Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးအစည်းအဝေး စစ်‌ခေါင်း‌ဆောင် မင်းအောင်လှိုင် အား ဧပြီ ၄ ရက်ညပိုင်းက ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံသို့ ပြန်သွားသည်။

ထိပ်သီးအစည်းအဝေး မပြီးဆုံးခင်မှ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှ တစ်ဆင့် ညချင်းကြီး ၁၀ နာရီတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ပြန်လည် ထွက်ခွာ သွားခဲ့ခြင်း ဖြစ်သည်။

ဘင်းမ်စတက် အစည်းအဝေး ညီလာခံကို ဧပြီ ၃ ရက်နှင့် ၄ ရက် နှစ်ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ၊ ထိုင်းနှင့် မြန်မာအပါအဝင် နိုင်ငံ ခုနှစ်နိုင်ငံက ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

မူလပြန်ရန် သတ်မှတ်ထားသည့်ရက်မှာ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင်မှ ဘန်ကောက်မြို့မှ နေပြည်တော်သို့ ပြန်လည် ထွက်ခွာရန် သတ်မှတ်ထားခြင်းဖြစ်သော်လည်း ဧပြီလ ၄ ရက်နေ့ ညတွင်းချင်း နေပြည်တော်သို့ ပြန်လည် ထွက်ခွာခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘင်းမ်စတက် အစည်းအဝေးကျင်းပရာ ဘန်ကောက်ရှန်ဂရီလာဟိုတယ် မှာလည်း ထိုင်း တက္ကသိုလ် ပထမနှစ်ကျောင်းသား တစ်ဦးက တစ်ကိုယ်တော် ဆန္ဒပြခဲ့သေးသည်။

ထိုင်းနိုင်ငံတွင် အစည်းအဝေးတက်ဖို့ ရောက်ရှိနေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ရေး အာဂျင်တီးနားတရားရုံးက တဆင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)ကို BROUK က စာပို့တောင်းဆိုထားသည်။

ဘင်းမ်စတက် အဖွဲ့ဝင်များမှာ ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာ၊ ဘူတန်၊ နီပေါနှင့် မြန်မာတို့ပါဝင်ပြီး သက်ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်များက တက်ရောက်ဆွေးနွေးကြသည့် ကဏ္ဍပေါင်းစုံဆွေးနွေးရေး အစည်းအဝေးတစ်ခုဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ