Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓာတ်ပုံ - ABSDF

Western News|ဧပြီ ၁၂

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံသာရွာမှာရှိသည့် စစ်ကောင်စီအခြေစိုက်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဧပြီ ၁၁ရက်နေ့တွင် သိမ်းပိုက်နိုင်ကြောင်း ကျောင်းသားတပ်မတော် ABSDF က ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီ တပ်စခန်းကို ကျောင်းသားတပ်မတော် အမှတ် (၃) စစ်ကြောင်း၊ တပ်ရင်း (၁၂)၊ KKG-CDF၊ ဟံသာ၀တီ (ပကဖ)၊ CDF.-SIYIN၊ ကလေးခရိုင်ခရိုင်စစ်ဒေသ ထန်တလန် DRအဖွဲ့များဖြင့်ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကလေး – ဂန့်ဂေါ ကားလမ်းတွင်ရှိသည့် ကြံသာကျေးရွာသည် ပျူစောထီးအားကောင်းစိုးမိုးသည့် ကျေးရွာ ဖြစ်ပြီး တိုက်ပွဲအတွင်း ကြံသာကျေးရွာအပြင် ဟံသာဝတီ၊ မြောက်ခင်ရန်းကျေးရွာတို့မှ ပျူစောထီးအများ အပြား ပါဝင်တိုက်ခိုက်ကြကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ