Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ယမန်နေ့ ငလျင်လှုပ်ခတ်ပြီး ပြည်သူများ အတိဒုက္ခရောက်နေကြချိန် အာဏာသိမ်း စစ်ကောင်စီက တိုင်းနှင့်ပြည်နယ်မှ နေရာ ၅ ခုကို လေကြောင်းဗုံးကြဲတိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်ပြီး မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နောင်ချိုမြို့နယ် ကံကြီးကျေးရွာနှင့် နောင်လင်ကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။

နောင်လင်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဗုံးခိုကျင်းတွင် ဝင်ပုန်းနေသော DPLA ဓနုတပ်ဖွဲ့မှ စစ်မေ ၆ ဦးနှင့် တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကံကြီးကျေးရွာကိုလည်း စစ်ကောင်စီက နေ့လယ် ၁ နာရီနှင့် ၂ နာရီကြားတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး လတ်တလောတွင် အရေအတွက် မသိရသေးပေ။

ဆက်လက်ပြီး စစ်ကောင်စီသည် ကရင်ပြည်နယ် KNU တပ်မဟာ ၇ နယ်မြေရှိ လေးဝါးကျေးရွာသို့ ယမန်နေ့ ငလျင်လှုပ်ခတ်ပြီး ညနေ ၄ နာရီဝန်းကျင်တွင် အသေခံဒရုန်း ကာမီကာဇေများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းအပြင် ညနေ ၈ နာရီအချိန်တွင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နွယ်ခွေးကျေးရွာကိုလည်း စစ်ကောင်စီက လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ဖြူးမြို့နယ် ကျေးရွာများကိုလည်း ယမန်နေ့ နေ့လယ် ၁၂ နာရီကျော်အချိန်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယခု ဗုံးကြဲတိုက်ခိုက်မှုအားလုံးသည် ငလျင်လှုပ်ခတ်ချိန်နှင့် လှုပ်ခတ်ပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီက အရပ်သားပြည်သူများရှိရာ နေရာများသို့ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ