Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြန်မာပြည်သူများ ငလျင်ဘေးကျရောက်နေသည့်အချိန် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်မှုများကြောင့် အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောသည်။

မတ်လ ၂၈ ရက်နေ့က မြန်မာပြည်အလယ်ပိုင်းဒေသတွင် အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ပြီးနောက် တစ်ပတ်အတွင်း တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ရာ ဒေသများနှင့် ပြည်သူများနေထိုင်ရာ ကျေးရွာ၊ မြို့များကို စစ်ကောင်စီက တိုက်ခိုက်မှု ၉၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း NUG က ယနေ့ ဧပြီလ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုတိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၆ ဦး၊ အမျိုးသမီး အယောက် ၃၀ အပါအဝင် အရပ်သားပြည်သူ ၇၂ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၉၁ ဦးရှိကြောင်း NUG က ပြောသည်။

လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှု အပါအဝင် စစ်ကောင်စီ တိုက်ခိုက်ခဲ့သည့် ၉၂ ကြိမ်ထဲတွင် ငလျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရသည့် စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှု ၁၈ ကြိမ်နှင့် မန္တလေးတိုင်းအတွင်း ၁၈ ကြိမ် ပါဝင်ခဲ့ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ