လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာသော မွတ်ဆလင်များကို AA က ကူညီဆောင်ရွက်ပေးနေကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော
(ဓါတ်ပုံသတင်း) အသက်ဘေးမှ လွတ်မြောက်ရန် စစ်ကောင်စီထိန်းချုပ်နယ်မြေမှ ထွက်ပြေးတိမ်းရှောင်လာသော မွတ်ဆလင်များကို အာရက္ခတပ်တော် AA က ကူညီဆောင်ရွက်ပေးနေကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဓါတ်ပုံနှင့်တကွ ထုတ်ပြပြောဆိုသည်။ ကိုယ်ကျိုးစီးပွားရှာနေသော မွတ်ဆလင်တက်ကြွလှုပ်ရှားသူများ ထိုးနှက်နေသော်လည်း အာရက္ခစစ်သည်တော်များမှာ ကူညီဆောင်ရွက်လျှက်ရှိသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်းတို့ X လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ရေးသားပြောဆိုထားသည်။ ဗိုလ်ချုပ်၏ ရေးသားချက်အပြည့်အစုံမှာ ” ကိုယ်ကျိုးရှာပြီး မိမိကိုယ်မိမိ ထင်မြင်ယူဆထားသော အကျိုးစီးပွားအတွက် တက်ကြွလှုပ်ရှားသူများနှင့် သစ္စာစောင့်သိသော လက်ကိုင်တုတ်များ ပြင်းထန်စွာ ထိုးနှက်နေသော်လည်း စစ်မှန်သော သူရဲကောင်းများသည် ၎င်းတို့၏လမ်းစဉ်အတွက် တာဝန်ကျေပွန်မှု၊ အကြောက်တရားကင်းမဲ့မှု၊ သက်ညှာမှု၊ အနိုင်ယူမှုတွေနဲ့ ခိုင်မြဲစွာ သန္နိဋ္ဌာန်ချထားလျက်၊ ‘သူတို့က ငါတို့ရဲ့ အဖပြည်အတွက်
ရခိုင်မှာ ၂ နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးရန် အရေးတကြီးလိုအပ်နေ
(သတ်မှတ်အချိန်အတွင်း ကာကွယ်ဆေးမထိုးရပါက တခြားရောဂါများ ကူးစက်လာနိုင်ခြေရှိ) ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်နယ်မြေများနှင့် လွတ်မြောက်နယ်များတွင် ၂ နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးရန် အရေးတကြီးလိုအပ်နေကြောင်း မိခင်အသိုင်းအဝိုင်းထံမှ သိရသည်။ စစ်ကောင်စီထိန်းချုပ်နယ်မြေများနှင့် လွတ်မြောက်နယ်များတွင် ကလေးငယ်များအား ကာကွယ်ဆေး တာဝန်ယူထိုးပေးမည့်သူ မရှိဖြစ်နေသည်ဟု မြောက်ဦးဒေသခံ အသက် ၁ နှစ်ကျော် ကလေးမိခင်တစ်ဦးက ပြောသည်။ ” ကျမ ကလေးက ကာကွယ်ဆေး နှစ်ကြိမ်ထိုးဖို့ ကျန်နေပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်လခန့်က တစ်ကြိမ်ထိုးရမယ့်ဟာ အခုထက်ထိ မထိုးရသေးဘူး။ ဆေးရုံ၊ ဆေးခန်းလည်း မဖွင့်တော့ ဘယ်မှာ ထိုးရမလဲ မသိဘူး။ အရင်ကာကွယ်ဆေးထိုးပေးနေကျ ရပ်ကွက် သူနာပြုတွေ မေးကြည့်တော့လည်း မသိဘူးလို့ ပြောတယ်။
DMG သတင်းထောက်နှင့် ရုံးဝန်ထမ်း အကြမ်းဖက်မှုပုဒ်မဖြင့် ထပ်တိုးအမှုဖွင့်ခံရ
(သတင်းထောက်များအား နှိပ်ကွပ်နေခြင်းကို လက်မခံ ရှုံ့ချကြောင်း IPCM ပြော) ရခိုင်ပြည်အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ အပြင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့် အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ (က) ဖြင့် စစ်ကောင်စီက ထပ်တိုးအမှုဖွင့် တရားစွဲထားကြောင်း မိသားစုဝင်များထံမှ သိရသည်။ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို စစ်တွေမြို့ အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး ဖမ်းဆီးခဲ့သည့်နေ့ကစ၍ ယနေ့ မေလ ၄ ရက်နေ့အချိန်အထိ တရားရုံးတင် စစ်ဆေးခြင်းမရှိသေးကြောင်း ကိုစိုးဝင်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ”
ဆန်ရောင်းဝယ်မှု ကန့်သတ်သတင်းကြောင့် ကျောက်ဖြူတွင် ဆန်ဈေးမြင့်တက်
ရခိုင်ပြည် ကျောက်ဖြူမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းကစ၍ ကျေးလက်ဒေသမှ မြို့ပေါ်သို့ တင်သွင်းနေသော ဆန်ရောင်းဝယ်မှုကို ကန့်သတ်လိုက်သည့်အတွက် ဆန်ဈေး ၄ ဆအထိ မြင့်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ကျေးလက်ဒေသမှ ဆန်ဝင်ရောက်မှုမရှိ၍ မြို့ပေါ်ရှိ ဆန်လုပ်ငန်းရှင်များမှာ သိုလှောင်ထားသော ဆန်ကို ဈေးမြှင့်တင်ရောက်ချခြင်းကြောင့် ဈေးမြင့်တက်သွားသည်ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။ ” ကျောက်ဖြူမြို့ကို ဆန်စပါးတင်ပို့နေတဲ့ ကျေးရွာတွေကနေ ဆန်စပါး မတင်ပို့ရတော့ဘူးလို့သတင်းတွေကြားနေရတယ်။ အဲ့ဒီသတင်း ထွက်ပြီးနောက်ပိုင်း ဆန်ရောင်းဝယ်သူတွေက စျေးတင်ရောင်းလာကြတော့တာပဲ။ ” ဟု ပြောသည်။ စစ်ကောင်စီတပ်ရင်းများကို ရိက္ခာဖြတ်တောက်ခြင်းနှင့် ကျေးလက်ဒေသတွင် ဆန်လုံလောက်မှုရှိစေရန် ရည်ရွယ်၍ ကျောက်ဖြူဒေသရှိ အာရက္ခတပ်တော် AA အကြီးအကဲများက မြို့ပေါ်သို့ ဆန်တင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း
စစ်ကောင်စီဌာနချုပ်နှစ်ခု သိမ်းပိုက်ရေး AA က ထိုးစစ်အရှိန်မြှင့်
ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့က စကခ ၁၅ ဌာနချုပ်နှင့် ကျီးကန်းပြင်ဌာနချုပ်ကို အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်အရှိန်မြှင့်တင်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စကခ ၁၅ (အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်) သည် ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီ၏ အကြီးဆုံး တပ်စခန်းတစ်ခုဖြစ်ပြီး ကျီးကန်းပြင်ဌာနချုပ်သည်လည်း မောင်တောမြို့နယ် အမှတ် ၁ နယ်ခြားစောင့်စခန်း၏ အကြီးဆုံးတပ်စခန်းတစ်ခုဖြစ်သည်။ သတင်းရင်းမြစ်တစ်ဦးက ” AA က ဘူးသီးတောင်နဲ့ မောင်တောမြို့ကို မကြာခင်သိမ်းပိုက်နိုင်ဖို့ တပ်စခန်းကြီးတွေ၊ ဌာနချုပ်တွေကို ထိုးစစ်အရှိန်မြှင့်နေတယ်။ အနီးအနားက တပ်စခန်းငယ်တွေကို ဝိုင်းပိတ်ဆို့ သိမ်းပိုက်နေတယ်။ ဘူးသီးတောင်၊ မောင်တောမှာ တပ်စခန်းတွေ များသလောက် အင်အားလည်း များကြပါတယ်။
ရခိုင်လွတ်မြောက်နယ်မြေတွင် စစ်ကောင်စီထုတ် အရက်ဘီယာများ ရောင်းအားကောင်းနေ
ရခိုင်ပြည် လွတ်မြောက်နယ်မြေများတွင် အာဏာသိမ်း စစ်ကောင်စီထုတ် အရက်၊ ဘီယာများ သုံးစွဲမှု အလွန်များပြားနေပြီး ဝယ်လိုအားများပြားနေကြောင်း အရောင်းဆိုင်များထံမှ သိရသည်။ အရက်ဘီယာများမှာ ဈေးနှုန်းများမှာ ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ယခင်ပုံမှန်အတိုင်း လည်ပတ်သုံးစွဲလျက်ရှိကြောင်း မင်းပြားမြို့က အရောင်းပိုင်ရှင်တစ်ဦးက ပြောသည်။ ” အရင်အတိုင်းပါပဲ။ ကန့်သတ်ထားတာလည်းမရှိသလို သုံးစွဲမှုလည်း ပုံမှန်အတိုင်းပဲ။ အရက်ဘီယာကုန်စည်က အဝင်လည်းရှိတာပေါ့။ ကုန်စည်ဝင်လို့လည်း ပုံမှန်အတိုင်းရောင်းချနိုင်တာလေ။ အခုက ကုန်စည်လမ်းကြောင်းတွေကလည်း သိပ်အဆင်မပြေတော့ လူသုံးများတာတွေပဲ ယူရောင်းရတယ်။ အဓိကက မြန်မာဘီယာရယ်၊ အက်ဒမင်ရယ်ပဲ” ဟု ပြောသည်။ စစ်ကောင်စီက ထုတ်သော အရက်၊ ဘီယာများမှာ အမျိုးအစား ၁၀ ကျော်ရှိပြီး ယင်းအထဲက လက်ရှိ ရခိုင်ပြည်အတွင်း မြန်မာဘီယာနှင့် ANDAMAN
သံတွဲမှာ တိုက်ပွဲကြောင့် လူဦးရေ တစ်သောင်းခန့် နေရပ်စွန့်ခွာ
ရခိုင်ပြည် သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေ၍ အနီးအနားကျေးရွာ ၆ ရွာထက်မနည်းက လူဦးရေ တစ်သောင်းခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ AA နှင့် စစ်ကောင်စီတပ်တို့မှာ ဧပြီလ ၂၂ ရက်နေ့ကစ၍ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး ဒေါ်မြရွာ၊ ပုရစ်ရွာနှင့် ရေကောက်ရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြပြီး ယနေ့အချိန်အထိ တိုက်ပွဲက ပြင်းထန်နေသည်။ ရွှေလှေဒေသခံတစ်ဦးက ” ရေအားလျှပ်စစ်စီမံကိန်းအနီးမှာ ရွှေလှေအပါအဝင် ထိုဖက်ကမ်းမှာဆိုရင် ကျေးရွာ ၆ ရွာထက်မနည်းရှိတယ်။ အဲက ရွားသားတွေက အကုန်လုံး စစ်ရှောင်နေကြရပြီ။ ခန့်မှန်းရင်တော့ တစ်သောင်းလောက်တော့ ရှိမယ်ထင်တာပဲ။ ရွှေလှေနဲ့ ဒီဖက်ကမ်းမှာရှိတဲ့ ရွာတွေက အနည်းငယ်လောက်ပဲ စစ်ရှောင်နေကြတယ်။
AA ကို အလိုမရှိကြောင်း မနက်ဖြန် ဆန္ဒပြရန် စစ်တွေက မွတ်ဆလင်များကို စစ်ကောင်စီက ဖိအားပေးနေ
အာရက္ခတပ်တော် AA ကို အလိုမရှိကြောင်းနှင့် စစ်ပွဲများ ရပ်တန့်ရေး မနက်ဖြန် ဆန္ဒပြကြရန် စစ်တွေက မွတ်ဆလင်များကို အာဏာသိမ်း စစ်ကောင်စီက လော်စပီကာဖြင့်အော်ပြီး အတင်းအဓမ္မဖိအားပေးနေကြောင်း အခေါ်ခံရသည့် မွတ်ဆလင်များထံမှ သိရသည်။ စစ်တွေမြို့အတွင်းက အင်ဘာလာ (ခေါ်) အောင်မင်္ဂလာရပ်ကွက်၊ မကျည်းမြိုင်ရပ်ကွက်၊ ကသည်းရပ်ကွက်၊ ဘုမေရပ်ကွက်နှင့် မြို့အနီး မွတ်ဆလင်ကျေးရွာများတွင် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အတင်းခေါ်ယူခံရသော ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် မွတ်ဆလင်အချို့ ပူးပေါင်းပြီး ယနေ့ ဧပြီလ နေ့လယ် ၂ နာရီကျော်အချိန်က လော်စပီကာများဖြင့်အော်ကာ ဖိအားပေးနေကြောင်း ဘုမေရပ်ကွက်ဒေသခံ မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။ Western News ၏ စစ်တွေဒေသခံ သတင်းရင်းမြစ်တစ်ဦး၏ ပြောဆိုချက်အရ မနက်ဖြန် ဆန္ဒပြမည့်
စစ်တွေတွင် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုကြောင့် မွတ်ဆလင် ကလေးငယ် ၈၀ နီးပါး သေဆုံး
ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း ဒုက္ခသည်ကန့်များနှင့် ကျေးရွာများတွင် ဆေးဝါးပြတ်လပ်မှုကြောင့် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွါးနေ၍ နှစ်ပတ်အတွင်း မွတ်ဆလင် ကလေးငယ် ၈၀ နီးပါး သေဆုံးသွားကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။ ပြီးခဲ့သည့် နှစ်ပတ်လောက် စတင်ပြီး ဝမ်းပျက် ဝမ်းလျှောမှု ဖြစ်ပွားခြင်း ဖြစ်ပြီး သေဆုံးမှုမှာ အသက် ၁၂ နှစ်အောက်ကလေးများ အများဆုံးဖြစ်ကာ သက်ကြီးပိုင်းတစ်ချို့လည်း ပါဝင်ကြောင်း သေဆုံးစာရင်းကောက်ယူထား သူများက ပြောသည်။ မွတ်ဆလင်ဒုက္ခသည် စခန်းများဖြစ်သည့် အုန်းတောကြီး၊ (တောင်)ကန့်တွင် သေဆုံးသူ ၂၇ဦး၊ ဆေးသမားကြီး ကန့်တွင် ၂၇ ဦး၊ အုန်းတောကြီးချေတွင် ၃ဦး၊ အုန်းတောကြီး (မြောက်) တွင်
မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့်ပူးပေါင်းရန် ဆွေးနွေးချက် ရိုနေဆန်းလွင် ငြင်း
နိုင်ငံတဝန်း အကြမ်းဖက်မှုပေါင်းမျိုးစုံကို ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီက မွတ်ဆလင်ခေါင်းဆောင် ရိုနေဆန်းလွင်နှင့် ဦးထွန်းခင်တို့သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့် ပူးပေါင်းရန် ဆွေးနွေးခဲ့သည်ဟု စွပ်စွဲပြောဆိုထားသည်။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဧပြီလ ၁၉ ရက်နေ့တွင် ၎င်းတို့၏ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့် ထုတ်ပြန် စွပ်စွဲခဲ့ခြင်းဖြစ်သည်။ ရိုနေဆန်းလွင်နှင့် ဦးထွန်းခင်တို့သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများသို့ သွားရောက်ပြီး အာရက္ခတပ်တော် AA ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံကာ မွတ်ဆလင်လူငယ် ၅ သောင်းကို AA