အာရက္ခပြည်က လူမျိုးရေးအသွင်ဆောင် ပဋိပက္ခကို ဆန်းစစ်ခြင်း
သုံးသပ်ချက်
1 min read
992

အာရက္ခပြည်က လူမျိုးရေးအသွင်ဆောင် ပဋိပက္ခကို ဆန်းစစ်ခြင်း

ဧပြီ ၂၇ - ၂၀၂၄
0

ဇော်ထွန်း (မြောက်ဦး)_ရေးသည် ■ သမိုင်းကို အနည်းငယ်ပြန်လှန်ခြင်း ၁၅ ရာစု ရခိုင့်ဘုရင့်နိုင်ငံတော်ကို ရွှေခေတ်ဟု တင်စားသုံးနှုန်းကြလေ့ရှိကြသည်။ တင်စား၍ ရလောက်အောင်လည်း ဂုဏ်သတင်းကျော်စောခြင်း၊ ချမ်းသာကြွယ်ဝခြင်းနှင့် ဩဇာတိက္ကမကြီးမား ခြင်းတို့ရှိခဲ့သည်။ ထိုခေတ်က ဘုရင့်နေပြည်တော် မြောက်ဦးမြို့တွင် ဘာသာစုံ၊ လူမျိုးစုံတို့ ကူးလူးဆက်ဆံ နေထိုင်ခဲ့ကြသည်သာမက လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကိုပင် အာဏာပိုင်တို့က ခွင့်ပြုခဲ့ကြသည်။ ဘုရင်ကိုယ်တိုင် ခွင့်ပြုတည်ဆောက်ပေးခဲ့သော မြောက်ဦးမြို့အရှေ့ဖက် ပရိန်တောင်တန်းအနီးရှိ သံသီကန်ဗလီနှင့် မြောက်ဦးမြို့အနောက်တောင်ဖက် ဒိုင်းဂျီကမ်းရှိ ခရာစ်ယာန်ဘုရားရှိခိုးကျောင်းတို့က သက်သေတည်လျက်ရှိသည်။ တနည်းဆိုရလျှင် မြောက်ဦး မင်းနေပြည်တော်ကြီးသည် ဗဟုယဉ်ကျေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ငြိမ်းငြိမ်းချမ်းချမ်း တည်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်။ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးခြင်းသည် ကြီးပွားတိုးတက်ခြင်း၏ အကြောင်းရင်းခံတစ်ရပ်ဖြစ်ပြီး ကြီးပွားတိုးတက်ခြင်းကလည်း

Continue Reading
မြောက်ဦးခရီးသွားလုပ်ငန်း အသက် ဆက်လက်ရှင်သက်ဖို့ ရခိုင်ပြည် တည်ငြိမ်အေးချမ်းဖို့လို
သုံးသပ်ချက်
1 min read
159

မြောက်ဦးခရီးသွားလုပ်ငန်း အသက် ဆက်လက်ရှင်သက်ဖို့ ရခိုင်ပြည် တည်ငြိမ်အေးချမ်းဖို့လို

အောက်တိုဘာ ၂၅ - ၂၀၂၃
0

Western News| အောက်တိုဘာ ၃ ယခု ၂၀၂၃-၂၀၂၄ ခရီးသွားရာသီအတွင်း ရှေးဟောင်းမြောက်ဦးမြို့သို့ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ ဝင်ရောက်လာရေးကို ဟိုတယ်များ၊ ဧည့်လမ်းညွှန်များနှင့် ဒေသခံပြည်သူများက မျှော်မှန်းနေကြသည်။ လက်ရှိတွင် မြောက်ဦးရှေးဟောင်းယာဉ်ကျေးမှုဒေသသည် လက်နက်ကိုင်ပဋိပက္ခများမရှိဘဲ တည်ငြိမ်အေးချမ်းနေသည့်အတွက် လုံခြုံစွာလည်ပတ်သွားလာနိုင်ပြီး ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်များကို ဒေသခံပြည်သူများက ဖိတ်ခေါ်နေကြသည်။ မြောက်ဦးဒေသခံ ဧည့်လမ်းညွှန်တစ်ဦးက “အခု ခရီးသွားရောက်သီ အစပျိုးပြီဆိုတော့ မြောက်ဦးကို လာရောက်လည်ပတ်ကြဖို့ တိုက်တွန်းပါတယ်။ အရင်က ပဋိပက္ခတွေကြောင့် ခရီးသွားတွေ မရောက်တာ တော်တော်ကြာပါပြီ။ အခုတော့ လက်နက်ကိုင်ပဋိပက္ခလည်းမရှိ၊ လူမျိုးရေးပဋိပက္ခတွေလည်းမရှိတော့ ပြည်တွင်းပြည်ပက ခရီးသွားတွေ လာရောက်ဖို့ မျှော်မှန်းပါတယ်။ ဒေသလည်း တည်ငြိမ်နေတဲ့အတွက် လုံခြုံစွာသွားလာနိုင်တာကြောင့် ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်တွေကို ဖိတ်ခေါ်ပါတယ်”

Continue Reading
NUG ၏ အခန်းကဏ္ဍကို ငဲ့စောင်းကြည့်ခြင်း
သုံးသပ်ချက်
1 min read
147

NUG ၏ အခန်းကဏ္ဍကို ငဲ့စောင်းကြည့်ခြင်း

အောက်တိုဘာ ၂၅ - ၂၀၂၃
0

Western News-စက်တင်ဘာ ၂၅ ရက် မြန်မာနိုင်ငံရေး နောက်ပြန်လှန်ကျချိန်ကို ကျွန်တော်တို့ ဖြတ်ကျော်နေကြရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့သည် ရရှိနေပြီးသော ဒီမိုကရေစီတစ်ပိုင်းတစ်စပင် ပြန်လည်း ရုပ်သိမ်းခံလိုက်ရသည်။ ဒီအခြေအနေတွင် လူငယ်များက စစ်အာဏာရှင်စနစ်ဆိုးကို လုံး၀ လက်မခံဘဲ လမ်းပေါ်ထွက်၍ တစ်ဖုံ၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တစ်မျိုး တွန်းလှန်လာကြသည်။ နဂိုကတည်းက လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် လက်နက်မကိုင်ဘဲ တနည်းနည်းဖြင့် တွန်းလှန်နေကြသည့် အုပ်စုများ ရှိနေကြသေးသည်။ ယခင် ၂၀၁၀ – ၂၀၂၀ ထိ ၁၀နှစ်တာ တည်ဆောက်ခဲ့သော ငြိမ်းချမ်းရေးကိစ္စလည်း ပျက်ပြယ်သွားလေသည်။ Nationwide Ceasefire Agreement (NCA)

Continue Reading