Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓါတ်ပုံ - SSPP Info

ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခဲ့ခြင်း (၆၁) နှစ်ပြည့် အခမ်းအနားကို ယနေ့ ဧပြီလ (၂၄) ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ (SSPP/SSA) တို့က ဂုဏ်ပြုသဝဏ်လွှာ များပေးပို့ခဲ့ကြသည်။

ယင်းအပြင် ရှမ်းပြည်တပ်မတော် (SSA) တွင် ငွေရတု ရွှေရတု ဆုချီးမြှင့်ရန် ထိုက်တန်သူများအချို့အား ဆုချီးမြှင့်ပေးခဲ့ပြီးနောက် စစ်ကြောင်း (၁၇) ကြောင်း စစ်အင်အား (၃၀၀၀) ဦးကျော်ခန့်က စစ်ရေးပြခဲ့ကြသည်။

ထိုအခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီး စေထင် ဦးဆောင်သည့် ဗဟိုကော်မတီဝင်များ၊ တပ်ဖက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာဌာနများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၇၀၀၀) ဦးကျော် တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်တပ်မတော် (SSA) ကို ဧပြီလ ၊ ၂၄ ရက် ၊ ၁၉၆၄ ခုနှစ်၌ စတင် ထူထောင်ခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ