Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာဏာသိမ်း စစ်ကောင်စီနှင့် ပူပေါင်းဆောင်ရွက်နေသော ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP က ပါတီနှစ်ပတ်လည်နေ့ကို စစ်တွေမြို့မှာ ကျင်းပြခဲ့ကြသည်။

၃ နှစ်မြောက် နှစ်ပတ်လည်နေ့ကို အစိုးရ NCA-S EAO၊ ပြည်နယ် တာဝန်ရှိသူများ နိုင်ငံရေးပါတီများ အားဖိတ်ကြား၍ လူ ၅၀၀ခန့်ဖြင့် အခမ်းအနားကျင်းပရန် စီစဉ်ခဲ့သော်လည်း စစ်ရေးအခြေအနေကြောင့် ဖျက်သိမ်းခဲ့ရကြောင်း ဆိုသည်။

အခမ်းအနားကို နေရာ ၂ခု ခွဲပြီး မတ်လ ၂၀ရက်နှင့် ၂၁ ရက်တို့တွင် ၂ရက်တာ ကျင်းပပေးခဲ့ပြီး အခမ်းအနားတွင် တပ်မှူး၊ တပ်ဗိုလ်များအစည်းအဝေးကို မတ်လ ၂၂ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း ဆိုသည်။

ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP သည် စစ်ကောင်စီနှင့် စစ်ရေးနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နေသော ရခိုင်ပြည်အတွင်းက လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP မှာ အဖွဲ့ကွဲ နှစ်ဖွဲ့ ရှိပြီး ယင်းအထဲက ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP အဖွဲ့ကွဲတစ်ခုမှာ အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်လက် ပူးဆောင်ရွက်နေခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် စစ်တွေမြို့ စက်ရုံစုရပ်ကွက်၌ ဌာနချုပ်အား ရုံးစိုက်ထားပြီး စစ်ကောင်စီ စစ်သားစုဆောင်ရေး တပ်သားများကို အဆိုပါ ရုံး၌ ALP က လက်ခံ ဆောင်ရွက်နေသည်။

စစ်တွေမြို့နယ်က မွတ်ဆလင်များကို အတင်းဓမ္မ စစ်ကောင်စီက စစ်သားစုဆောင်ရေး လုပ်ငန်းစဉ်များနှင့် စစ်တွေမြို့အရပ်သားများအား ဖမ်းဆီးခံရမှုတွင်လည်း ALP က ပူးပေါင်း ဆောင်ရွက်မှုများ ရှိကြောင်း မြို့ခံများက ပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်နေ့က စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား ၇၉ ဦး သတ်ဖြတ်ပြီး အလောင်းဖျောက်ထားမှုတွင်လည်း ALP က ပါဝင် ပတ်သက်နေကြောင်း AA က စွပ်စွဲ ပြောဆိုထားသည်။

ထို့အပြင် နောက်ထပ် ရွာသား ၆၀ ခန့်ကို ဖမ်းဆီးနှိပ်စက်နေခြင်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP က ကျူးလွန်ခဲ့သည်ဟု AA က ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ