Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူများ/ ဓါတ်ပုံ CJ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ပြည်သူ ၁၂ ဦးထက် မနည်း သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီကျော်မှာ လိပ်ကျကျေးရွာ ရွာလည်က စျေးဆိုင်များကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ယင်းကဲ့သို့ သေဆုံး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

လိပ်ကျကျေးရွာသည် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ်က တည်ရှိပြီး ဧပြီလ ၁၆ရက်နေ့တွင် နေရာ နှစ်နေရာကို စစ်ကောင်စီ လေကြောင်းက နှစ်ကြိမ် ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အဆိုပါ နေ့က စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း အရပ်သားပြည်သူများမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်မရှိဘဲ နေအိမ်အချို့သာ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက ” ဒီဖက်ကို ဗုံးတွေ ကြဲနေတာက နေ့တိုင်းလိုပါပဲ။ မနေ့ကလည်း နှစ်ကြိမ်လာကြဲတယ်။ ဘာမှ ထိခိုက် ဒဏ်ရာ ရတာ မရှိဘူး။ ဒီနံနက်ပိုင်း လာကြဲတော့ ကျွန်တော်တို့ သိသလောက် ၁၂ ယောက် သေတယ်။ ကလေးတွေ များတယ်။ ၁၀ ယောက် ဒဏ်ရာ ရတယ် “ဟု Western News ကိုပြောသည်။

ဒေသခံများ၏ ပြောဆိုချက် အရ အဆိုပါ ဗုံးသည် လိပ်ကျကျေးရွာ ရွာလည်က ဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင်ကို ကျရောက်ပြီး စျေးဝယ်နေသော သူများနှင့်လမ်းသွားလမ်းလာများ သေဆုံး ထိခိုက် ခြင်း ဖြစ်ကြောင်း ပြောသည်။

တော်လှန်ရေးအင်အားစုများ ထိမ်းချုပ်စိုးမိုးထားသော မန္တလေးတိုင်း အထက်ပိုင်းက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနှင့် မိုးကုတ်မြို့နယ်များကို သင်္ကြန်ကာလအတွင်း ဗုံးကြဲမှုကြောင့် သုံးဦးထက်မနည်း သေဆုံးခဲ့သည်။

ထို့အပြင် အဆိုပါ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်မှုကြောင့် ၂၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အိုးအိမ်နှင့် အဆောက်အအုံ အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီ ၂ ရက်နေ့ ကစ၍ ၂၂ ရက်အထိ ပစ်ခတ် ရပ်စဲထားသော်လည်း နိုင်ငံအနှံ လေကြောင်းက နေ ဗုံးကြဲ တိုက်ခိုက်မှုများ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက် လုပ်ဆောင်နေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ