Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲမှုကြောင့် အရပ်သား ၆ ဦး သေဆုံးသွားကြောင်း မွန်လွတ်မြောက်ရေးတပ်မတော်မှ ပြောသည်။

ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်မှ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန်အထိ ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက Yak-130 တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။

ဗုံးကြဲမှုကြောင့် အသက် ၃ နှစ်အရွယ်ကလေးငယ် ၂ ဦးဖြစ်သည့် မိကျဲကျဲမွန်နှင့် မင်းကွန်ဗလဲ၊ အသက် ၉ နှစ်အရွယ် မင်းလင်းပြည့်အောင်၊ အသက် ၁၅ နှစ်အရွယ် မိပိုးဖူးဇင်၊ အသက် ၃၄ နှစ်အရွယ် ကိုမျိုး၊ အသက် ၇၆ နှစ်အရွယ် ဒေါ်သိန်းရှင် သေဆုံးခဲ့သည်။

ထို့ပြင် ပြည်သူ ၇ ဦး၊ ကိုရင် ၈ ပါး ၊ သံဃာ ၂ ပါး အပါအဝင် ၂၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ကမ်းနီးကျေးရွာမှ ဒေသသခံတစ်ဦးက “ဒဏ်ရာရတဲ့သူတွေထဲမှာလည်း အခြေအနေ မကောင်းသူတွေပါပါတယ်။ ကလေး ၄ ဦးကတော့ ပွဲချင်းပြီးပဲ။ လေယာဉ်က ဗုံး ၃၀ လောက် ကြဲချသွားတာ။ လေယာဉ်ကို ပျံဝဲ ကင်းထောက်ပြီးတော့မှ ဘုန်းကြီးကျောင်း တည့်တည့်ကို ဗုံးကြဲချတာ။ ဒုံးကျည်နဲ့ပစ်တာ လေယာဉ်ပေါ်ကနေ ” ဟု ပြောသည်။

စစ်ကောင်စီ၏ ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းများကလည်း ရေပူကြီး၊ ကော့ဝါလဲ၊ ဝင်းပြ၊ နောင်တမံ၊ သမိန်ဒွတ်၊ တောင်ကမ္မရိုက်၊ မိဂလုံ၊ ကမ်းနီစံပြ ကျေးရွာများကို လက် နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း မွန်လွတ်လပ်ရေးတပ်မတော်က ထုတ်ပြန်ပြောဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ