ကဗျာဆရာ၊ လူ့အခွင့်အရေးလှုပ်ရှားသူ မောင်ဆောင်းခ ဦးဆောင်သော ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော် BPLA တပ်တည်ထောင်ခြင်း ၄နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
၄နှစ်ပြည့် အခမ်းအနားကို ဧပြီလ ၁၇ရက်နေ့တွင် BPLA ၏ စစ်ဒေသအသီးသီး၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း BPLA သတင်းနှင့် ပြန်ကြားရေးက ယနေ့တွင် သတင်း ထုတ်ပြန်သည်။
BPLA သည် အာရက္ခတပ်တော် AA ထံတွင် အခြေခံစစ် ပညာသင်ယူခဲ့ပြီး KNU တပ်မဟာ ၅၊ ညီနောင်သုံးဖွဲ့ ဖြစ်သော MNDAA + TNLA + AA တို့နှင့် အတူ တိုက်ပွဲဝင်လျက်ရှိနေသည်။



ကိုးကန့်တပ်ဖွဲ့များနှင့် 1027 ဒုတိယလှိုင်း စစ်ဆင်ရေး လားရှိုး- အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် မြို့သိမ်းတိုက်ပွဲများ၊ ကချင်ပြည်နယ်မှာလည်း KIA နှင့် ပူးပေါင်းစစ်ဆင်ရေးများကို ပူးပေါင်းဆောင်ရွက်နေသည်။
ထို့အပြင် အညာဒေသနှင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား PDF ပြည်သူ့တပ်များနှင့်အတူ ပူးတွဲ စစ်ဆင်ရေးများ လေ့ကျင့်သင်ကြား တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။