ရခိုင်ပြည်၊ စစ်တွေမြို့မှာ ပါတီနှစ်ပတ်လည်နေ့ အခမ်းအနား လုပ်ဆောင်ခဲ့ကြောင်း အာဏာသိမ်း စစ်ကောင်စီနှင့် ပူပေါင်းဆောင်ရွက်နေသော ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP က ထုတ် ပြန်လာသည်။
ရခိုင်ပြည် လွတ်မြောက်ရေးနှင့် ALPR ကိုပြန်လည်ဖွဲ့စည်းကြောင်းကြေငြာသည့် ၃ နှစ်မြောက် အခမ်အနား ဒုတိမြင်ကွင်း ဆိုပြီး ယနေ့တွင် ပါတီခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ဓါတ်ပုံ နှင့်တကွ ထုတ်ပြန် လာခဲ့သည်။
၃ နှစ်မြောက် နှစ်ပတ်လည်နေ့ကို အစိုးရ NCA-S EAO၊ ပြည်နယ် တာဝန်ရှိသူများ နိုင်ငံရေးပါတီများ အားဖိတ်ကြား၍ လူ ၅၀၀ခန့်ဖြင့် အခမ်းအနားကျင်းပရန် စီစဉ်ခဲ့သော်လည်း စစ်ရေးအခြေ အနေကြောင့် ဖျက်သိမ်းခဲ့ရကြောင်း ဆိုသည်။
အခမ်းအနားကို နေရာ ၂ခု ခွဲပြီး မတ်လ ၂၀ရက်နှင့် ၂၁ ရက်တို့တွင် ၂ရက်တာ ကျင်းပပေးခဲ့ပြီး အခမ်းအနားတွင် တပ်မှူး၊ တပ်ဗိုလ်များအစည်းအဝေးကို မတ်လ ၂၂ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း ဆိုသည်။



ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP သည် စစ်ကောင်စီနှင့် စစ်ရေးနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နေသော ရခိုင်ပြည်အတွင်းက လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP မှာ အဖွဲ့ကွဲ နှစ်ဖွဲ့ ရှိပြီး ယင်းအထဲက ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP အဖွဲ့ကွဲတစ်ခုမှာ အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်လက် ပူးဆောင်ရွက်နေခြင်း ဖြစ်သည်။



စစ်ကောင်စီ၏ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် စစ်တွေမြို့ စက်ရုံစုရပ်ကွက်၌ ဌာနချုပ်အား ရုံးစိုက်ထားပြီး စစ်ကောင်စီ စစ်သားစုဆောင်ရေး တပ်သားများကို အဆိုပါ ရုံး၌ ALP က လက်ခံ ဆောင်ရွက်နေသည်။


စစ်တွေမြို့နယ်က မွတ်ဆလင်များကို အတင်းဓမ္မ စစ်ကောင်စီက စစ်သားစုဆောင်ရေး လုပ်ငန်းစဉ်များနှင့် စစ်တွေမြို့အရပ်သားများအား ဖမ်းဆီးခံရမှုတွင်လည်း ALP က ပူးပေါင်း ဆောင်ရွက်မှုများ ရှိကြောင်း မြို့ခံများက ပြောဆိုသည်။