မာန်အောင် သစ်ပုံရွာသားများကို စစ်ကောင်စီက အတင်းပြောင်းရွှေ့ခိုင်းနေ
ရခိုင်ပြည် မာန်အောင်မြို့နယ် သစ်ပုံကျေးရွာမှ အိမ်ထောင်စု ၂၀၀ ကျော်ကို အာဏာသိမ်း စစ်ကောင်စီတပ်သားများမှ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေကြောင်း ရွာသးများထံမှ သိရသည်။ ယနေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းက သစ်ပုံကျေးရွာကို စစ်ကောင်စီတပ်သား အများအပြား ရောက်ရှိလာပြီး ငှက်ပျောတော ရပ်ကွက်နှင့် အနောက်ပါး ရပ်ကွက်က အိမ်ထောင်စုများ ပြောင်းရွှေ့ပေးရမည်ဟု ပြောဆိုသွားသည်။ မည်သည့်အတွက်ကြောင်း ပြောင်းရွှေ့ပေးရမည်ဟု စစ်ကောင်စီတပ်သားများမှ တိတိကျကျ ပြောဆိုခြင်းမရှိဘဲ လာမည့် ၂၅ ရက်နေ့ နောက်ဆုံးထား၍ ပြောင်းပေးရမည်ဟု မှားကြားခဲ့ကြောင်း ရွားသားတစ်ဦးက ပြောသည်။ ” သူတို့ သတ်မှတ်ထားတဲ့နေရာက မာန်အောင်အလယ်ပိုင်း ကျွန်းတစ်ခုပဲ။ မြေနီတောင်နဲ့ နီးတယ်။ ပန်းခြံရွာနဲ့ ဖက်ယားကျေးရွာဖက်တွေကို
ဘူးသီးတောင်မှာ ARSA နှင့် ARA အကြမ်းဖက်မှုမြင့်တက်
ဒေသခံ ၁၇၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းထားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ ရခိုင်ပြည် ဘူးသီးတောင်မြို့တွင် ဧပြီလ ၁၂ ရက်နေ့ကစ၍ မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA မှ အပြစ်မဲ့ အရပ်သားများဖမ်းဆီးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရင်းမြစ်များနှင့် အိန္ဒိယသတင်းဌာနများထံမှ သိရသည်။ ဘူးသီးတောင်မြို့တွင် အကြမ်းဖက်နေသော အဖွဲ့မှာ ARSA တစ်ခုတည်းမဟုတ်ဘဲ အကြမ်းဖက်မွတ်ဆလင်များဖြင့် ဖွဲ့ထားသော ARA (Arakan Rohingya Army) အဖွဲ့အစည်းလည်းပါဝင်ပြီး မြို့ပေါ်က အပြစ်မဲ့ အရပ်သားပြည်သူ ၁၇၂၀ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားကာ နေအိမ် ၂၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ ဧပြီလ ၁၅ ရက်နေ့က ဘူးသီးတောင်မြို့ရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့
AA က သိမ်းပိုက်ထားသော မြို့နယ်များကို နေ့ည မကျန် လေကြောင်းဖြင့် စစ်ကောင်စီ ဗုံးကြဲနေ
ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီက လေကြောင်းဖြင့် နေ့ညပါမကျန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများမှာ သေဆုံးမှုများ မြင့်တက်လာနေပြီး ပြည်သူများမှာ စိုးရိမ် ထိတ်လန့်မှုများ ဖြစ်နေကြရသည်။ ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ တောင်ပြိုစသော မြို့များကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့်မြို့များကို တစိတ်ဒေသ သိမ်းပိုက်ထားသည်။ ယင်းကဲ့သို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အရပ်သားပြည်သူများမှာ နေ့စဉ်ရက်ဆက် သေဆုံးမှုများ မြင့်တက်လာနေပြီး လက်ရှိတွင်လည်း ပြည်သူများမှာ ထိတ်လန့်နေရကာ ကျီးလန့်စာစား ဖြစ်နေရကြောင်း မင်းပြားမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ “ဒရုန်းတွေ၊ ဂျက်တိုက်လေယာဉ်တွေက
ရခိုင်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပြန်အလှန်ကုန်သွယ်
ရခိုင်ပြည်ကို စစ်ကောင်စီက ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထားသော်လည်း ပြီးခဲ့သည့်လကစ၍ ရခိုင်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပြန်အလှန် ကုန်သွယ်နေကြပြီဟု ဒေသခံကုန်သည်များထံမှ သိရသည်။ အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစ၍ ရခိုင်ပြည်ကို အခြားသော ပြည်မမြို့များနှင့် ရေလမ်း၊ ကုန်းလမ်း ဖြတ်တောက်ကာ ကုန်စည်စီးဆင်းခွင့်ကို ပိတ်ပင်ခဲ့သည်။ ထိုကဲ့သို့ ပိတ်ပင်မှုကြောင့် ရခိုင်ပြည်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ငရုပ်၊ ကြက်သွန်၊ မုန့်မျိုးစုံနှင့် ဆေးဝါးများ စသည်တို့မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ဖူလုံမှုမရှိဘဲ ရင်ဆိုင်ခဲ့ကြရသည်။ သို့သော်လည်း ပလက်ဝ၊ ကျောက်တော်၊ ရသေ့တောင်မြို့နှင့် မောင်တောခရိုင်က စစ်ကောင်စီတပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော် AA
AA က သိမ်းပိုက်ထားသော မြို့နယ်များကို နေ့ည မကျန် လေကြောင်းဖြင့် စစ်ကောင်စီ ဗုံးကြဲနေ
ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီက လေကြောင်းဖြင့် နေ့ညပါမကျန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများမှာ သေဆုံးမှုများ မြင့်တက်လာနေပြီး ပြည်သူများမှာ စိုးရိမ် ထိတ်လန့်မှုများ ဖြစ်နေကြရသည်။ ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ တောင်ပြိုစသော မြို့များကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့်မြို့များကို တစိတ်ဒေသ သိမ်းပိုက်ထားသည်။ ယင်းကဲ့သို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အရပ်သားပြည်သူများမှာ နေ့စဉ်ရက်ဆက် သေဆုံးမှုများ မြင့်တက်လာနေပြီး လက်ရှိတွင်လည်း ပြည်သူများမှာ ထိတ်လန့်နေရကာ ကျီးလန့်စာစား ဖြစ်နေရကြောင်း မင်းပြားမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။ ၂၀၂၃ နိုဝင်ဘာလ
စစ်တွေနှင့် ကျောက်ဖြူတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေ
ရခိုင်ပြည် ကျောက်ဖြူနှင့် စစ်တွေမြို့တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များ စတင်ဆောက်လုပ်နေပြီဟု ဒေသခံများကပြောသည်။ ကျောက်ဖြူတွင် သင်္ကြန်မဏ္ဍပ်ကို ပင်လယ်ကမ်းနားလမ်းဘက်တွင် ဆောက်လုပ်နေကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ ” မဏ္ဍပ်ဆောက်နေတာ ၃ ရက်လောက်ရှိပြီ။ ကမ်းနားလမ်းဘက်မှာ ဆောက်နေတာပါ။ လူလည်းမရှိဘဲ ဘယ်သူနဲ့များ သင်္ကြန်ကျမလဲမသိပါဘူး။ ကျောက်ဖြူကလူတွေက စစ်ဖြစ်မှာတွေကြောက်တာကြောင့် မြို့ကနေထွက်သွားကြတာ မြို့မှာလူတွေတောင် သိပ်မကျန်တော့ဘူး” ဟု ပြောသည်။ စစ်တွေမြို့တွင်လည်း မဏ္ဍပ်ကို ပြည်နယ်အစိုးရရုံးရှေ့တွင် ဆောက်လုပ်နေပြီး ပြီးစီးမှုမရှိသေးဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။ ” မဏ္ဍပ်ဆောက်နေကြတယ်။ ပြီးတော့မပြီးသေးဘူး။ ဒီနေ့လည်း ဆက်ဆောက်နေကြတာတွေ့တယ်။ ဘယ်ဖျော်ဖြေမှုတွေပါလဲတော့ သေချာလည်းမသိပါဘူး။ မဏ္ဍပ်ဆောက်နေကြတာပဲတွေ့တာ” ဟု ပြောသည်။ စစ်ကောင်စီက ရခိုင်တွင် ရိုးရာသင်္ကြန်ကျင်းပနိုင်ရန် ပြီးခဲ့သည့်
မြေပုံ စညှင်း စစ်ကောင်စီ ပွိုင့် ၂၅၇ စခန်းအား AA ကထိုးစစ်ဆင် တိုက်ခိုက်နေ
မြေပုံ စညှင်း စစ်ကောင်စီ ပွိုင့် ၂၅၇ စခန်းအား AA ကထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေ၊ ဒေသခံ သောင်းနှင့် ချီထွက်ပြေး (မေးမြန်းချက်)
ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲတွင် AA စစ်သမီးများ ပါဝင်တိုက်ခိုက်
ရခိုင်ပြည် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲတွင် ရက္ခိုင့်တပ်တော် AA ၏ စစ်မယ်များကပါ ပါဝင်တိုက်ခိုက်လာကြောင်း AA က ဓါတ်ပုံနှင့်တကွ ထုတ်ပြန်လာသည်။ ယမန်နေ့ ဧပြီလ ၅ ရက် နံနက် ၈ နာရီက အပြီးသတ်သိမ်းပိုက်ခဲ့သော ဘူးသီးတောင်မြို့က စစ်ကောင်စီ၏ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်အား တိုက်ခိုက်ရာတွင် စစ်မယ်များပါ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း AA က ပုံနှင့်တကွ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ခမရ ၅၆၄ သည် ဘူးသီးတောင်မြို့၏ အရေးပါသော တပ်ရင်းဌာနချုပ်တစ်ခုဖြစ်ပြီး စကခ (၁၅) လက်အောက်ခံဖြစ်သည်။ စစ်ကောင်စီ၏ အရေးပါသော စကခ (၁၅) လက်အောက်ခံ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်အား ဧပြီလ ၁
ရခိုင်အရေး ညှိနှိုင်းပေးမည့် တရုတ် အာဏာရှင်ဟောင်း သန်းရွှေနှင့် အရင်တွေ့
တိုက်ပွဲများပြင်းထန်နေသော ရခိုင်ပြည်အရေး တည်ငြိမ်အေးချမ်းမှုရှိစေရန် အာဏာသိမ်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ကြား စေ့စပ်ညှိနှိုင်းပေးမည်ဟု တရုတ်အစိုးရက ကုလအစည်းအဝေးတွင် ဧပြီလ ၄ ရက်နေ့က ပြောကြားခဲ့သည်။ ထိုသို့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးနိုင်ရန် တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ဦးဆောင်သောအဖွဲ့သည် AA နှင့် မညှိနှိုင်းခင် ယမန်နေ့ ဧပြီလ ၅ ရက်နေ့တွင် အာဏာရှင်ဟောင်း ဦးသန်းရွှေအပါအဝင် စစ်ခေါင်းဆောင်များဖြင့် တွေ့ဆုံခဲ့သည်။ မြန်မာ့နှစ်သစ်ကူးအကြို ခေါင်းစဉ်ဖြင့် သံအမတ်ကြီး Mr. Chen Hai အဖွဲ့သည် အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ယခင်သမ္မတဟောင်း ဦးသိန်းစိန်နှင့် အာဏာရှင်ဟောင်း
၅ ရက်အတွင်း ဘူးသီးတောင်က ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို AA သိမ်းပိုက်
ဧပြီလ ၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့သည့် ရခိုင်ပြည် ဘူးသီးတောင်မြို့က စစ်ကောင်စီ၏ ခမရ ၅၆၄ တပ်ရင်းဌာနချုပ်ကို ရက္ခိုင့်တပ်တော် AA မှ ဧပြီလ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။ စစ်ကောင်စီ၏ ၅၆၄ တပ်ရင်းဌာနချုပ်ကို ယမန်နေ့ ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် တပ်ရင်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ နံနက် အစောပိုင်းက ရက္ခိုင့်တပ်တော် AA မှ ထုတ်ပြန်ကြေညာထားသည်။ ခမရ ၅၆၄ သည် ဘူးသီးတောင်မြို့၏ အရေးပါသော တပ်ရင်းဌာနချုပ်တစ်ခုဖြစ်ပြီး စကခ (၁၅) လက်အောက်ခံဖြစ်သည်။ စစ်ကောင်စီသည် ဘူးသီးတောင်မြို့၏ အရေးပါသော ခမရ