Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့၍ ကလေးငယ်များအပါအဝင် လူပေါင်း ၃၀ နီးပါး သေဆုံးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာကို ယမန်နေ့ ဧပြီလ ၉ ရက် နေ့လယ် ၃ နာရီအချိန်ခန့်တွင် တစ်ကြိမ်နှင့် ညနေ ၆ နာရီအချိန့်က တစ်ကြိိမ် စုစုပေါင်း ၂ ကြိမ် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နေ့လယ် တကြိမ် ညနေ တစ်ကြိမ် အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ကလေးတွေလည်း တော်တော်များများသေတယ်။ လူကြီးတွေလည်း သေသွားတယ်။ အားလုံး ၃၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒေသခံတွေ ပြောတာက သေဆုံးသူတွေကို ရှာဖွေနေပြီးတော့ စာရင်းအတိအကျ မရသေးဘူးလို့ ပြောတယ်” ဟု ပြောသည်။

စစ်ကောင်စီက နမ်းခမ်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုမှာ ဆေးရုံအရှေ့နှင့် လူနေအိမ်တော်များများကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

နမ်းခမ်းကျေးရွာမှာ အင်တာနက် ဝိုင်ဖိုင် ဆိုင်ဖွင့်လှစ်ထားပြီး အဆိုပါ ဝိုင်ဖိုင်ဆိုင်ကိုလည်း ဗုံးကျရောက်ကွဲခဲ့၍ လူသေဆုံးခဲ့ကြောင်း သိရသည်။

KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက စစ်ကိုင်းတိုင်း အင်းတော်မြို့ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သိမ်းပိုက်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီက အင်းတော်မြို့အနီးတစ်ဝိုက်နှင့် လူနေကျေးရွာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလာခြင်းဖြစ်သည်။

1 Comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ