Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် နိုင်ငံတစ်ဝန်း ပြုလုပ်နေသော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်နှင့် မတရားဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံက ထပ်မံပြောဆိုသည်။

ဧပြီလ ၂၂ ရက်က ကမ္ဘောဒီယားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ၃၇ ကြိမ်မြောက် အမေရိကန်-အာဆီယံ ဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၏ အကြီးတန်းအရာရှိ Sean O’Neill က ပြောဆိုခြင်းဖြစ်သည်။

အမေရိကန်အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ မြန်မာနိုင်ငံ အမှန်တကယ် ဒီမိုကရေစီလမ်း ကြောင်းသို့ လွယ်ကူချောမွေ့စွာ ပြန်လည်ရောက်ရှိရေး အာဆီယံနှင့်အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောသည်။

ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို စစ်တပ်က ချက်ချင်းရပ်တန့်ရန်၊ မတရား ဖမ်းဆီးထားသူများကို လွှတ်ပေးရန်နှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်နေသူ အားလုံးထံသို့ အဟန့်အတားမရှိ ဝင်ရောက်ကူညီခွင့်ပြုရန် စစ်ကောင်စီကို အမေရိကန်က တောင်းဆိုသည်။

မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် အသက် ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြေကွဲကြောင်း အမေရိကန်က ပြောသည်။

ပြန်လည် ထူထောင်ရေးကာလများအတွင်း အမေရိကန်ပြည်ထောင်စုသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုများကို ဆက်လက်ပံ့ပိုးကူညီမည်ဖြစ်ကြောင်း Sean O’Neill က ထုတ်ဖော်ပြောဆိုခဲ့သည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်အာဏာသိမ်းမှုကို ဝေဖန်ရှုတ်ချ ကန့်ကွက်ခြင်းများကိုသာ အစဉ်တစိုက် အမြဲလိုလို လုပ်ဆောင်လျက်ရှိကြောင်းလည်း ဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ