သင်္ကြန်ကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများ လုပ်လာနိုင်ရန်၍ အထူး သတိထားရန် လိုအပ်နေကြောင်း လေကြောင်း အန္တရာယ် စောင့်ကြည့်သူများက ပြောသည်။
အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များတွင် အချိန် မရွေး၊ နေရာမရွေး လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အကြောင်မဲ့ ပစ်ခတ်လာနိုင်ကြောင်း စောင့်ကြည့် ဒေသခံများက ပြောသည်။
စစ်ကောင်စီ လက်ရှိ ထိန်းချုပ်ထားသော စစ်တွေ၊ ကျောက်ဖြူ မာန်အောင်မြို့နယ်များက စစ်ကောင်စီ၏ တပ်စခန်းများနှင့် လေကြောင်းတို့က ပစ်ခတ်လာနိုင်ကြောင်း လေကြောင်း အန္တရာယ် စောင့်ကြည့်နေသူတစ်ဦးက ကပြောသည်။
“ပုံမှန် ရက်တွေတောင် လေကြောင်း တိုက်ခိုက်မှု ဗုံးကြဲမှုတွေက လုပ်နေတာ။ ဒီလို အခါကြီး ရက်ကြီး လူစုလူဝေး လုပ်တဲ့ နေ့ရက်ဆိုရင် ပိုပြီးတော့ လုပ်လာနိုင်တယ်။ ကန့်ဘလူမြို့နယ်က ပဇီကြီးကျေးရွာ ဖြစ်စဉ်ကို ကြည့်ဖို့လိုတယ်။ အကြောင်းမဲ့ လေကြောင်းက အချိန် မရွေး ပစ်ခတ်လာနိုင်တယ်။ အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာနိုင်တယ်။ အချိန်တိုင်း သတိ ဝီရိယ ရှိနေဖို့၊ နိုးကြွနေဖို့လိုတယ်။ ဗုံးခိုကျင်းတွေ တူးထားဖို့ လိုတယ်။ လေယာဉ်လာတဲ့ အချိန်မီ ဝင်ပုန်းဖို့လိုတယ် “ဟုပြောသည်။
AA ထိန်းချုပ်ထားသော မြို့နယ်အချို့တွင် လေကြောင်း အန္တရာယ် စောင့်ကြည့်ရန် အတွက် အဖွဲ့တစ်ချို့ ဖွဲ့စည်းထားသော်လည်း မြို့နယ်အချို့တွင် သတိပေးစနစ်ချက်များ ရှိမနေ၍ သတိထားရန် လိုအပ်ကြောင်း ဆိုသည်။
စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ရက် ၂၀ ကြာ ယာယီ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် ထိုးစစ်များ ဆင်နွှဲခြင်းနှင့် လေကြောင်းတိုက်ခိုက်မှု နေ့စဉ် ရက်ဆက် လုပ်ဆောင်နေသည်။
ပြီးခဲ့သည့် ရက်ပိုင်းများကလည်း စစ်ကောင်စီ လေကြောင်းကနေ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်များကို ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက် သေဆုံးမှုများ ရှိခဲ့သည်။



ရခိုင်က ဝါရင့် နိုင်ငံရေးသမားတစ်ဦးက “ဒီကာလတွေမှာ ပိုပြီးတော့ သတိထားဖို့ လိုပါတယ်။ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက ရှက်ရမ်းရမ်းပြီးတော့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုတွေ လုပ်မယ်။ အထူးသဖြင့် သူတို့ ပစ်မှတ်ထားတဲ့ ဘာသာရေး အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ လုပ်လာနိုင်ပါတယ်။ ပျော်ပွဲ ရွှင်ပွဲတွေ မလုပ်ဖို့ အထူး ဂရုစိုက်ဖို့ မှာချင်ပါတယ်”ဟုပြောသည်။
လူစုလူဝေးနှင့် သင်္ကြန်မပြုလုပ်ကြရန် အချက်ပါဝင်သည့် သင်္ကြန်ကာလ လိုက်နာရမည့် စည်းကမ်းချက်များကို အာရက္ခတပ်တော် AA က သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူများအား အသိပေး ထုတ်ပြန်သည်။
လူစုလူဝေးဖြင့် သင်္ကြန်မဏ္ဍပ်ပြုလုပ် ရေကစားခြင်း မလုပ်ရ၊ လူအများအပြား စီးနင်းပြီး ကားများဖြင့် လှည့်ပတ်ခြင်း မလုပ်ရ၊ တစ်ရွာနှင့်တစ်ရွာ ကားများဖြင့် ကခုန်ခြင်းများ မလုပ်ရ တို့ပါဝင်သည်။
ထို့အပြင် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလ ဆောက်တည်ခြင်းများ မလုပ်ရ၊ အလှူအတန်းပွဲတော်များ ကျင်းပပြုလုပ်ခြင်း မလုပ်ရ၊ လူစုလူဝေးဖြစ်သော သီချင်းဆိုပွဲများ မပြုလုပ်ရ၊ မြို့ရွာများထဲတွင် ဆောင်ဘောက်စ်များ ဖွင့်လှစ်၍ ဆူဆူညံညံ မပြုလုပ်ရ စသည်တို့ ပါဝင်သည်။
2 Comments
6o4sj0
Great beat ! I wish to apprentice even as you amend your website, how
could i subscribe for a blog web site? The account helped me
a applicable deal. I had been a little bit acquainted of this your broadcast pprovided shiny clear concept http://boyarka-inform.com/
Comments are closed.