Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Ref: Khaosod English

ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင် အနားယူအပမ်းဖြေမြို့တော်ဟွာဟင်း ကမ်းခြေအနီးမှာ ထိုင်း ရဲတပ်ဖွဲလေယာဉ်ငယ် တစ်စီးသည် စစ်ရေးလေ့ကျင့်မှုတွက် စမ်းသက်ပျံသန်းရာကနေ ယနေ့ ဧပြီလ ၂၅ ရက် နံနက်ပိုင်းမှာ ပျက်ကျသွားခဲ့သည်။

ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး အခြား ရဲမှူးတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံးသို့ ပို့ဆောင်ထားစဉ်အတွင်း သေဆုံးသွားပြီးဟု ထိုင်းနိုင်ငံအတွင်းက သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

အဆိုပါ လေယာဉ်ပျက်ကျမှု အကြောင်းအရင်းကို အသေးစိတ်မသိရသေးဘဲ စုံစမ်းနေဆဲဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

Viking DHC-6 Twin Otter သည် လူကြိုက်များသော ကမ်းခြေအပန်းဖြေမြို့၌ လေထီးလေ့ကျင့်ရေး လေ့ကျင့်ခန်းအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် စမ်းသပ်ပျံသန်းနေစဉ် ကမ်းလွန်ပင်လယ်ပြင်တွင် မီတာ ၁၀၀ ခန့် ဆင်းသက်ခဲ့သည်။

အဆိုပါ လေယာဉ်သည် ပြေးလမ်းမှတက်ပြီးနောက် လေယာဉ်သည် မတည်မငြိမ်ဖြစ်ကာ လေယာဉ်မှူးမှ ထိန်းချုပ်နိုင်ရန် ကြိုးစားသော်လည်း ပင်လယ်အတွင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲ့တပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ