရေအတွက်ကို အတည်ပြုနိုင်ခဲ့ပါက ၂၀၀၈ နောက်ပိုင်း အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးမှု အများဆုံးဖြစ်လာနိုင်မည်ဖြစ်သည်။ ဆေးရုံတိုက်ခိုက်ခံရပြီးနောက် ဂျော်ဒန်နိုင်ငံက အမေရိကန်သမ္မတနှင့် တွေ့ဆုံပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး စစ်ကို ရပ်တန့်ရေးကလွဲ၍ အခြားပြောဆိုရန် မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့တွင်

Continue Reading
ကျောက်ဖြူ လူငယ်သေဆုံးမှု ရဲမှူးနှင့် တပ်ဖွဲ့ဝင်များကို တရားစွဲဆိုနိုင်ရန် သေဆုံးသူမိဘများကို AA က ခေါ်ယူ
သတင်း
1 min read
100

ကျောက်ဖြူ လူငယ်သေဆုံးမှု ရဲမှူးနှင့် တပ်ဖွဲ့ဝင်များကို တရားစွဲဆိုနိုင်ရန် သေဆုံးသူမိဘများကို AA က ခေါ်ယူ

October 18, 2023
0

Western News| အောက်တိုဘာ ၁၈ ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ပန်းတော်ပြင်အုပ်စု ကျွဲတဲကျေးရွာက အသက် ၂၃ နှစ်အရွယ် ကိုအောင်နိုင် သေဆုံးမှုနှင့် ပတ်သက်၍ ရဲမှူးနှင့် ပါဝင်ပတ်သက်သူများအားလုံးကို တရားစွဲဆိုနိုင်ရန် ကိုအောင်နိုင်၏ မိဘများအား ရက္ခိုင့်တပ်တော် ULA/AA က ခေါ်ယူသွားကြောင်း စုံစမ်းသိရသည်။ ကိုအောင်နိုင်သည် ဆိုင်ကယ်ခိုးမှုဖြင့် ကျောက်ဖြူမြို့နယ်ရှိ AA ရဲတပ်ဖွဲ့ထံ ဖမ်းဆီးခံထားရစဉ် သေဆုံးသွားသည့်အတွက် AA ပြောခွင့်ရ ဦးခိုင်သုခက ရဲမှူးနှင့် ပါဝင်ပတ်သက်သူများအားလုံးကို အရေးယူသွားမည်ဟု Western News သို့ ပြောဆိုထားသည်။ ထိုသို့ ပြောဆိုပြီးနောက် ကိုအောင်နိုင်၏ မိဘများဖြစ်သော ဦးမောင်သန်းချေနှင့် ဒေါ်သိန်းရွှေရီတို့ကို ယမန်နေ့ အောက်တိုဘာလ ၁၇

Continue Reading
ရခိုင်မှာ အခုနှစ်အတွင်း အမျိုးသမီး အကြမ်းဖက်ခံရမှု (၅၅၅) မှုအထိရှိနေ
ဗီဒီယိုသတင်း သတင်း အမျိုးသမီးကဏ္ဍ
1 min read
15

ရခိုင်မှာ အခုနှစ်အတွင်း အမျိုးသမီး အကြမ်းဖက်ခံရမှု (၅၅၅) မှုအထိရှိနေ

August 31, 2022
0

ရခိုင်မှာ အခုနှစ်အတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု (၅၅၅) မှုအထိရှိပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ အများဆုံးဖြစ်ပွားမှုရှိနေတယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

Continue Reading