Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၅ ခုနှစ် ယနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား အမျိုးသမီး ၃ ဦးဒဏ်ရာရရှိသွားခဲ့သည်။ (ဓါတ်ပုံ - CJ)

အာဏာသိမ်း စစ်ကောင်စီက ကျောက်တော်မြို့ပေါ် ရပ်ကွက်များကို ယနေ့ ဧပြီလ ၁၃ ရက် နံနက်ပိုင်းတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ကျောက်တော်မြို့ထဲက ရွှေကျောင်းဘုန်းတော်ကြီးကျောင်းအနီး ရပ်ကွက်နှစ်ခုကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားခြင်းဖြစ်သည်။

အသက် ၁၀ နှစ်အရွယ် မချစ်နှင်းဝေ၊ အသက် ၂၇ နှစ်အရွယ် မကျီကျီဝင်းနှင့် အသက် ၃၄ နှစ်အရွယ် မဦးသန်းမေတို့မှာ ဒဏ်ရာ ရရှိသွားခဲ့သည်။

စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး လူနေအိမ် ၅ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် အပစ်ရပ်ထားကြောင် ကြေညာထားသော်လည်း ကတိကို ချိုးဖောက်ပြီး သင်္ကြန်အကြိုနေ့ ယနေ့တွင် ကျောက်တော်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျောက်တော်မြို့သည် အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်တစ်ခုဖြစ်ပြီး အရပ်သားများ နေထိုင်ရာ မြို့လည်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ