Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အမေရိကန်နိုင်ငံ၏ ကျော့ထောက်နောက်ခံဖြင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်က ချင်းအမျိုးသားတပ်ဦး CNF နှင့် အာရက္ခတပ်တော် AA တို့ကို စစ်ကောင်စီအား တိုက်ခိုက်ရန် စစ်ရေးကူညီဆောင်ရွက်ပေးမည်ဟု အိန္ဒိယသတင်းဌာနတစ်ခုက ထုတ်လွှင့်ထားသည်။

အိန္ဒိယအခြေစိုက် Northeast News သတင်းဌာနက ဧပြီလ ၁၅ ရက်နေ့တွင် အဆိုပါကိစ္စကို ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

ထိုသတင်းကြောင့် မြန်မာတော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကြားတွင် ပြောဆိုမှု များပြားခဲ့ပြီးနောက် အိန္ဒိယအစိုးရကလည်း ချင်းအမျိုးသားတပ်ဦး CNF ကို မေးမြန်းမှုရှိခဲ့သည်ဟု ပြောခွင့်ရ ဆလင်းထက်နီးက ပြောသည်။

ယနေ့ ဧပြီလ ၂၁ ရက်နေ့ CNF/CNA နှင့် CDF-KKG တို့ အွန်းလိုင်းမှပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် CNF ပြောခွင့်ရ ဆလိုင်းထက်နီး က အဆိုပါကစ္စကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“အိန္ဒိယအစိုးရကတောင် မေးလာတဲ့အနေအထားတွေရှိတယ်။ ဒါပေမဲ့ အဲဒီကိစ္စက ကျနော်တို့ CNF အနေနဲ့ တိုက်ရိုက် မပတ်သက်တော့ အဓိကတော့ သတင်းမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အမေရိကနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရဲ့ကိစ္စဖြစ်တယ်” ဟု ပြောသည်။

အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ်က ချင်းအမျိုးသားတပ်ဦးနှင့် အာရက္ခတပ်တော်တို့ကို စစ်ရေး မကူညီနိုင်ကြောင်း ပြော၍မရကြောင်း ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီးက ဆက်လက်ပြောသည်။

“အဲဒါက ဖြစ်နိုင်ပါတယ်လို့ပြောလို့မရသလို၊ မဖြစ်နိုင်ဘူးလို့ အ တက်ပြောလို့လည်း မရပြန်ဘူး။ ဒီကိစ္စက ထဲထဲဝင်ဝင် သူတို့ နှစ်နိုင်ငံ ကိစ္စဖြစ်တဲ့အတွက် ကျနော်အနေနဲ့ တရားဝင်ပြောဆိုလို့မရသလို အဲဒါတွေကို ကျနော်အထက်လူကြီးတွေက အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာတွေ ကျနော့်ကို အကြောင်းကြားတာတွေ အဲဒီလိုမျိုးမရှိသေးတော့ တရားဝင်ပြောဖို့ ခက်နေတဲ့ အနေအထားမှာရှိတယ်။ အဲဒီလောက်ပဲ ဖြေချင်ပါတယ် ” ဟု ဆလိုင်းထက်နီက ပြောသည်။

အာရက္ခတပ်တော် AA ကမူ အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်က စစ်ရေးအရ အကူအညီပေးမယ်ဆိုသည့် သတင်းအပေါ် တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပေ။

အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ရန် စစ်ရေးအရ အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ်တို့က ကူညီမည့်သတင်းကို မြန်မာပြည်သူများနှင့် တော်လှန်ရေးအင်အားစုများက ကြိုဆိုနေကြသည်။

အမေရိကန် ကျော့ထောက်နောက်ခံဖြင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်က အာရက္ခတပ်တော်နှင့် ချင်းအမျိုးသားတပ်ဦးတို့ကို တပ်ရင်း ၃ ခုထက်မနည်း ကူညီမည်ဟုလည်း အိန္ဒိယသတင်းဌာနက ပြောဆိုဆိုခဲ့ခြင်းဖြစ်သည်။

ယခု သတင်းမထွက်မီ မတ်လအတွင်းက အမေရိကန်စစ်တပ်၏ ပစိဖိတ်စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ် ချုပ်ကြီး ဂျိုဝယ်လ်ဗောင်ဝဲလ် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့်တွေ့ဆုံခဲ့ချိန် AA အကြောင်းကို မေးမြန်းမှုများရှိခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ